Friday 3 May 2013

ကြက်တောက်တောက်စင်း ချိုစပ်ကြော်


ဒီနေ့ချက်လိုက်တဲ့ ကြက်တောက်တောက်စင်း ချိုစပ်ကြော်လေးပါ အရသာတစ်မျိုးလေးမို့စားလို့ကောင်း ပါတယ် စားခါနီးမှကြော်ရင်လဲ အချိန်မကြာတာကြောင့် ဆယ်မိနစ်လောက် အချိန်ပေးပြီးချက်ရင်ဘဲ ရပါပြီ။

မာမာတော့ အခုရက်ထဲ အလုပ်များလို့ လွယ်လွယ်နဲ့ စားကောင်းမဲ့ ဟင်းလေးတွေဘဲ ချက်ဖြစ်နေပါတယ် လွယ်ကူမြန်ဆန်တဲ့အတွက် ချက်ကြည့်စေချင်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  • တောက်တောက်စင်းထားသောကြက်ရင်ပုံသား - 200 g
  • အကွင်းလိုက် လှီးထားသောကြက်သွန်နီ - တစ်ဥ
  • ငရုတ်သီးခြောက် - ငါးတောင့်
  • အနေတော် လှီးထားသောမှို - ငါးပွင့်
  • အနေတော် လှီးထားသောဘေဘီပြောင်းဖူး - ငါးဖူး
  • အနေတော် လှီးထားသောမုံလာဥနီ - တစ်ဥ
  • အနေတော် လှီးထားသောပဲတောင့်ရှည် - သုံးတောင့်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဆီ - ထမင်းစားဇွန်း သုံးဇွန်း
ပြင်ဆင်ပုံ

  1. မီးအနေတော်နှင့် အပူပေးထားသော အိုးထဲသို့ ဆီထမင်းစားဇွန်း သုံးဇွန်းကိုထဲ့ပြီ အပူပေးပါ
  2. ဆီပူလာပါက ငရုတ်သီးတောင့်ကို အရင်ကြွတ်သွားတဲ့ထိကြော်ပြီး ဆယ်ပေးထားပါ
  3. ထိုဆီထဲမှာဘဲ တောက်တောက်စင်းထားသော ကြက်သားကို နနွင်းမှုန့် ဆား လက်ဖက်ရည်ဇွန်း တစ်ဝက် အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်ထဲ့ပြီး မာလာတဲ့ထိ ကြော်ပေးပါ
  4. ကြက်သား အသားမာလာပါက ရေမြုပ်အောင်ထဲ့ပြီး နူးအောင်တည်ပေးပါ 
  5. ရေနဲနဲကျန်တဲ့အချိန်မှာ လှီးထားသော အသီးအရွက်များ ကြက်သွန်နီ ငရုတ်သီးတောင့်ကြော် ဆားလက်ဖက်ရည်ဇွန်း တစ်ဝက်နှင့် အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်တို့ကို တစ်ခါထဲထဲ့ပြီး နှစ်မိနစ်ခွဲ သုံးမိနစ်လောက် ကြော်ပေးပါ
  6. ကြက်သွန်နီနှင့် အသီးအရွက်များ အရမ်းမနူးစေရန် သတိထားပြီးကြော်ပေးပါ အရမ်းနူးပါက စားလို့မကောင်းပါ
  7. ကြော်ချိန်သိပ်မကြာဘဲ ကြက်တောက်တောက်စင်း ချိုစပ်ကြော်လေးရပါပြီ

4 comments:

  1. ချဉ်စပ်အရသာ ထွက်အောင် ဘာ sauce သုံးလဲရှင့်..ရေးထားတဲ့အထဲမှာ မတွေ့ လို့ ပါ

    ReplyDelete
  2. ချိုစပ်အတွက် ဘာဆော့မှ မသုံးပါဘူး အချိုကို အရသာမှုန့်အချိုနဲ့အစပ်ကို ငရုတ်သီးကြော်ဆီကဘဲ အစပ်အရသာကိုယူပြီးရိုးရိုးလေးဘဲချက်ထားပါတယ်

    ReplyDelete
  3. ကြက်သားကုန်းဘောင်ကြော်နဲ့ တူတယ်နော် မမမာကြော်ထားတာလေးတွေက
    ထမင်းပူပူလေးနဲ့ဆို ရှယ်ပဲ ချိုချဉ်ကြော်လဲ ကြိုက်တယ်..)
    မိုးစက်ဝိုင်

    ReplyDelete
    Replies
    1. ဟုတ်တယ် ညီမလေးရေ
      စားလို့တော့တော်တော်လေးကောင်းတယ်

      Delete