Friday 31 May 2013

ကြက်သားဖက်ထုတ်ကြော်

ကြက်သားဖက်ထုတ်ကြော်


ကြက်သားဖက်ထုပ်ကြော်ဖို့ပြင်ပါမယ်

ဖက်ထုတ်ရွက်တစ်ရွက်ကို ထမင်းစားဇွန်း 
တစ်ဇွန်းမရှိတစ်ရှိထဲ့ပေးပါ

အစာထဲ့ထားသောဖက်ထုတ်ရွက်ကို 
အနားလေးများအားရေစွတ်ပြီး
ခေါက်ပေးကာ ခေါက်ပေးထားတဲ့ 
အနားလေးများကို ခက်ရင်းဖြင့်လိုက်ဖိပေးပါ

ကြော်ရန်အသင့်ဖြစ်သော ကြက်သားအစာသွပ် ဖက်ထုတ်များ

ဆီလက်ဖက်ရည် ပန်းကန်လုံး တစ်လုံးခွဲလောက်ကို 
မီးခပ်ပြင်းပြင်းနှင့်အပူပေးပြီးဆီပူလာပါက
မီးရှိန်နဲနဲထပ်ရှော့ကာ ဖက်ထုတ်လေးများကို 
ထဲ့ကြော်ပေးပါ ရွှေဝါရောင်သန်းလာရင် ဆယ်ပြီး
ဆီစစ်ပေးပါ ဆီစစ်သွားပါက
ကြက်သား ဖက်ထုတ်ကြော်လေးများရပါပြီ။

ကြက်သားဖက်ထုတ်ကြော်လေးပါ အသားတွေချည်းစားရတာ ခံတွင်းမတွေ့လွန်းတာမို့ အသီးအရွက် လေးလဲပါရအောင် မာမာ ဟိုရောဒီရော ဖက်ထုတ်လေးကြော်ထားပါတယ် အခွံမွှေးမွှေးကြွတ်ကြွတ်လေး နဲ့ဆိုတော့စားရတာ အာရုံတစ်မျိုးပြောင်းသွားစေပါတယ်။

ကြက်သွန်ဖြူအချဉ်လေးနဲ့ အရမ်းကိုစားကောင်းတဲ့ ဖက်ထုတ်လေးပါ ငါးနဲ့ကြက်သားကိုဘဲစားကြတဲ့ သူတွေအတွက် ဟင်းချက်ရတာ ရှားပါးပါတယ် နေ့တိုင်းလဲ အသားဓါတ်လေးရအောင် အသားပါအောင် ချက်ရတာမို့ တစ်ခါတစ်ရံ ညီးငွေ့သလိုတော့ဖြစ်မိပါတယ်။

အဲဒီလိုရက်မျိုးဆို မာမာ ဟိုရောဒီရော စားကောင်းအောင်ရှာကြံပြီး ချက်ဖို့ပြင်ရပါတယ် ဒီနေ့လဲ အသားပြောင်တလင်းကြီး မစားချင်တဲ့ သူတွေအတွက် ရောတိရောရာ စားကောင်းစရာဖြစ်အောင် ကြက်သားဖက်ထုတ်လေးလုပ် ပြီးကြော်ပေးထားပါတယ် ဒါကြောင့်မို့လို့ မာမာလုပ်တဲ့နည်းလေး မျှဝေချင်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ




  1. နုတ်နုတ်စင်းထားသောကြက်သား  - 100 g 
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိ
  3. အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်မရှိတစ်ရှိ
  4. ပဲပင်ပေါက် - ဟင်းပြင်ပန်းကန်အသေး တစ်လုံး
  5. အနေတော် လှီးထားသော ကျူဆိုင် - လက်ဖက်ရည်ပန်းကန် တစ်လုံး
  6. ခပ်သေးသေး လှီးထားသော ကြက်သွန်နီ - ဟင်းပြင်ပန်းကန်အသေး တလုံး
  7. ကော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  8. နှမ်းဆီ - ထမင်းစားဇွန်း တစ်ဇွန်း(ဇလုံကျယ်ကျယ် တစ်လုံးထဲမှာအားလုံးကိုရောနယ်ပေးပါ)
  9. ဖက်ထုတ်ရွက် - ၁၅ရွက် 
  10. အစာအားလုံးကို ရောပြီးနယ်ထားပေးပါမယ်

10 comments:

  1. ကြက်သားဖက်ထုပ်တို့၊ ကော်ပြန့်ကြော်တို့ လုပ်မစားရသေးဘူး အစ်မရေ ..
    လုပ်ဖြစ်အောင်ကို လုပ်စားဦးမယ်..
    အစ်မလုပ်ထားတွေကြည့်ရတာ အရမ်း သွားရေကျတယ် .. ^_^

    ReplyDelete
    Replies
    1. စားလို့ကောင်းတယ် လုပ်စားကြည့်နော်

      Delete
  2. ကျေးဇူးပါ လုပ်စားကြည်အုံးမယ်

    ReplyDelete
    Replies
    1. စားလို့ကောင်းတယ် လုပ်စားကြည့်နော်

      Delete
  3. စိတ်ရှည်လက်ရှည်လုပ်ထားတဲ့ ကြက်သားဖက်ထုပ်ကြော်လေး
    အားပေးသွားတယ် မာမာရေ..
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
    Replies
    1. ဟုတ် တီတင့် ကျေးဇူးပါဘဲနော်

      လေးစားခင်မင်လျှက်
      မာမာ

      Delete
  4. ဖက်ထုပ်လေးစားချင်စရာ

    ReplyDelete
  5. ပူပူလေး စားလိုက်ရရင်တော့ ရှယ်ပဲ မမမာရေ..း)
    မိုးစက်ဝိုင်

    ReplyDelete
    Replies
    1. စားနော် မိုးစက်ဝိုင်ရေ

      Delete