ဒီနေ့တော့ မာမာ ဈေးသွားရင်း ပိန္နဲသီးပြုပ်ပြီးသားလေးတွေ တွေ့တာနဲ့ ဝယ်လာခဲ့ပြီး ချဉ်ငံစပ်လေး သုပ်ဖြစ်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ ချဉ်ငံစပ် ပိန္နဲသီးပြုပ် သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ပိန္နဲသီးပြုပ်ပြီးသား - လေးကွင်း
- ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
- ကြက်သွန်နီ - အနေတော် တစ်လုံး
- နံနံပင် - နှစ်သက်သလောက်
- ငါးငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ငရုတ်သီးစိမ်း - မိမိစားနိူင်သလောက်ထည့်ပါ
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ဆယ်မွှာ
- ငရုတ်သီး အလှော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
- သံပုရာသီး - တစ်လုံး
ပြင်ဆင်ပုံ
- ပိန္နဲကွင်းကို အနေတော်လေးတွေ ဖဲ့ထားပါ
- ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
- နံနံပင်ကို ရေဆေးပြီး အနေတော်လေးတွေ လှီးထားပါ
- သံပုရာသီးကို ရေဆေးပြီး အစိတ်လေးတွေ စိတ်ထားပါ
- ပုဇွန်ခြောက်မှုန့်ကို အဆင်သင့် ပြင်ထားပါ
- ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးပြီး ဓါးပြားရိုက်ထားပါ
- ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရေဆေးကာ အနေတော်လေးတွေ လှီးထားပါ
- ပြီးတာနဲ့ ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းတို့ကို မညက်တစ်ညက် အနေအထားရအောင် ထောင်းပေးပါ
သခွားသီးသုပ်ပုံ
- ဇလုံကြီးကြီးထဲမှာ ပိန္နဲသီများ ပုဇွန်ခြောက်မှုန့် သံပုရာရည် ကြက်သွန်နီ နံနံပင် ငရုတ်သီးစိမ်း ကြက်သွန်ဖြူ တို့တို သင့်သလို ထည့်ပေးပြီး အရသာ မျှတအောင် နယ်ပေးပါ
- ပိန္နဲသီး အရသာနယ်ပြီးတာနဲ့ အရသာ မြည်းပေးပြီး မိမိလိုအပ်တဲ့ အရသာ ရလာအောင် ပြင်ပေးပါ
- ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းသလို ဒီအတိုင်း စားရင်လဲ အရမ်းကောင်းလွန်းတဲ့ ပိန္နဲသီးသုပ် ချဉ်ငံစပ်လေးကို သုံးဆောင်နိူင်ပါပြီ။
No comments:
Post a Comment