Monday, 18 December 2023

ချဉ်ငံစပ် ငှက်ပျောဖူးသုပ်

 


ဒီနေ့တော့ မာမာ ဈေးသွားရင်း ငှက်ပျောဖူး ပြုပ်ပြီးသားလေးတွေ တွေ့တာနဲ့ ဝယ်လာခဲ့ပြီး ချဉ်ငံစပ်လေး သုပ်ဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ ချဉ်ငံစပ် ငှက်ပျောဖူး သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ငှက်ပျောဖူး ပြုပ်ပြီးသား - အနေတော် တစ်ဖူး
  2. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  3. ကြက်သွန်နီ - အနေတော် တစ်လုံး
  4. နံနံပင် - နှစ်သက်သလောက်
  5. ငါးငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  7. ငရုတ်သီးစိမ်း - မိမိစားနိူင်သလောက်ထည့်ပါ
  8. ကြက်သွန်ဖြူ - အမွှာကြီးကြီး ဆယ်မွှာ
  9. ငရုတ်သီး အလှော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  10. သံပုရာသီး - တစ်လုံး
ပြင်ဆင်ပုံ
  • ငှက်ပျောဖူးကို အနေတော်လေးတွေ ဖဲ့ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • နံနံပင်ကို ရေဆေးပြီး အနေတော်လေးတွေ လှီးထားပါ
  • သံပုရာသီးကို ရေဆေးပြီး အစိတ်လေးတွေ စိတ်ထားပါ
  • ပုဇွန်ခြောက်မှုန့်ကို အဆင်သင့် ပြင်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးပြီး ဓါးပြားရိုက်ထားပါ
  • ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရေဆေးကာ အနေတော်လေးတွေ လှီးထားပါ 
  • ပြီးတာနဲ့ ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းတို့ကို မညက်တစ်ညက် အနေအထားရအောင် ထောင်းပေးပါ
သခွားသီးသုပ်ပုံ
  • ဇလုံကြီးကြီးထဲမှာ ငှက်ပျောဖူးများ ပုဇွန်ခြောက်မှုန့် သံပုရာရည် ကြက်သွန်နီ နံနံပင် ငရုတ်သီးစိမ်း ကြက်သွန်ဖြူ  တို့တို သင့်သလို ထည့်ပေးပြီး အရသာ မျှတအောင် နယ်ပေးပါ
  • ငှက်ပျောဖူး အရသာနယ်ပြီးတာနဲ့ အရသာ မြည်းပေးပြီး မိမိလိုအပ်တဲ့ အရသာ ရလာအောင် ပြင်ပေးပါ
  • ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းသလို ဒီအတိုင်း စားရင်လဲ အရမ်းကောင်းလွန်းတဲ့ ငှက်ပျောဖူး ချဉ်ငံစပ်လေးကို သုံးဆောင်နိူင်ပါပြီ။

No comments:

Post a Comment