Friday 5 July 2013

ကြက်သား ဒိန်ချဉ်ကြော်

ကြက်ရင်ပုံသားဒိန်ချဉ်နှပ်ကြော်


ကြက်ရင်ပုံသားလေးကိုဒိန်ချဉ်နဲ့နှပ်ပြီးကြော်ထားပါတယ် ကြက်သားထဲမှာကြက်ရင်ပုံသားက အသား အများဆုံးနေရာပါ ဒါပေမဲ့ကြော်စားရင်တော့မာကြောကြောနေတဲ့အသားပါ ဒါကြောင့်မို့ဒီနေ့တော့မာမာ တစ်မျိုးလေးဆန်းပြီးကြော်ထားပါတယ် အနေတော်လေးတွေတုံးပြီးဒိန်ချဉ်နဲ့နယ်ကာတစ်ညနှပ်ပြီးကြော် ထားလို့ အိအိလေးနဲ့စားကောင်းသွားပါတယ်။

မာကြောကြောအရသာမဟုတ်တော့လို့ စားရဝါးရတာအရသာတော်တော်လေးကောင်းပါတယ် ဒိန်ချဉ် အရသာကြောင့်မွှေးလဲမွှေးသွားပါတယ် မာမာတို့တွေကြော်စားကြည့်ရအောင်နော်။

ကြက်သားအရသာနယ်ပါမယ်
  • အနေတော်အတုံးလေးများတုံးထားသောကြက်ရင်ပုံသား - 300g
  • ဆား  - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • ဒိန်ချဉ် - ထမင်းစားဇွန်း နှစ်ဇွန်း (အားလုံးရောနယ်ပြီးရေခဲသေတ္တာထဲမှာတစ်ညနှပ်ထားပေးပါ)
ကြော်ဖို့ပြင်ပါမယ်
  • မီးအနေတော်နဲ့အပူပေးထားတဲ့ဆီပူပူမှာ အရသာနယ်ထားသောကြက်သားတုံးလေးများကို ထဲ့ကြော်ပေးပါ။
  • ဒိန်ချဉ်နယ်ထားသောကြောင့် ခနလေးနဲ့အရောင်ပြောင်းသွားတတ်တဲ့အတွက် မကြာမကြာမွှေပေးပါ။
  • အားလုံးအညိုရောင်ပြောင်းသွားပြီဆိုရင်ဆယ်ပြီးဆီစစ်ပေးပြီးရင်ကြက်ရင်ပုံသားဒိန်ချဉ်နှပ်ကြော် မွမွလေးရပါပြီ။

4 comments:

  1. အစ်မ .. ဒိန်ချဉ်က ဗူးကလေးတွေနဲ့ဟာလား မသိဘူး ..
    ကြည့်ရတာ စားချင်စရာ .. လုပ်ကြည့်ချင်လို့ .. ^_^

    ReplyDelete
    Replies
    1. ဘယ်ဒိန်ချဉ်ဖြစ်ဖြစ်ရပါတယ်ညီမလေးရေ မမမာကအဲဒီနေ့က သမီးစားဖို့ဝယ်လာတဲ့စတော်ဘယ်ရီဒိန်ချဉ်လေးနဲ့နှပ်လိုက်တာပါ
      ဘာမှအရသာမပါတဲ့ ပလိန်းလေးဆိုပိုပြီးကောင်းတာပေါ့နော်

      Delete
  2. မမ..ရေခဲသေတ္တာထဲမှာတစ်ညနှပ်ထားရမယ်ဆိုတော့...ရေမခဲတဲ့အထပ်မှာထားရမှာလား ဟင်..။

    ReplyDelete
    Replies
    1. ဟုတ်တယ် ညီမလေးရေ ရေမခဲတဲ့အထပ်မှာထားရမှာပါ

      Delete