Sunday 11 August 2013

ပုဇွန်တန်ပူရာကြော်

ပုဇွန်ကြော် မွမွလေး

မာမာဒီနေ့တော့ ပုဇွန်ထုတ်လေးကိုတန်ပူရာမုန့်နှစ်လေးနဲ့လှိမ့်ပြီးကြော်ထားပါတယ် စားလို့တော်တော် ကောင်းပါတယ် ပုဇွန်ကြိုက်ပေမဲ့ဒီကပုဇွန်တွေရဲ့အနံ့ကိုမာမာမကြိုက်ပါဘူး ရေချိုပုဇွန်လိုမမွှေးဘဲ ပုဇွန်နံ့ရတဲ့ရေငံပုဇွန်တွေမို့ ချက်တော့ပြုပ်တော့မယ်ဆိုရင်အလုပ်နဲနဲများပါတယ်။
ရေငံပုဇွန်မို့ပုဇွန်ဆီကရေချိုပုဇွန်လိုမျိုးမမွှေးပါဘူး အနံ့နဲနဲရတဲ့အတွက်ပုဇွန်ကိုအရင်ဆုံးရေစင်အောင် အကောင်လိုက်ဆေးပေးရပါတယ် ပြီးမှအမြှီးချန်ပြီးခေါင်းနဲ့အခွံတွေကိုခွာလိုက်ပါတယ် အခွံတွေခွာပြီးရင်ကြောမှခွဲကာအမဲကြောင်းလေးထုတ်ပေးပါတယ် အမဲကြောင်းထုတ်ပြီးတာနဲ့ပုဇွန်အားလုံး ကိုရေအေးအေးနဲ့လှုပ်ပြီး ဆေးပေးရပါတယ် ရေဆေးပြီးရေကိုစင်အောင်ဇကာထဲကာရေစစ်ပေးရ ပါတယ် ရေစစ်ပြီးမှကြော်ဖို့ပြင်ရပါတယ် ဒါမှရေငံပုဇွန်ကြော်အနံ့ပျောက်မှာဖြစ်ပါတယ်။
ကြော်ဖို့ပြင်တဲ့အခါမှာတော့

  • သန့်စင်အောင်ဆေးကြောကာရေစစ်ထားသောပုဇွန်ထုတ် - ဆယ်ကောင်
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • တန်ပူရာအကြော်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်းသာသာ
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • ဆီ - လက်ဖက်ရည်ပန်းကန် တစ်လုံး
  1. ရေစစ်ထားသောပုဇွန်ကိုဆားအရသာမှုန့်နှင့်ငရုတ်ကောင်းမှုန့်တို့နှင့်ရောပြီးနယ်ပေးပါ
  2. အားလုံးနယ်ပြီးသွားပါကတန်ပူရာမှုန့်အခြောက်ထဲမှာထဲ့ပြီးအမှုန့်များကပ်သွားအောင်လူးပေးပါ
  3. တန်ပူရာမှုန့်များလူးပြီးပါကမီးအနေတော်နှင့်အပူပေးထားသောဆီပူပူမှာကြော်ပါမယ်
  4. တစ်ဖက်အရောင်ပြောင်းသွားလျှင်နောက်တစ်ဖက်သို့လှန်ပေးပြီးနှစ်ဖက်လုံးအရောင်ပြောင်းသွားရင်ရပါပြီ
  5. ပုဇွန်အကွေးငါးအနွေးမို့ကြော်ချိန်နှစ်မိလောက်ဆိုရင်ပုဇွန်တန်ပူရာမှုန့်ကပ်ကြော်မွှေးမွှေးလေးရပါပြီ

4 comments:

  1. အစ်မရေ ထပ်ပြီးအားပေးသွားပြန်ပြီ ..
    ဟိုနေ့က အာလူးခြစ်ကြော်လဲ အဆင်ပြေတယ် .. သားကကြိုက်တယ်..
    နေ့စဉ် ဟင်းချက်ဖို့စဉ်းစားတိုင်း အစ်မတို့ blog တွေထဲ ဝင်ပြီး ကြည့်မှ ချက်တတ်တော့တယ် အစ်မရေ ..
    နေ့တိုင်းလဲ အသားတွေ မစားချင်ဘူးလေ .. ^_^

    ReplyDelete
    Replies
    1. ဟုတ်တယ်နော် အိမ်ကသမီးက အသားဆိုမစားလို့သူ့အတွက်တော့ရှာကြံပြီး အသားမပါတာတစ်မျိုးလုပ်လုပ်ပေးနေရတယ်လေ
      အာလူးခြစ်ကြော်လေး သားကြိုက်တယ်ဆိုလို့ဝမ်းသာပါတယ် ညီမရေ

      Delete
  2. တူးမာဆိုတဲ့ တီတင့်ရဲ့ ညီမလေးနာမည်က တီတင့်ဘ၀မှာ ငယ်ငယ်ထဲကချစ်ခင်ရင်းနှီးခဲ့ပြီးသားမို့
    အခုတော့ တူးမာနှစ်ယောက်ဖြစ်သွားပြီ :)
    တန်ပူရာမှုန့်နည်းနည်းလေးနဲ့ ကြော်တာဆိုတော့ ပုစွန်အရသာလဲမပျက်ပဲ စားကောင်းမယ့်ပုံလေး...
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
    Replies
    1. ဟုတ်ကဲ့ပါ တီတင့်ရေ
      မာမာ့ရဲ့အချစ်ဆုံးသူငယ်ချင်းတွေခေါ်ကြတဲ့နံမည်လေးလေ
      မာမာကလဲ အစ်မတစ်ယောက်ထပ်ပြီးရလို့ပျော်နေမိပါတယ်
      လေးစားခင်မင်လျှက်
      တူးမာ

      Delete