ဟင်းချက်ရတာ ပျင်းတဲ့နေ့တွေဆိုရင် အခုလို ဟင်းတစ်မယ်ထဲနဲ့ အရသာ အစုံပါတဲ့ ဟင်းမျိုးလေးတွေကို ချက်တတ်ပါတယ် တစ်မယ်ထဲနဲ့ အရသာ မျိုးစုံ ပါတဲ့အတွက် ထမင်းပူပူလေးနဲ့သာ စားလိုက်ရရင်တော့ တခြားဟင်းတွေ မပါရင်တောင် ပြည့်စုံစေတဲ့ ဟင်းဖြစ်တာကြောင့် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ကြက်ရင်ပုံသား - 150 g
- မုံလာဥနီ - အနေတော် တစ်ဥ
- ကြက်သွန်နီ - အနေတော် တစ်လုံး
- ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
- ကြက်သွန်မိတ် - မိမိနှစ်သက်သလောက်
- ဆား - လက်ဖက်ရည်ဇွန်း သုံးပုံနှစ်ပုံ
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ပဲငံပြာရည်အပျစ် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
- ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
- သကြား - ထမင်းစားဇွန်း တစ်ဇွန်း
- နှမ်းဆီ - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး သုံးဗူး (ကြက်သားကြော်ရန်)
- ဆီ - ထမင်းစားဇွန်း ရှစ်ဇွန်း (အစိမ်းကြော် ကြော်ရန်)
- ပြောင်းကော်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်း (ကြက်သားနယ်ရန်)
- ရေ - ထမင်းစားဇွန်း လေးဇွန်း
အစိမ်းကြော် အရသာထည့်ရန်
- ပဲငံပြာရည်အကြည်
- နနွင်းမှုန့်
- အရသာမှုန့်
- သကြား
- ပဲငံပြာရည် အပျစ်
- ဆား
- နှမ်းဆီနှင့် ရေတို့ကို ဇလုံတစ်လုံးထဲမှာထည့်ပြီး ဖျော်ထားပါ
ပြင်ဆင်ပုံ
- ကြက်သားကို အတုံးလိုက် ရေဆေးပြီး ခပ်သေးသေး အတုံးလေးတွေလှီးကာ ရေစစ်ထားပါ
- ရေစစ်သွားတာနဲ့ ပြောင်းကော်မှုန့်နဲ့ နယ်ပေးပါ
- မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ မိမိနှစ်သက်သလို လှီးထားပါ
- ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ အကွင်းလိုက် လှီးထားပါ
- ကြက်သွန်မိတ်ကို ရေဆေးပြီး လက်နှစ်ဆစ်စာလောက်လေးတွေ လှီးထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
- ဒယ်အိုးတစ်လုံးထဲမှာ ဆီထည့်ပေးကာ အပူပေးပါ
- ဆီပူလာတာနဲ့ ပြောင်းကော်မှုန့် နယ်ထားသော ကြက်သားကို အိုးဆန့်သလောက် တစ်တုံးချင်း ထည့်ကြော်ပေးပါ
- ကြက်သားတုံးလေးတွေ ရွှေဝါရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ထားပါ
- ကြက်သားအားလုံး ကြော်ပြီးတာနဲ့ အစိမ်းကြော်ကြော်ဖို့ ပြင်ဆင်ပေးပါ
- ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ ကြက်သွန်ဖြူကို ထည့်ကြော်ပါ
- ကြက်သွန်နံ့လေး သင်းလာတာနဲ့ မုံလာဥနီနှင့် ကြက်သွန်နီကို ထည့်မွှေပေးပါ
- မုံလာဥနီနှင့် ကြက်သွန်နီ အနည်းငယ် နွမ်းလာတာနဲ့ ကြော်ထားသော ကြက်သားများ ထည့်မွှေပေးပါ
- ပြီးတာနဲ့ အရသာ စပ်ထားသော အရည်ကို လောင်းထည့်ပြီး မွှေပေးပါ
- မိမိနှစ်သက်တဲ့ အရသာ ရလာအောင် ပြင်ပေးပြီးတာနဲ့ ကြက်သွန်မိတ် ထည့်မွှေပေးပါ
- ကြက်သွန်မိတ် ထည့်မွှေပြီးတာနဲ့ ကြက်သားအချိုကြော် ချိုစိမ့်စိမ့်လေးကို ထမင်းပူပူ ဟင်းပူပူလေး တွဲဖက်ပြီး စားသုံရန် ပြင်ပေးနိူင်ပါ။
- ။
No comments:
Post a Comment