Monday 20 May 2013

ပုဇွန်ဝမ်တုန်ကြော်

ပုဇွန် ဝမ်တုန်ကြော်



နှစ်သက်သည့်ပုံစံလေးများ ထုပ်ပေးရင်ရပါတယ်




ရွှေဝါရောင်သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပေးပြီးရင် ပုဇွန်ဝမ်တုန်ကြော်လေးတွေရပါပြီ

မာမာတစ်ယောက် ဘလော့လေးကနေ တစ်ခါတစ်ခါ မအားတာကြောင့် ပျောက်ပျေက်သွားခဲ့ပါတယ် ဘလော့လာလည်တဲ့မိတ်ဆွေတွေကို အားနာမိပါရဲ့ အိမ်ရဲ့ဝေယာဝစ္စတွေကြောင့် တစ်ခါတစ်ခါ ဟင်းတွေချက်ဖြစ်ပေမဲ့ မတင်ဖြစ်ခဲ့တာများနေခဲ့ပါတယ်။

ဒီနေ့တော့ မာမာ့ရဲ့ချက်နည်းအတိုင်း အိမ်ရှင်မတွေ လွယ်လွယ်နဲ့ချက်လို့ရပြီး မြန်မြန်ကျက်တဲ့ ဟင်းလေးတစ်မျိုးကို ချက်ဖြစ်ပါတယ် ချက်နည်းရိုးပေမဲ့ စားလို့ကောင်းပြီး လက်ဖက်ရည်လေးနဲ့ဘဲ သောက်သောက် ထမင်းပူပူလေးနဲ့ဘဲစားစား ဒီအတိုင်းလေးဘဲ သုံးဆောင်သုံးဆောင် အချိုရည်လေးနဲ့ဘဲတွဲတွဲ နှစ်သက်ရာ အချဉ်လေးနဲ့ဘဲ တွဲဖက်အုံးပေါ့နော် စားကောင်းတဲ့ ပုဇွန်ဝမ်တုန်ကြော်နည်းလေး မျှဝေပေးလိုက်ပါတယ်။

ကြော်ဖို့ပြင်ပါမယ်
  1. ပုဇွန် 500 g ကို ခေါင်း အမှီး အခွံတွေချွတ်ပြီး ကြောမှခွဲကာ အမဲကြောင်းလေး ထုတ်ပေးပါ 
  2. ပုဇွန်ပန်းကန်ထဲသို့ ဆား လက်ဖက်ရည်ဇွန်း တဝက်မရှိထဲ့ပါ
  3. အရသာမှုန့် လက်ဖက်ရည်ဇွန်း တဝက်လောက်ထဲ့ပါ အားလုံးကိုရောနယ်ပြီးဆယ်မိနစ်လောက် အရသာဝင်အောင် နှပ်ထားပေးပါတယ်
  4. ဝမ်တုန်ရွက်တရွက်ကို ပုဇွန်တကောင်နူံးနဲ့ထဲ့ပြီး ထုပ်ပေးပါ
ပြင်ဆင်ပုံ
  • ဆီ လက်ဖက်ရည်ပန်းကန်တစ်လုံးခွဲလောက်ကို မီးအနေတောာ်နှင့်အပူပေးပါ
  • ဆီကိုပူလာအောင် တည်ပေးပါ ဆီပူလာပါက မီးရှိန်ကိုနဲနဲထပ်လျှော့ပြီးမှ ဝမ်တုန်ထုတ်လေးများကို တစ်ခုခြင်းထဲ့ပြီးကြော်ပေးပါ 
  • တစ်ဖက်အရောင်နဲနဲပြောင်းလာရင် တစ်ဖက်ကိုလှန်ပေးပါ မကြာမကြာ အထက်အောက်လှန်ပေးပြီး နှစ်ဖက်လုံးရွှေဝါရောင်သန်းလာရင်ရပါပြီ
  •  ကြော်တဲ့အခါမှာ မီးရှိန်မပြင်းအောင် သတိထားပြီး ကြော်ပေးရပါတယ် မီးရှိန်ပြင်းလွန်းရင် အထဲကပုဇွန်မကျက်ဘဲ အပြင်ခွံတွေဘဲ မြန်မြန်ကျက် သွားတတ်ပါတယ်။

4 comments:

  1. လုပ်စားဦးမယ် အစ်မရေ..
    ဟိုနေ့ကတောင် အစ်မနည်းအတိုင်း ကြက်ကုန်းဘောင်ကြော် ချက်ဖြစ်သေးတယ် .. ^_^

    ReplyDelete
    Replies
    1. လုပ်စားကြည့်နော်

      Delete
  2. တမျိုးပြီးတမျိုး မရိုးအောင် ချက်နိုင်တဲ့ မမမာကို
    တကယ်ချီးကျူးတယ် အမရယ်
    အကြော်အကြွတ်တွေ မြင်ရင် မနေနိုင်တဲ့ မိုးစက်ကတော့ ကြော်စားဦးမယ် မမမာရေ..
    မိုးစက်ဝိုင်

    ReplyDelete
    Replies
    1. ကြော်စားကြည့်နော် မိုးစက်ဝိုင်ရေ

      Delete