
ဒီနေ့တော့ မာမာ အိုးလေး ဘိန်းမုန့်လုပ်ပါတယ် ရာသီဥတု အေးချိန်လေးမှာ ချက်ခြင်းလုပ်တဲ့ ပူပူနွေးနွေး မုန့်လေးတွေဘဲ စားချင်နေတာမို့ တနေ့တမျိုး မရိုးရအောင်ကို လုပ်စားနေမိပါတော့တယ်။
မြန်မာပြည်ကိုလဲ အလွမ်းပြေစေ အရသာရှိတဲ့ မုန့်လေးလဲ စားရလေအောင် မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ဆန်မှုန့် - 1 cup
- နွားနို့ - 3/4 cup
- အုန်းနို့ - 3/4 cup
- ဆား - လက်ဖက်ရည်ဇွန်း ၃ပုံတစ်ပုံ
- ဆိုဒါ - လက်ဖက်ရည်ဇွန်း တစ်ဝက်
- နှမ်း - အနည်းငယ်
- ထက်ခြမ်းခြမ်းထားသော မြေပဲအစိမ်း - အနည်းငယ်
- အုန်းသီးစိတ် - အနည်းငယ်
- ဘိန်းစေ့ - အနည်းငယ်ေ
- ထောပတ် - ထမင်းစားဇွန်း ၅ဇွန်းခန့်
- ကြက်ဥ - တစ်လုံး
- သကြား - ထမင်းစားဇွန်း ၂ဇွန်း အချိုကြိုက်လျှင် ၃ဇွန်းထည့်ပါ
- မကပ်သောဒယ်အိုး - အသေးတစ်လုံး
ပြင်ဆင်ပုံ
- ဆန်မှုန့် နွားနို့ အုန်းနို့ ဆိုဒါ ဆားတို့ကို ရောမွှေပြီး တနာရီလောက် ဖောက်ထားပေးပါ
- မုန့်ဖောက်ပြီးတာနဲ့ ကြက်ဥနှင့် သကြားကို ရောမွှေပြီး မုန့်နှစ်ထဲ ရောခလောက်ပေးပါ
- နှမ်း မြေပဲ အုန်းသီး ဘိန်းစေ့ ထောပတ်တို့ကို အဆင်သင့် ပြင်ပေးပါ
- ဒယ်အိုးကို အပူပေးပါ အိုးပူလာတာနဲ့ မီးကို နံပါတ်၂လောက်သို့ လျှော့လိုက်ပြီး ထောပတ်ကို ထည့်ပါ
- ထောပါတ်ပူလာတာနဲ့ မုန့်နှစ်ရည်ကို ယောက်ချိုဇွန်း တဇွန်းစာ ခပ်ထည့်ကာ အဖုံးအုပ်ပေးပါ
- မုန့်သားပွတက်လာတာနဲ့ နှမ်း မြေပဲ အုန်းသီးစိတ် ဘိန့်စေ့ဖြူးပြီး အဖုံးပြန်အုပ်ပေးပါ
- မုန့်သားအရောင် ကြည်လာတာနဲ့ မုန့်အပေါ်ကို ထောပတ်အနည်းငယ် သုပ်ပြီး တဖက်ကို လှန်ကာ အဖုံးပြန် အုပ်ပေးထားပါ
- မိနစ်ဝက်လောက် ပြည့်တာနဲ့ ဘိန်းမုန့် မွှေးမွှေးစိမ့်စိမ့်လေး ရပါပြီ
- ကျန်မုန့်နှစ်များကို မုန့်နှစ်ကုန်တဲ့အထိ အထက်ပါ နည်းအတိုင်း ဆက်လုပ်ပေးပါ
- မုန့်လေးခုစာ ရပါလိမ့်မယ် မုန့်များအားလုံး လုပ်ပြီးပြီဆိုရင်တော့ အချိုပွဲအတွက် ဘိန်းမုန့်မွှေးမွှေးလေးကို ပြင်ပေးနိုင်ပါပြီ။
No comments:
Post a Comment