Monday 8 July 2013

သပွတ်သီးကြော်ချက် ချိုချိုမွှေး

သပွတ်သီးကြော်ချက်

အိမ်မှာစိုက်ထားတဲ့အပင်ကသီးတဲ့သပွတ်သီးလေးပါ ခဝဲသီးထက်တောင်စားလို့ကောင်းပါတယ် သူကအခွံမကြမ်းပါဘူး ခဝဲသီးကအခွံကြမ်းပါတယ် သပွတ်သီးရဲ့အခွံကနူးညံ့လွန်းပါတယ် ချိုတာလဲ ခဝဲသီးထက်ပိုပြီးချိုပါတယ် အပင်ကနေ လတ်လတ်ဆတ်ဆတ်လေး ခူးပြီးချက်ထားလို့ ပိုပြီးတောင်ချိုလို့နေ ပါသေးတယ် တစ်လုံးထဲ ချက်တာမို့ နဲတော့နဲနေပါတယ် ချက်နည်လေးကတော့ ခဝဲသီးကြော်ချက် ချက်သလိုလေးဘဲ ချက်ထားပါတယ်။

အိမ်မှာစိုက်ထားတဲ့ သပွတ်ပင်ကအပွင့်လေးပါ             c

သပွတ်သီး


သပွတ်သီးကိုအမှီးဖြတ်ခေါင်းဖြတ်ပြီး ထက်ခြမ်းခွဲကာ
ခပ်စောင်းစေင်းလေးတွေလှီးပေးပါ
ကြော်ချက်ချက်ဖို့ပြင်ပါမယ်

  • ခပ်စောင်းစောင်းလှီးထားသော သပွတ်သီး -တလုံး
  • ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - သုံးမွှာ
  • ဆီ - ထမင်းစားဇွန်း တစ်ဇွန်းသာသာ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း ငါးပုံတပုံ
  • ပုဇွန်ခြောက် - ဆယ်ကောင်
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
ကြော်ဖို့ပြင်ပါမယ်
  • အိုးတလုံးထဲ ဆီထည့်ပါ ဆီပူလာရင် နနွင်းမှုန့်အရင်ထဲ့ပါ
  • ကြက်သွန်ဖြူ ထဲ့ပြီးမွှေးသွားအောင်ကြော်ပေးပါ
  • ကြက်သွန်ဖြူ နွကမ်းသွားပါက သပွတ်သီး ပုဇွန်ခြောက် ဆားနှင့်အရသာမှုန့်တို့ကိုထဲ့ကြော်ပေးပါ
  • သပွတ်သီး နဲနဲနွမ်းသွားပါကရေ အနည်းငယ် ထဲ့ပြီးချက်ပေးပါ
  • ရေခမ်းသွားရင် သပွတ်သီးကြော်ချက်လေးရပါပြီ။

5 comments:

  1. တစ်ခါမှ မစားဘူးတဲ့ သပွတ်သီး ကြော်ချက်လေး
    စားသွားပါတယ်နော် .. ^_^

    ReplyDelete
  2. ထူးထူးဆန်းဆန်းပဲ မာမာရေ... တီတင့်လည်း ဒီအသက်အရွယ်အထိ
    တစ်ကြိမ်တစ်ခါမှ မစားဖူးသေးဘူး... ခ၀ဲသီးထက်တောင်ချိုတယ်ဆိုလို့ စိတ်ဝင်စားသွားပြီ။
    လွတ်သွားတဲ့ ချက်နည်းပညာလေးတွေဖတ်သွားတယ်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. သပွတ်သီးကစားလို့ရတယ်?အလေ့ကျပေါက်တာသီးတာလှတော့ခူးခဲ့လိုက်တာ အိမ်က မမက စားလို့မရဘူး ဆိုလို့ ပစ်လိုက်ရတယ်

    ReplyDelete
    Replies
    1. သပွတ်သီး သပွတ်ညွန့် အကုန်စားလို့ရပါတယ် ရှင့်
      ဒါပေမဲ့ သပွတ်က အချို အခါး၂မျိုးရှိပါတယ် အခါးဆိုရင်တော့ စားမရအောင် ခါးသက်နေတတ်ပါတယ် မချက်ခင် သပွတ်ညွန့်ကို ခူးပြီး လျှာလေးနဲ့ တို့ကြည့်ပါ အချိုအရသာရရင် စားလို့ရပါတယ်နော်

      Delete
  4. သပွတ်သီးကစားလို့ရတယ်?အလေ့ကျပေါက်တာသီးတာလှတော့ခူးခဲ့လိုက်တာ အိမ်က မမက စားလို့မရဘူး ဆိုလို့ ပစ်လိုက်ရတယ်

    ReplyDelete