Saturday 6 July 2013

ချဉ်ငံစပ် မန်ကျည်းရွက်ပေါင်း ငါးပိချက်


ဒီနေ့ချက်ဖြစ်တဲ့ မန်ကျည်းရွက် ငါးပိချက်လေးပါ ရာသီဥတု အေးနေတာမို့ ချဉ်ချဉ်စပ်စပ်လေးတွေကို ခံတွင်းတွေ့နေမိပါတယ်
 မန်ကျည်းရွက် လတ်လတ်ဆတ်ဆတ် မရှိလေတော့ မန်ကျည်းပေါင်းထုတ်လေးနဲ့ ချက်ထားပေမဲ့ ချဉ်ငံစပ်လေးမို့လို့ ထမင်းကတော့ အရမ်းကို မိန်စေမှာ အမှန်ပါဘဲ။


မန်ကျည်းပေါင်းက အငံပါပြီးသားမို့ မာမာက အငံလျော့ပြီး ချက်ထားသလို အရည်လေးဆမ်းပြီး စားချင်တာမို့လို့ အရည်စပ်ကျင်လေးးနဲ့ ချက်ထားပါတယ်။

ပါဝင်ပစ္စည်းများ

  1. မညက်တစ်ညက် ထောင်းထားသော ပုဇွန်ခြောက်မှုန့် လုံးခြမ်းခွဲ - လက်ဖက်ရည်ပန်းကန် တစ်လုံးစာ
  2. ပေါင်းပြီးသား မန်ကျည်းရွက် - လက်ဖက်ရည်ပန်းကန်လုံး တစ်လုံးစာ
  3. ပါးပါးလှီးထားသော ကြက်သွန်နီ - အနေတော် တစ်ဥ
  4. ငရုတ်သီးလုံးခြမ်းခွဲ - ထမင်းစားဇွန်းမောက်မောက် နှစ်ဇွန်းခွဲ
  5. ငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  6. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်းခွဲ
  7. ငရုတ်သီးစိမ်း - နှစ်သက်သလောက်ထဲ့ပါ
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  9. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
ပြင်ဆင်ပုံ

  • ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်တို့ကိုထည့်ပြီး မီးအနေတော်နှင့် အပူပေးပါ။
  • ဆီပူလာတာနဲ့ ကြက်သွန်နီကို အရင်နွမ်းသွားအောင် ထဲ့ကြော်ပေးပါ။
  •  ကြက်သွန်နီ နွမ်းသွားပါက ငရုတ်သီးမှုန့်ကို မွှေးသွားအောင် ထဲ့ပြီးဆီသတ်ပေးပါ။
  •  ငရုတ်သီးနံ့လေး မွှေးသွားပါက မကျည်းပေါင်းကို ထဲ့မွှေပေးပါ။
  • ပြီးတာနဲ့ ပုဇွန်ခြောက်မှုန့် ငံပြာရည်နှင့် အရသာမှုန့်တို့ကို ထဲ့ပြီးမွှေပေးပါ။
  • အားလုံးသမသွားပါက ရေမြုပ်အောင်ထဲ့ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ။
  • ပထမတစ်ရည် ခမ်းသွားပါက နောက်တစ်ရည် ထပ်ထဲ့ပြီး ဆူအောင်တည်ပေးပါ။
  • ပြီးတာနဲ့ ငရုတ်သီးစိမ်းကို ထဲ့မွှေပေးပါ။
  • ဟင်းအရည်များများနှင့် ကြိုက်ပါက ရေများများနဲ့ မီးပိတ်ပေးပါ။
  • ဟင်းအရည်နဲနဲနှင့် ကြိုက်ပါက ရေနဲနဲချန်ပြီး ချက်ပေးပြီးရင် ရပါပြီ။ 
  • ထမင်းမိန်စေတဲ့ မကျည်းပေါင်းငါးပိချက် ချဉ်ငံစပ်လေးကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

2 comments:

  1. အစ်မက အရမ်းချက်တတ်တယ်နော် ..
    ကျွန်မမှာ မန်ကျည်းရွက်ပေါင်းလေးရှိပေမဲ့ အဲလို ချက်ဖို့ idea မရဘူး ..
    ကျေးဇူးအထူးအစ်မရေ .. ထမင်းမြိန်မှာ အသေအချာဘဲ .. ^_^

    ReplyDelete
  2. ငပိချက်လေးက စားချင်စရာ မမမာရေ..
    ကြည့်ရတာနဲ့တင် အတော်စားကောင်းမှာနော်း)
    ချက်စားဦးမယ် အမရေ.
    မိုးစက်ဝိုင်

    ReplyDelete