Saturday 17 August 2013

ကြက်သား အချိုကြော်



အခုတစ်လော အလုပ်များနေလို့ တစ်နေ့တာ ဟင်းလေးတွေ မတင်ဖြစ်တာ ကြာသွားပြန်ပါတယ် ဒီနေ့တော့ ဟင်းအချို စားတဲ့သူတွေအတွက် ကြက်ပေါင်လေးတွေကို အရိုးထွင်ပြီး အသားလေးတွေ အနေတော်လှီးကာ အချိုကြော် ခပ်စီးစီးလေး ကြော်ထားပါတယ်။

ကြက်သားအရသာနယ်ရန်

  • အရိုးထုတ်ပြီးလှီးထားသောကြက်ပေါင် -  နှစ်ချောင်း
  • သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ကော်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း
ကြက်သားကြော်ရန် ဆီလက်ဖက်ရည်ပန်းကန်လုံး တစ်ဝက်သာသာ
  • နှမ်း - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • လေးစိတ်စိတ်ထားသောကြက်သွန်နီ - တစ်ခြမ်း
  • ပါးပါးလှီးထားသောမုံလာဥနီ - အနည်းငယ်
  • အနေတော်လှီးထားသောပန်းဂေါ်ဖီ - အနည်းငယ်
  • ဆီ - ထမင်းစားဇွန်း နှစ်ဇွန်ခွဲ

ပြင်ဆင်ပုံ

  • ပထမဦးဆုံး ကြက်ပေါင်နှစ်ချောင်းကို ရေစင်အောင် ဆေးလိုက်ပါ
  • ရေဆေးပြီးတာနဲ့ အလယ်ရိုးထုတ်ကာ အနေတော်အတုံးလေးတွေ တုံးပေးပါ 
  • အသားလေးတွေခြည်းဘဲ ရတာနဲ့ သကြား ဆားတို့နဲ့နယ်ပေးပြီး ငါးမိနစ်လောက် နှပ်ပေးထားပါ
  • ပြီးမှကော်မှုန့်ကို အခြောက်အတိုင်း ကြက်သားနဲ့လူးပြီး နှစ်မိနစ်လောက် ကြော်ပေးပါ
  • ကြော်ပြီးသော အသားများကို ဆယ်ပြီးဆီစစ်ထားပါ
  • ဒယ်အိုးထဲ ဆီအသစ်ထဲ့ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်သွန်နီကို အရင်ထဲ့ပြီး သုံးလေးချက်လောက် မွှေလိုက်ပါ
  • ပြီးမှမုံလာဥနီနဲ့ ပန်းဂေါ်ဖီကိုထဲ့ပြီး တစ်မိနစ်လောက်ဘဲ ကြော်ပေးပြီးမှ အသားထဲ့ပြီးနှစ်မိလောက်ပြန်ကြော်ပေးပြီး နှမ်းထဲ့မွှေပြီးတာနဲ့ကြက်သား အချိုကြော်လေးရပါပြီ။


2 comments:

  1. ကြက်သားအချိုကြော်လေး စားသွားပါတယ် ..
    ကြက်သားနဲ့ တန်ပူရာကြော်၊ ခရမ်းသီးနှပ်တွေလဲ လုပ်စားပြီးသွားပြီ အစ်မရေ .. ^_^

    ReplyDelete
  2. ခရမ်းခေါင်းသီးနှပ် စပ်စပ်လေးနဲ့အတူ အရိုးထွင်ပြီး ကြက်သားအချိုကြော်လေး အားပေးသွားတယ် မာမာရေ...
    အားလုံးကိုယ်စီမှာ ခေါင်းစဉ်မတူတဲ့ အလုပ်တွေရှုပ်နေကြတာ အသေအချာပဲ :)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete