Saturday 4 May 2013

Scones

မနက်စောစောစာမုန့်လေးပါ

မာမာ့သမီးလေး ဖုတ်တဲ့မုန့်လေးပါ ကော်ဖီလေးနဲ့ အရမ်းလိုက်သလို နွာနို့လေးနဲ့လဲ လိုက်ဖက်ပါတယ် သူ့ချည်းဘဲလဲ အရမ်းကောင်းပါတယ် မာမာကတော့ သူ့ချည့်ဘဲ ထိုင်စားရတာကို ပိုပြီးနှစ်သက်မိပါတယ်။

စပျစ်သီးခြောက်လေးတွေ ပါတဲ့အတွက် ချိုချိုချဉ်ချဉ် လေးနဲ့စားရတာ တော်တော်လေး ကောင်းပါတယ် ဒီမုန့်လေးက မနက်စောစော လက်ဖက်ရည်လေးနဲ့လဲ သုံးဆောင်နိုင်တဲ့ မုန့်လေးပါ။

မာမာ့သမီးလေးက အပြင်ကမုန့်တွေ သိပ်စားလေ့မရှိပါဘူး စားရင်လဲ တို့ကနန်း စိတ်ကနန်းလောက် ဘဲစားတာမို့ သူစားချင်တာလေးတွေကို သူ့ဘာသာသူ လုပ်စားလေ့ရှိပါတယ်။ သူစိတ်ပါလက်ပါ ဖုတ်တတ်တဲ့ မုန့်လေးတွေမို့ အမေလုပ်သူက တန်ဖိုးထားပြီး စားပါတယ်။

မနက်စောစော ကော်ဖီလေးနဲ့လဲ သောက်ပါတယ် သူလုပ်ပေးတဲ့ မုန့်လေးတွေက မာမာ့အတွက် သိပ်တန်ဖိုးရှိပြီး အရသာ အရမ်းရှိတဲ့ နတ်သုဒ္ဒါလေးတွေပါ။

သူစေတနာပါပါနဲ့ ဖုတ်ထားတဲ့ မုန့်လေးတွေမှာ ဘာတွေထဲ့ပြီး ဘယ်လိုဖုတ်ထားလဲ ကြည့်ကြရအောင်နော်

ပါဝင်ရမှာလေးတွေက
  • 2 cups - white self-raising flour (or)
  •  2 cups - self-raising flour
  • 20 g - better
  • 1 tbs - castor sugar
  • 190 ml - milk
  • 1 cup - sultanas
  • 1 - egg
  • 1 tsp - salt
ပြင်ဆင်ပုံ



အထက်မှာ ရေးထားတဲ့ ပစ္စည်းတွေကို 
ဇလုံကျယ်ကျယ် တစ်လုံးထဲကိုထဲ့ပြီး မုန့်ဖုတ်ဖို့ ပြင်ပေးပါ

မုန့်ဖုတ်ရန်လိုအပ်တဲ့ နွားနို့

ဂျုံမှုန့်နှင့်ထောပတ်ကို အရင်ဆုံး သမအောင် နယ်ပေးပါ 
ပြီးလျှင်သကြား ဆားနှင့်စပျစ်သီးတို့ကိုသမအောင် နယ်ပေးပါ
ပြီးမှ ကြက်ဥနှင့်နွားနို့တို့ကိုထဲ့ပြီး တဖြေးဖြေးချင်း နယ်ပေးပါ

ခပ်ဖွဖွလေးဘဲနယ်ပေးပြီး အကြာကြီးနယ်ပေးရန်မလိုပါ 
သုံးမိနစ်လောက် နယ်ပေးပြီး အပေါ်က ပုံစံလောက်ရရင် ရပါပြီ

ဂျုံမှုန့်ဖြူးထားသောမျက်နှာပြင်ညီတဲ့စားပွဲပေါ်သို့ 
ဂျုံးလုံးကိုတင်၍ နှစ်စင်တီမီတာလောက် အထူရအောင်
 လက်ဝါးနှင့် ဖိပြီးပြားပေးပါ ပြီးမှနှစ်လက်မအရွယ်
အဝိုင်းပေါက်ပါသော အရာတစ်ခုခုနှင့်ဂျုံပြားကိုဖိပြီး ဖြတ်ပေးပါ

အားလုံးဖြတ်ပြီးပါက မုန့်ဖုတ်မည့်ဗန်းထဲတွင် 
baking paper ခံပြီးတင်ပေးပါ အားလုံးတင်ပြီးသွားပါက 
မုန့်သားများပေါ်သို့ နွားနို့နဲနဲစီလိုက်သုတ်ပေးပြီးပါက 
မုန့်ဖုတ်ရန် အဆင်သင့် ဖြစ်ပါပြီ

မုန့်စတင်ပြင်ဆင်ချိန်ထဲက မီးအား230 ဒီကရီနှင့် 
အပူပေးပြီး ဖွင့်ထားသော ovenထဲတွင်ထဲ့ပြီး 
ဆယ့်ငါးမိနစ်မှ မိနစ်နှစ်ဆယ် အချိန်အတွင်း ဖုတ်ပေးပါ 
အပြင်သားများ အညိုရောင်ရလာပြီး အတွင်းသား 
ပွပွလေးနှင့်စားလို့ကောင်းသော မုန့်လေးများရပါပြီ

မုန့်သားကျက်သွားပါက မုန့်ကိုထက်ခြမ်း ခြမ်းပေးကာ
 ကြိုက်နှစ်သက်ရာ အရသာလေးများ သုတ်ပေးပါ

စားလို့အရမ်းကောင်းတဲ့ မုန့်လေးတွေ ရပါပြီ

6 comments:

  1. အရမ်းတော်၊ အရမ်းလိမ္မာတဲ့ သမီးကလေး လုပ်တဲ့ မုန့်ကလေးကို
    အားပေးသွားပါတယ် အစ်မရေ ....
    အစ်မက အရမ်းကို ကံကောင်းပါတယ် .... ^_^

    ReplyDelete
    Replies
    1. ကျေးဇူးပါ ညီမလေးရေ...

      Delete
  2. မုန့်လေးက လုပ်ရတာလည်းလွယ်တယ် နော် အမ သမီးလေးက တော်လိုက်တာ...စမ်းလုပ်ကြည့်ဦးမယ်

    ReplyDelete
    Replies
    1. မိုးငွေ့ရေ
      လုပ်ရတာလွယ်ပေမဲ့စားလို့တော့အရမ်းကောင်းတယ် လုပ်စားကြည့်နော်

      Delete
  3. တော်လိုက်တဲ့ သမီးလေးနော်..
    မမမာ အရမ်းကံကောင်းတယ် .
    အားပေးသွားပါတယ် အမရေ ..း)
    မိုးစက်ဝိုင်

    ReplyDelete
    Replies
    1. ကျေးဇူးပါ မိုးစက်ဝိုင်ရေ..

      Delete