အာလူးခြစ်ကြော် မွမွအိအိလေး |
ငရုတ်ကောင်းနံ့ထောပတ်နံ့သင်းသင်းလေးမို့စားလို့လဲကောင်းပါတယ် ထောပတ်မနှစ်သက်သူတွေ ကတော့ထောပတ်အစားရိုးရိုးဆီနဲ့ကြော်လို့ရပါတယ်။
ကြော်ကြည့်ရအောင်နော်
ပါဝင်ရမှာလေးတွေကတော့
- အနေတော်အာလူး - နှစ်လုံး
- ကြက်သွန်မိတ် - အရွက် လေးရွက်
- ထောပတ် - ထမင်းစာဇွန်း တစ်ဇွန်းခွဲ
- ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိ
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
အာလူးဖြစ်ကြော်ရန်လိုအပ်သောပစ္စည်းများ
အာလူးကိုအခွံခွာပြီး အသီးခြစ်သောဂျစ်လေးနှင့်ခြစ်ပေးပါ ကြက်သွန်မိတ်ကိုအနေတော် ပိုင်းဖြတ်ပေးပြီးလိုအပ်သောအစာများထဲ့ပေးပါ
ဇလုံကျယ်ကျယ်တစ်လုံးထဲမှာအားလုံးကိုရောပြီး အရည်များမထွက်စေရန်ဖွဖွလေးနယ်ပေးပါ
အောက်ခြေမကပ်သောဒယ်အိုးထဲသို့ ထောပတ်အနည်းငယ်ထဲ့ကာ နယ်ထားသောအာလူးခြစ်ကိုလက် ငါးချောင်းနှင့် ဖွဖွလေးယူပြီး ထောပတ်ပျော်လာတာနဲ့ခပ်ထူထူလေးဖြန့်ပြီးနဲ့ထဲ့ပေးပါ တစ်ဖက်ကျက်လျှင် တစ်ဖက်သို့ အသာအယာလှန်ပေးပြီးနောက်တစ်ဖက်ကျက်ပါကဆယ်ပေးပါ အနေတော်အာလူးနှစ်လုံး ကိုအာလူးမွမွကြော်သုံးချပ်ရပါတယ်။
မိုက်တယ်...း-)
ReplyDeleteကျေးဇူးပါ မသက်ဝေ.
Deleteအဲဒါမျိုးလေး Marché မှာစားဖူးတယ်..တော်တော်ကြိုက်တယ်.. အိမ်မှာလည်းလုပ်စားလိုက်ပါဦးမယ်ရှင့်း)
ReplyDeleteစားလို့ကောင်းတယ်နော်
Deleteအစ်မ ကော်မှုန့်မပါဘဲ ကွဲမထွက်ဘူးနော် ..
ReplyDeleteအာလူးကြိုက်လို့ လုပ်စားဦးမယ် .. ^_^
ကော်မှုန့်မထဲ့ရဘူးညီမလေး သူ့ဖာသာသူစီးစီးလေးဖြစ်နေတယ်
Deleteကောင်းလိုက်တာ အမရယ်
ReplyDeleteစင်စင်
ကြော်စားကြည့်နော် ကောင်းတယ်
Deleteကြော်စားကြည့်အုံးမယ်အစ်မ … စာချင်စရာလေး …:)
ReplyDeleteလင်းကြယ်စင်
ကြော်စားကြည့်နော် ကောင်းတယ်
Deleteပူပူလေးဆို အတော်စားကောင်းမှာနော်
ReplyDeleteကြော်ကို စားဦးမယ် မမမာရေ အာလူးကြိုက်တယ်..း)
မိုးစက်ဝိုင်
ဟုတ်တယ် မိုးစက်ဝိုင်ရေ မမာတော့ကြိုက်လွန်းလို့ ဒီနေ့ထပ်ကြော်စားပြနါပြီ
Delete