Friday 26 August 2022

ပဲလိပ်ကြော်

 





ဝါတွင်းကာလလေးမှာ သတ်သတ်လွတ်လေးတွေ စားဖို့အတွက် ဒီနေ့တော့ ပဲလိပ်ချောင်းလေးတွေကို ရေစိမ်ပြီး သတ်သတ်လွတ် ဟင်းလေးတစ်မယ်အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ပဲလိပ်ချောင်း - ဆယ်ချောင်းခန့်
  2. ကြွက်နားရွက်မှို - ဆယ်ခု
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  4. ပဲငံပြာရည်အပျစ် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  5. ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  7. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
ပြင်ဆင်ချက်ပြုပ်ပုံ
  • ပဲလိပ်ချောင်းများကို ရေမြုပ်အောင်ထည့်ပြီး လေးနာရီလောက် စိမ်ထားပါ
  • ​ပဲလိပ်များ ရေဝလာပါက ခပ်ပါးပါးလေးတွေ ညှပ်ထားပါ
  • ကြွက်နားရွက်မှိုကိုလဲ ရေမြုပ်အောင်ထည့်ပြီး လေးနာရီလောပ် စိမ်ထားပါ
  • ကြွက်နားရွက်မှိုများ ပျော့လာပါက ရေစင်အောင်ဆေးပြီး ခပ်ပါးပါးလေးဆွေ ညှပ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
  • အိုးထဲမှာ ဆီထည့်ပြီး အပူပေးကာ ဆီပူလာတာနဲ့ ကြက်သွန်ဖြူကို ထည့်ကြော်ပေးပါ
  • ကြက်သွန်ဖြူများ နွမ်းလာပါ  ပဲလိပ်နှင့်ကြွက်နားရွက်မှိုတို့ကို ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ ပဲငံပြာရည်အကြည်နှင့် ပဲငံပြာရည် အနောက်တို့ ထည့်မွှေပေးပါ
  • အရသာ သမလောက်တာနဲ့ ပဲလိပ်များကို ရေမြုပ်အောင်ထည့်ပြီး အဖုံးအုပ်ကာ တည်ပေးပါ
  • အိုးထဲမှ ရေများ ခမ်းလာတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • ပြီးတာနဲ့ ပဲပြား ကြွက်နားရွက်မှိုကြော် စိမ့်စိမ့်လေးကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment