Friday 18 March 2022

ဆိတ်သားကင်

 


ဒီနေ့တော့ honey bbq အနှစ်လေး အရသာသွင်းကာ ဆိတ်သားလေး ကင်ဖြစ်တဲ့အတွက် ထမင်းကတော့ စားလို့ မြိန်ခဲ့ပြန်ပါတယ်။

 အရသာကမွှေးပြီး စပ်စပ်လေးမို့လို့ honey bbq အရသာ ရယ်ဒီမိတ် ပုလင်းလေး ရခဲ့ရင်တော့ ဆိတ်သားကင်လေးကို ကင်စားကြည့်စေချင်ပါတယ်ရှင် ကင်တဲ့အခါ အသားများတူးပြီး မကပ်သွားစေရန် baking paper ကိုသုံးပြီး ကင်ထားပါတယ်။


ပါ၀င်ပစ္စည်းများ

  1. ဆိတ်သား  - 350 g
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. Honey bbq အနှစ် - ထမင်းစားဇွန်း ၃ဇွန်း
  4. သံပုရာရည် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  5. ထောပါတ် - ထမင်းစားဇွန်း နှစ်ဇွန်း
  6. အကင်အိုး သို့မဟုတ် အောက်ခြေထူသော - ဒယ်အိုး
  7. Baking paper - လိုသလောက်


ပြင်ဆင်ပုံ

  • ဆိတ်သားကို ရေဆေးပြီး ရေစစ်ထားပါ
  • ရေစစ်ထားသော ဆိတ်သားကို  ဆား honey bbq အနှစ်တို့နှင့်ရောနယ်ကာ ရေခဲသေတ္တာ မခဲတဲ့ အကနံထဲမှာ အနည်းဆုံး ၅နာရီလောက် နှပ်ထားပေးပါ
  • ဘာဘီကျူး အကင်အိုးနှင့် ကင်ပါက အကင်အိုးကို အပူပေးပြီး ဆီအနည်းငယ်သုပ်ပေးပါ
  • အကင်အိုး မရှိပါက အောက်ခြေထူပြီး မကပ်သော အိုးတစ်လုံးကို အသုံးပြုပြီး ကင်ပေးပါ
  • မာမာကတော့ ဆေးရတာလွယ်ကူတဲ့ အောက်ခြေထူသော ဒယ်အိုးကိုသုံးပြီး ကင်ထားပါတယ်
  • ဒယ်အိုးပေါ်မှာ baking paper ကို ဖြန့်ခင်းပေးပြီး အိုးကို low heat နှင့်  အပူပေးပါ
  • အပူပေးထားသော ဒယ်အိုးထဲမှာ Baking paper ဖြန့်ခင်းပြီး ထောပါတ်ခဲကိုထည့်ပြီး အပူပေးပါ
  • ထောပါတ်ခဲ ပူလာတာနဲ့ အရသာနယ်ပြီး နှပ်ထားသော ဆိတ်သားကို အကင်အိုးထဲထည့်ပြီး ကင်ပေးပါ
  • ကင်နေစဉ် အကျက်ညီစေရန် အိုးအဖုံးကို ဖုံးထားပေးပါ
  • ဆိတ်သားကင် တစ်ဖက်ကို လေးမိနစ်လောပ် အပူပေးပြီး ဆိတ်သား အပေါ်ယံကို အိုးထဲမှ ထောပါတ်ဆီအနည်းငယ် သုတ်ပေးကာ တစ်ဖက်ကို လှည့်ပေးပြီး ကင်ပေးပါ
  • နောက်တစ်ဖက်ကိုလဲ လေးမိနစ်လောက် ကင်ပေးပြီးရင် ပျားရည်နံ့လေး သင်းနေသော ဆိတ်သားကင် မွှေးမွှေးလေး ရပါပြီ။

No comments:

Post a Comment