Thursday 24 March 2022

ကြက်ဥကြော်






မာမာဒီနေ့တော့ ကြက်ဥနဲ့ အသီးအရွက် လေးတွေကို ကြော်စားဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ဖြစ်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကြက်ဥ - နှစ်လုံး
  2. မုံလာဥနီ - အနေတော် တစ်ဥ
  3. ‌‌‌ဂေါ်ဖီ - အနေတော် တစ်စိတ်
  4. အကြော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  5. ကြက်သွန်နီ - အနေတော် တစ်လုံး
  6. ကြက်သွန်မိတ် - သုံးပင်
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  10. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  11. မကပ်သောဒယ်အိုး - တစ်အိုး
ပြင်ဆင်ပုံ
  • ဂေါ်ဖီကို ရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါးလေးတွေ လှီးထားပါ
  • မုံလာဥနီကို အခွံခွာပြီး ခြစ်နှင့်ခြစ်ထားပါ
  • ဇလုံတစ်လုံးထဲမှာ ကြက်ဥများကို ဖောက်ထည့်ပေးပြီး ပါဝင်ပစ္စည်းများ နှင့်အတူ ဆား အရသာမှုန့်တို့ကိုထည့်ကာ  အရသာ သမအောင် ခလောက်ပေးပါ
  • အားလုံး အဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲကို ဆီထမင်းစားဇွန်း ငါးဇွန်းထည့်ကာ အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်ဥတို့ကို အထက်အောက် သမအောင် မွှေပြီး ဆီအိုးထဲမှာ ဖြန့်ပြီး ထည့်ပေးပါ
  • ပြီးတာတဲ့ မီးကိုအနေတော် လျှော့ပေးပြီး အိုးကို အဖုံးအုပ်ပေးပါ
  • တစ်မိနစ်ခွဲလောက် ရတာနဲ့  ကြက်ဥကြော်ကို အထက်အောက် အချပ်လိုက်လေး ရလာအောင် လှန်ပေးပါ
  • ပြီးတာနဲ့ အိုးအဖုံးကို ပြန်ဖုံးပေးပြီး နောက်ထပ် တစ်မိနစ်ခွဲလောက် ထပ်ကြော်ပေးကာ ဆယ်ပေးပါ
  • ကြော်ပြီးတာနဲ့ စိမ့်စိမ့်လေးနဲ့ အရသာရှိသော ကြက်ဥကြော်ကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment