Saturday 21 September 2013

အာလူးပြုပ်ပြန်ကြော်




ရိုးရိုးလေးသော ဟင်းအမယ်လေးဖြစ်ပေမဲ့ အာလူးရဲ့ အရသာကိုပေါ်စေတဲ့ အာလူးပြုပ်ကြော်ဟင်းလေးပါ
ကြော်စားကြည့်စေချင်ပါတယ် ကလေးတွေ ပိုပြီးနှစ်သက်မဲ့ ဟင်းလေးမို့ပါ ကလေးသဘာဝ အာလူး ကိုကြိုက်ကြတာ များပါတယ် မာမာ့ကလေးတွေရဲ့အကြိုက်မို့ မကြာမကြာချက်ဖြစ်တဲ့ဟင်းကို ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ကြော်ရချက်ရတာလွယ်ပါတယ် အရင်ဆုံးအာလူးကို ရေစင်အောင်ဆေး ရေမြုပ်အောင်ထဲ့ပြီး မိနစ်နှစ် ဆယ်လောက်ပြုပ်ပေးပါ ပြီးရင်အအေးခံပြီးအခွံခွာပေးပါ အခွံခွာထားသော အာလူးများကို နှစ်သက်တဲ့ပုံ စံလေးတွေလှီးပေးပြီးဆီပူပူမှာပြန်ကြော်ပေးထားတာပါ။

ပြုပ်ထားသောအာလူးပြန်ကြော်ရန်အတွက်
ပါဝင်ပစ္စည်းများ

  • ပြုပ်ပြီးအခွံခွာကာ အနေတော်လှီးထားသော အာလူး - 500 g 
  • ဆား - လက်ဖက်ရည်ဇွန်း တဝက်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  • ထောပတ် - ထမင်းစားဇွန်း တဇွန်း
  • ဆီ - လက်ဖက်ရည်ပန်းကန်လုံး တလုံးသာသာ
ပြင်ဆင်ပုံ
  1. အာလူး ဆား ငရုတ်ကောင်းမှုန့် အရသာမှုန့်တို့ကို ဇလုံကျယ်ကျယ်ထဲတွင် သမအောင်မွှေပေးပါ
  2. ထောပတ်နှင့်ဆီကိုရောပြီး မီးအနေတော်နှင့်အပူပေးပါ ဆီပူလာပါက အရသာနယ်ထားသော အာလူးများကို ထဲ့ကြော်ပေးပါ
  3. ကြော်နေစဉ် အထက်အောက် အကျက်ညီစေရန် မကြာမကြာမွှေပေးပါ
  4. အားလုံးရွှေအိုရောင် သန်းလာပါက ဆယ်ပြီးဆီစစ်ပေးထားပါ
  5. ဆီစစ်သွားလျှင် အာလူးပြုပ်ကြော် မွှေးမွှေးလေးကို သုံးဆောင်နိုင်ပါပြီ။

2 comments:

  1. ဟင်းနည်းလေးတွေ သိရတာ ကျေးဇူးပါ အစ်မရေ ..
    ခုလောလောဆယ် အလုပ်တွေ တအားများနေလို့ facebook ကို ခဏပိတ်ထား ပါတယ်နော် .. ^_^

    ReplyDelete
  2. သက်သတ်လွတ်အတွက် အတော်ပဲ မာမာရေ...
    ဒီကနေ့ မာမာ့ထဲက ဟင်းလျာလေးတွေ လိုက်ဖတ်နေမိတယ်..
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete