ဒီနေ့တော့ Broad bean လေးတွေ ဝယ်လာပြီး အရည်သောက်ဆမ်းလေး ချက်ပါတယ် ပဲကြီးဟင်းလိုဘဲ သောက်လို့ကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ပဲဟင်းချို ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- Broad bean - 350 g
- ကြက်သွန်နီ - အလုံးခပ်သေးသေး သုံးလုံး
- ကြက်သွန်ဖြူ - အမွှာ ကြီးကြီး သုံးမွှာ
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ဆီချက်ချက်ပြီးသား - ထမင်းစားဇွန်း တစ်ဇွန်း
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
ပြင်ဆင်ပုံ
- ပဲများကို ရေဆေးပြီး နနွင်းမှုန့် နှင့် ပဲကို ရေမြုပ်အောင်ထဲ့ကာ ပဲနူးအောင် ပြုပ်ပေးပါ
- ပဲပြုပ်နေစဉ် ပဲရေများ ဝေကျတတ်တဲ့အတွက် အိုးပေါ်မှာ သစ်သားယောင်းမကို ကန့်လန့်ဖြတ် တင်ပေးထားပါ
- Broad bean ပဲက အနူးမြန်စေတဲ့အတွက် စပြီးပြုပ်တဲ့ရေနဲ့ဘဲ ပဲကိုနူးစေပါတယ်
- ကြက်သွန်နီကို အခွံခွာကာ အလုံးလိုက် ရေဆေးထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ မညက်တစ်ညက် ထောင်းထားပါ
- ပဲနူးအောင် ပြုပ်ထားသော ပဲအိုးထဲသို့ ဟင်းရည်သောက်ပန်းကန် ၂လုံးစာ ရေထည့်ပေးပါ
- ပြီးတာနဲ့ ကြက်သွန်နီနှင့် ကြက်သွန်ဖြူ တို့ကို ထည့်ပေးပြီး တည်ပေးပါ
- ပဲရည်ဆူလာပါက အရသာမှုန့် ဆီချက်ချက်ပြီးသား ထမင်းစားဇွန်း သုံးဇွန်းနှင့်ဆားတို့ကိုထည့်ပြီး ကြက်သွန်များ နူးအောင်တည်ပေးပါ
- ကြက်သွန်များ နူး လာပါက အရသာမြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
- အရသာ မြည်းပြီးတာနဲ့ မီးပိတ်ပေးကာ ပဲဟင်းပူပူနွေးနွေးလေးကို သုံးဆောင်နိုင်ပါပြီ။
No comments:
Post a Comment