Friday 26 July 2013

ပြောင်းဖူး ကြက်သားကြော်


ဒီနေ့တော့ မွမွအိအိလေးနဲ့ စားလို့ကောင်းတဲ့ ကြက်သားပြောင်းဖူးကြော်လေး ကြော်ပါတယ်ပါ  ပြောင်းဖူးကြက်သားအထဲကို တန်ပူရာ အကြော်မှုန့်လေးလဲ ထဲ့လိုက်တာမို့ မွမွလေးနဲ့ စားလို့ ပိုပြီးကောင်းသွားပါတယ်။

ပါဝင်ပစ္စည်းများ

  1. အရိုးဖယ်ကာ ခပ်နုတ်နုတ် စင်းထားသော ကြက်ပေါင်သား - 200 g
  2. ခပ်နုတ်နုတ် လှီးထားသော ကြက်သွန်နီ - အနေတော်သုံးလုံး
  3. အစေ့ထွင်ထားသော ပြောင်းဖူး - နှစ်ဖူး
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. သကြား - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  6. တန်ပူရာမှုန့် - ထမင်းစားဇွန်း နှစ်ဇွန်းမောက်မောက်
  7. ဆီ - လက်ဖက်ရည်ပန်းကန် တစ်လုံးခွဲလောက်

ကြော်ရန်ပြင်ပါမယ်
  • ပါဝင်သော ပစ္စည်းများကို ဇလုံကျယ်ကျယ် တစ်လုံးထဲမှာထဲ့ပြီး စေးပိုင်လာတဲ့ထိ နယ်ပေးပါ
  • ဒယ်အိုးထဲမှာ ဆီကိုထည့်ပြီး မီးအနေတော်နှင့် အပူပေးပါ
  • ဆီပူလာတာနဲ့ အရသာနယ်ထားသော ကြက်သားများကို အနေတော် ဆုတ်လုံးပြီး ရွှေဝါရောင်သန်းလာတဲ့ထိကြော်ပေးပါ
  • နှစ်ဖက်လုံး ကျက်သွားပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားတာနဲ့  ကြက်သားပြောင်းဖူးကြော်လေးကို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

8 comments:

  1. ကောင်းလိုက်တာ အစ်မရေ....
    ဟင်းတစ်မျိုး ထပ်ရပြန်ပြီ .. ^_^

    ReplyDelete
    Replies
    1. ကြော်စားကြည့်နော် ကောင်းတယ်ညီမလေး

      Delete
    2. ကြော်စားကြည့်နော်

      Delete
  2. မမမာရေ အခုလောလောဆယ် ကြော်စားချင်လို့ ပြောင်းဖူးပြုတ်ပြီးသား ရှိတယ်
    အဲဒါကို ချွေပြီး ကြော်လို့ရမလား အမ
    မိုးစက်ဝိုင်

    ReplyDelete
    Replies
    1. မိုးစက်ဝိုင်ရေ မမာမအားလို့ဒီနေ့မှကြည့်ဖြစ်တယ် sorry ပါနော်
      ပြုပ်ပြီးသားလေးနဲ့လဲကြော်လို့ရပါတယ် ညီမရေ

      Delete
  3. စားချင်စရာ ကြက်သားပြောင်းဖူးကြော်လေး မာမာရေ..
    သက်သတ်လွတ် လွတ်တဲ့နေ့ကျရင် ကြော်စားအုံးမယ် :)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
    Replies
    1. တီတင့်ရေ ကျေးဇူးပါနော်
      လေးစားခင်မင်စွာနဲ့
      မာမာ

      Delete
  4. စိတ်ဝင်စားလွန်းလို့ကြော်စားကြည့်တယ် အဲလိုလေးမဖြစ်ဘူး အကြော်မုန့်ကြောင့်ထင်တာပဲ----နောက်တခါ ထပ်ကြော်အုန်းမယ်

    ReplyDelete