Tuesday 22 March 2022

ကြက်ဥမှိုကြော်

 



မာမာဒီနေ့တော့ ကြက်ဥ့ oyster mushroom လေးတွေကို ကြော်စားဖြစ်တဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ဖြစ်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. Oyster mushroom - အလုံးကြီးကြီး သုံးခု
  2. ကြက်ဥ - လေးလုံး
  3. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  5. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  7. မကပ်သောဒယ်အိုး - တစ်အိုး
ပြင်ဆင်ပုံ
  • မှိုမှ မလိုတာတွေကို ဖယ်ပေးပါ
  • မှိုကို အလုံးလိုက်ရေဆေးပြီး ထက်ဝက်ခြမ်းကာ မထူမပါး အနေတော်လေးလေးတွေ လှီးပေးပါ
  • ဇလုံတစ်လုံးထဲမှာ ကြက်ဥများကို ဖောက်ထည့်ပေးပြီး ဆား အရသာမှုန့်နှင့် နနွင်းမှုန့်တို့ကိုထည့်ကာ အရသာ သမအောင် ခလောက်ပေးပါ
  • ပြီးတာနဲ့ လှီးထားသော မှိုများကို ထည့်မွှေပေးပါ
  • အားလုံး အဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲကို ဆီထမင်းစားဇွန်း ငါးဇွန်းထည့်ကာ အပူပေးပါ
  • ဆီပူလာတာနဲ့ ကြက်ဥနှင့် မှိုများကို အထက်အောက် သမအောင် မွှေပြီး ဆီအိုးထဲမှာ ဖြန့်ပြီး ထည့်ပေးပါ
  • ပြီးတာတဲ့ မီးကိုအနေတော် လျှော့ပေးပြီး အိုးကို အဖုံးအုပ်ပေးပါ
  • တစ်မိနစ်ခွဲလောက် ရတာနဲ့  ကြက်ဥကြော်ကို အထက်အောက် အချပ်လိုက်လေး ရလာအောင် လှန်ပေးပါ
  • ပြီးတာနဲ့ အိုးအဖုံးကို ပြန်ဖုံးပေးပြီး နောက်ထပ် တစ်မိနစ်ခွဲလောက် ထပ်ကြော်ပေးကာ ဆယ်ပေးပါ
  • ကြော်ပြီးတာနဲ့ စိမ့်စိမ့်လေးနဲ့ အရသာရှိသော မှို ကြက်ဥကြော်ကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment