ဒီနေ့တော့ ကြက်သားပြုပ်ကြော် မွှေးမွှေးလေး ချက်ဖြစ်ပါတယ် တစ်ချို့ကလဲ ကြက်သားပြုပ်ကြော် ချက်တဲ့အခါ လွယ်လွယ်လေးလို့ ထင်မိမှာပါဘဲ။
ဟုတ်ပါတယ် ဟင်းချက်နေကျ ဟင်းချက်တတ်နေတဲ့ သူတွေအတွက်တော့ အရမ်းကိုဘဲ လွယ်ပါတယ် ချက်နေမကျရင်တော့ အချိန်အဆလေးတွေအတွက် အနည်းငယ် ခက်တတ်ပါတယ်။
ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ စားလို့လဲကောင်းစေ ထမင်းလဲ မြိန်စေဆိုတဲ့ ကြက်သားပြုပ်ကြော် ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- ကြက်ပေါင်သား - သုံးဆယ်သား
- ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ချင်း - ခပ်ပါးပါး လေးပြား
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ဆီ - ထမင်းစားဇွန်း ဆယ်ဇွန်း (များများထည့်ရင်လဲ ရပါတယ်)
ပြင်ဆင်ပုံ
- ကြက်သားကို ရေဆေးပြီး ရေစစ်ကာ အနေတော် အတုံးလေးတွေ တုံးပေးပါ
- ချင်းကိုအခွံခွာပြီး ရေဆေးကာ ခပ်ထားပါးပါးလေးတွေ လှီးပေးထားပါ
- ဇောက်အနည်းငယ်နက်သော အိုးထဲမှာ ကြက်သား ဆား နနွင်း ချင်း အရသာမှုန့်တို့ကို အရသာဝင်အောင် နယ်ပေးပါ
- ပြီးတာနဲ့ ရေအနည်းငယ်ထည့်ကာ ပြုပ်ပေးပါ
- လုံးရည်လေး ခမ်းကာနီးတော့မှ ရေမြုပ်အောင် ပထမတစ်ရည် ထပ်ထည့်ပေးပြီး ပြုပ်ပေးပါ
- ပြုပ်ထားသော ပထမတစ်ရည် ခမ်းကာနီးမှာ ကြက်သားနူးမနူး စမ်းကြည့်ပေးပါ
- ကြက်သားမနူးသေးပါက ရေမြုပ်အောင် ထပ်ထည့်ပြီး တည်ပေးပါ
- ရေခမ်းကာနီးပါက မီးအပူရှိန်ကို အနည်းငယ် လျှော့လိုက်ပြီး ရေခမ်းတဲ့အထိ ထားပေးပါ
- ကြက်ပြုပ်အိုးထဲကို ဆီခပ်များများ ထည်ံပေးပြီး ကြော််ပေးပါ
- မာမာကတော့ ထမင်းပူပူလေးနဲ့ နယ်စားရအောင် ဆီကိုခပ်များများလေး ထည့်ပေးပါတယ်
- ကြက်ကြော် တစ်ဖက်ကျက်တာနဲ့ နောက်တစ်ဖက်ကို လှန်ပေးပြီး ကြော််ပေးပါ
- ကြက်ကြော် တစ်တုံးလုံး ကျက်တာနဲ့ ဆယ်ပြီး ဆီစစ်ပြီးတာနဲ့ ကြက်သားပြုပ်ကြော် မွှေးမွှေးလေး ရပါပြီ။
No comments:
Post a Comment