Tuesday 4 June 2013

Scones


အိမ်မှာ ဈေးလဲမသွားဖြစ် မုန့်လဲကုန်နေတဲ့နေ့ဆို သမီးလေးက သူ့ဘာသာသူ မုန့်လေးတွေ လုပ်တတ်ပါတယ် မာမာက သမီးလောက် စိတ်မရှည်တတ်သူမို့ မုန့်လုပ်ရမှာတော့ အင်မတန်မှ ပျင်းပါတယ်။

သမီးလေး မုန့်လုပ်ပြီးရင်တော့ ရှေ့ဆုံးကနေ အားပေးတတ်ပါတယ် သူတော်တော်လေး စိတ်ရှည်တယ် အသေးစိတ်က အစလုပ်တတ်တာမို့ မာမာတော့ သူ့ကိုတိတ်တိတ်လေး ချီးကျူးမိပါတယ်။

အရင်တစ်ခေါက်ကတော့ စပျစ်သီးခြောက်လေးတွေနဲ့ လုပ်ထားလို့ စားရတာ ချဉ်ဖြုံ့ဖြုံ့လေးနဲ့အရသာက တစ်မျိုးလေးကောင်းပါတယ် ဒီနေ့လုပ်တဲ့မုန့်လေးကတော့ အပေါ်က အချိုအရသာလေး တင်ထားပြီး မုန့်သားကစိမ့်စိမ့်လေးမို့ ဒီမုန့်လေးကလဲ အရသာတစ်မျိုး ထူးပါတယ်။

မာမာကတော့ သမီးငယ် လုပ်ကျွေးသမျှမုန့် လေးတွေကို ကြိုက်လွန်းလို့ အမြဲတမ်း အားရပါးရ အားပေးလေ့ရှိပါတယ်။

လုပ်ရတာလဲ လွယ်ပါတယ် လုပ်စားကြည့်မယ် ဆိုရင်တော့ သမီးငယ်လုပ်တဲ့ နည်းလေးအတိုင်း မာမာရေးပေး လိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
  •  2 cups - self-raising flour
  • 20 g - better
  • 1 tbs - castor sugar
  • 190 ml - milk
  • 1 - egg
  • 1 tsp - salt
Cream အတွက်ကျိုရန်အတွက်
  • 5 tbs - thickened cream 
  • 1/3 tsp - vanilla
  • 1 tbs - caster sugar(အားလုံးကိုရောပြီး စေးပျစ်လာတဲ့ထိကျိုပေးပါ)
ပြင်ဆင်ပုံ
  1. ဇလုံတလုံးထဲမှာ ဂျုံနဲ့ထောပတ်ကို ထည့်ပေးပြီး အရင်ဆုံး သမသွားအောင် နယ်ပေးပါ
  2. ပြီးတာနဲ့ သကြားထည့်ပြီး နယ်ပေးပါ
  3. အားလုံးသမသွားပြီ ဆိုတာနဲ့ နို့နှင့်ကြက်ဥကို ထည့်ပေးပြီး ခပ်ဖွဖွ နယ်ပေးပါ
  4. မုန့်သားများ စေးလာပြီး လက်မှာမကပ်တော့ရင် မုန့်သားရပါပြီ
  5. မုန့်သားရလာပြီးတာနဲ့ မျက်နှာပြင်ညီတဲ့ စားပွဲပေါ်မှာ မုန့်သားကို ခပ်ဖွဖွလေး ဖြန့်ပေးပါ 
  6. မုန့်သားမျက်နှာပြင် ပြန့်သွားတာနဲ့ အချွန်ပုံစံလေးတွေရအောင် ဓားနဲ့လိုက်ဖြတ်ပေးပါ
  7. ပြီးတာနဲ့ မုန့်ဖုတ်မဲ့ ဗန်းထဲမှာ baking paper ခင်းပြီး ဖြတ်ထားတဲ့ မုန့်သားလေးတွေကို
     ထဲ့ပေးပါ 
  8. မုန့်မဖုတ်ခင် မီးအား 230 ဒီဂရီနဲ့ ဆယ့်ငါးမိနစ်လောက် ကြိုပြီးဖွင့်ထားတဲ့ oven ထဲမှာ မိနစ်၂၀လောက် ဖုတ်ပေးပါ
  9. မုန့်သားကျက်တာနဲ့ oven ထဲမှထုတ်ပြီး အအေးခံပေးပါ
  10. မုန့်သားအအေးခံထားစဉ် သကြား ဗနီလာနှင့် နို့ခရင်တို့တို့ကို ပျစ်လာအောင် ရောကျိုပေးပါ
  11. မုန့်သားလေးများ အေးလာတာနဲ့ သကြား နို့ခရင်နဲ့ ဗနီလာတို့ကို ရောကာ
    ကျိုထားတဲ့ ခရင်လေးများကို မုန့်သားပေါ်မှာ ဆမ်းပေးပြီးရင် စားချင့်စဖွယ် မုန့်လေးတွေ ရပါပြီ။






1 comment:

  1. လိမ္မာတဲ့ တော်တဲ့ သမီးလေး လုပ်တဲ့ မုန့်ကလေးတွေကို
    အားပေးသွားပါတယ် အစ်မ .... ^_^

    ReplyDelete