Saturday 6 April 2013

ပုဇွန်ကင်

ပုဇွန် ချဉ်စပ်ကင်

ဒီရက်ထဲမှာ ပုဇွန်လေးတွေစားဖြစ်နေလို့ ဒီနေ့တော့ သုံရာသီးလေးနဲ့နယ်ပြီး ချဉ်ချဉ်လေးကင်ပါမယ် ငရုတ်ကောင်းအရသာလေးလဲပါ အရွက်အရသာလေးလဲပါတာမို့ စားလို့အရမ်းကောင်းတဲ့ ပုဇွန်ကင်လေးပါ။

မာမာတို့သားအမိနှစ်ယောက်ထဲမို့  ဒီနေ့တော့ထမင်းမချက် ဘဲပုဇွန်ကင်လေးတွေကို ဒီအတိုင်းစားဖြစ်ကြ ပါတယ် သံပုရာရည် အရင်ဆုံးညှစ်ပြီး လိုအပ်တဲ့အမွှေးနံ့သာလေးတွေ ထဲ့နယ်ပြီးမှ ကင်ထားတာမို့ ပုဇွန်နံ့သိပ်မရဘဲ စားလို့အရမ်းကောင်းတဲ့ အကင်လေးဖြစ်ခဲ့ပါတယ်။

ဒယ်ပြားလေးထဲ ဆီနဲနဲထည့်ပြီး ကင်ကြော်လေးကြော်လိုက်တာပါ လွယ်လဲလွယ် မြန်လဲမြန် စားလို့လဲ အရမ်းကောင်းတာကြောင့် ကင်နည်းလေး မျှဝေချင်ပါတယ်။

ပါဝင်ရမှာလေးတွေကတော့
  • အကောင်လိုက်ရေဆေးကာသန့်စင်ထားသောပုဇွန် - 500 g 
  • ဆား - လက်ဖက်ရည်ဇွန်း တဝက်
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • Parsley Flakes - လက်ဖက်ရည်ဇွန်း တဝက် (မထဲ့လဲရ)
  • သံပုရာသီး - တခြမ်း
  • ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း

 ပုဇွန်ထုတ် ချဉ်စပ်လေးကင်ပါမယ်


 အရသာများရောကာနယ်ကာသံပုရာရည်ညှစ်ပြီး
ငါးမိနစ်လောက်နှပ်ထားပေးပါ


မီးအနေတော်လောက်နှင့်အပူပေးထားသော ဒယ်အိုးထဲတွင်ဆီကို
အရင်ဆုံးထဲ့ပြီး ပူလာပါကပုဇွန်အရသာနယ်များကို ထဲ့ပြီးကင်ကြော်လေးကြော်ပါမယ်
တဖက်ကျက်ပါက တဖက်ကိုလှန်ပေးပြီး နှစ်ဖက်လုံး ကျက်ရင်ဆယ်ပေးပါ

 ငရုတ်ကောင်းနံ့သင်းသင်းလေးနဲ့ ပုဇွန်ကင်ချဉ်ချဉ်စပ်စပ်မွှေးမွှေးလေးရပါပြီ

6 comments:

  1. ရှယ်ပဲ မမမာရေ..
    သားရေကျအောင် လုပ်နေတယ်နော်..း)
    မိုးစက်ဝိုင်

    ReplyDelete
    Replies
    1. စားပါ မိုးစက်ဝိုင်ရေ။

      Delete
  2. ဗိုက်ဆာတယ် မမမာ

    ReplyDelete
  3. အစ်မက ဟင်းကို အမျိုးမျိုး အထွေထွေ စီမံတတ်တယ်နော်..
    စားချင်လိုက်တာ အစ်မရေ.. ^_^

    ReplyDelete
    Replies
    1. အဆင်ပြေအောင် စီမံရတာပါဘဲ ညီမရေ

      Delete