![]() |
ပြည်ကြီးငါး အချိုချက် |
ဆီသတ်ပြီးမှ ချက်ထားတာလေးမို့ ငါးအနံ့ပိုပြီး ပျောက်စေတာတော့အမှန်ပါ ချက်စားကြည့်စေချင်ပါတယ်။
ပါဝင်တာလေးတွေက
- သန့်စင်ပြီး အနေတော်ပိုင်းဖြတ်ထားကာ မွှန်းထားသောပြည်ကြီးငါး - 300g
- မညက်တစ်ညက် ထောင်းထားသော ကြက်သွန်နီ - အနေတော် တလုံး
- မညက်တစ်ညက် ထောင်းထားသော ကြက်သွန်ဖြူ - သုံးမွှာ
- ညက်နေအောင် ထောင်းထားသောချင်း - လက်တဆစ်ခန့်
- ဆီ - ထမင်းစားဇွန်း လေးဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
- ပဲငံပြာရည် - ထမင်းစားဇွန်း တဇွန်း
- ငံပြာရည် - ထမင်းစားဇွန်း တဝက်
ငါးအရသာနယ်ရန်
- ဆား - လက်ဖက်ရည်ဇွန်း တဝက်
- အရသာမှုန့် လက်ဖက်ရည်ဇွန်း တဝက်သာသာ
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်းတဝက်
ဟင်းချက်ရန်
- ဆီကိုအရင်ဆုံးအပူပေးပြီးဆီပူလာတာနဲ့နနွင်းမှုန့်ထဲ့ပေးပါ
- ကြက်သွန်နီ ကြက်သွန်ဖြူ ချင်းတို့ကိုထဲ့ပြီးမွှေးလာတဲ့ထိဆီသတ်ပေးပါ
- အရသာနယ်ထားသောပြည်ကြီးငါးကိုထဲ့ပြီးဆီသတ်ပေးပါ
- ဆီသတ်ပြီးတာနဲ့ငံပြာရည် နှင့်အရသာမှုန့်တို့ကိုထဲ့ပြီးငါးမှထွက်လာသောရေခမ်းတဲ့ထိတည်ပေးပါ
- ရေခမ်းကာနီးတာနဲ့ပဲငံပြာရည်ထဲ့ပြီးမွှေပေးပါ
- ဆီပြန်တာနဲ့ပြည်ကြီးငါးဆီပြန်မွှေးမွှေးလေးရပါပြီ