ဒီနေ့တော့ အောင်ဗလမုန့်လေး လုပ်စားဖြစ်ပါတယ် တစ်ချို့က အောင်ဗလမုန့်နဲ့ အောင်ဗလကြော်ကို အတူတူဘဲလို့ ထင်တတ်ကြပါတယ် အောင်ဗလမုန့်က ကြက်စားဥနဲ့ မုန့်ရည်ဖောက်ပြီးမှ မုန့်တစ်မျိုး။
စားလို့ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ မုန့် လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ဆန်မှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
- ကောက်ညှင်းမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဝက်
- ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးခွဲ
- ကြက်ဥ - နှစ်လုံး
- ဆိုဒါ - လက်ဖက်ရည်ဇွန်း တစ်ဝက်
- သကြား - ထမင်းစားဇွန်း ၇ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ထောပါတ် - လိုသလောက်သုံးပေးပါ
- nan stick pan - အိုးအသေး တစ်လုံး
ပြင်ဆင်ပုံ
- ဇလုံတစ်လုံထဲမှာ ဆန်မှုန့် ကောက်ညှင်းမှုန့် ဆား သကြား ဆိုဒါတို့ထည့်ပြီး သမအောင် မွှေပေးပါ
- ပြီးတာနဲ့ ရေထည့်ပြီး မွှေတံဖြင့် အားလုံးကျေသွားပြီး သမသွားအောင် ဖျော်ပေးပါ
- အမှုန့်များ ကျေသွားတာနဲ့ ကြက်ဥကို ဖောက်ထည့်ပြီး မွှေပေးပါ
- အားလုံး အရသာ သမသွားတာနဲ့ အဖုံးအုပ်ပြီး ရေခဲသေတ္တာ မခဲတဲ့ အကန့်ထဲမှာ ငါးနာရီလောက် ထားပေးပါ
- မုန့်ရည်နှပ်ထားတာ ရပြီဆိုတာနဲ့ အပြင်ကို ထုတ်ပေးပြီး မုန့်လုပ်ဖို့ ပြင်ဆင်ပါ
- ဒယ်အိုးထဲမှာ ထောပါတ်ခဲ ထမင်းစားဇွန်း တစ်ဇွန်းစာထည့်ပြီး ပျော်သွားအောင် မီးအနေတော်နှင့် အပူပေးပါ
- ထောပါတ်ခဲ ပျော်သွားတာနဲ့ မုန့်ရည်ကို ယောက်ချိုဇွန်းနှင့် မွှေပြီးမှ တစ်ဇွန်းစာ ခပ်ပြီး အိုးထဲကို ထည့်ပေးပါ
- ပြီးတာနဲ့ အဖုံးအုပ်ပြီး နှစ်မိနစ်လောက် ထားပေးပါ
- နှစ်မိနစ် ပြည့်တာနဲ့ အဖုံးဖွင့်ပြီး နောက်တစ်ဖက်ကို လှန်ပေးပါ
- ရွှေညိုရောင်လေး သန်းလာတာနဲ့ ဆယ်ပြီးပေးပါ
- အထက်ပါ နည်းအတိုင်း မုန့်ရည်ကုန်တဲ့အထိ လုပ်ပေးပါ
- မုန့်အားလုံး လုပ်ပေးပြီးတာနဲ့ အောင်ဗလမုန့် စိမ့်စိ မ့်လေးကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။
No comments:
Post a Comment