ပါဝင်ပစ္စည်းများ
- သရက်သီးစိမ်း - ပုလင်းဆန့်သလောက် (အစေ့မရင့်သေးသော သရက်သီးကို သုံးပေးပါ)
- ရေ - ပုလင်း တစ်၀က်ခန့်
- ဆားကြမ်း - ထည့်ထားသောရေ ငံမြနေအောင် ထည့်ပါ
- ဖန်ပုလင်း - သန့်သန့် တစ်ပုလင်း
ပြင်ဆင်ပုံ
- ရေထဲမှာ ဆားထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးကာ အအေးခံထားပါ
- သရက်သီးစိမ်းကို အစေးများ စင်အောင်ဆေးပြီး ဇလုံတလုံးထဲမှာ ရေမြုပ်အောင်ထည့်ကာ ၂ရက်လောက် စိမ်ထားပါ
- ၂ရက်ပြည့်တာနဲ့ သရက်သီးကို စဉ့်နီတုံးပေါ်တင်ကာ ပုံပါအတိုင်း တူနှစ်ချောင်းခံကာ ပထမ တစ်ဖက်ကို အတည့်အနေအထား လှီးပေးပါ
- သရက်သီးရဲ့ နောက်တစ်ဖက်ကိုတော့ ပုံပါအတိုင်း တူနှစ်ချောင်းခံကာ ခပ်စောင်းစောင်းလေးတွေ လှီးပေးပါ
- သရက်သီးများ အားလုံးလှီးပေးပြီးပါက ဖန်ပုလင်းထဲကို ဖိသိပ်ပြီး ထည့်ပေးပါ
- ဖန်ပုလင်းထဲမှာ ပြည့်ပြီးကြပ်ညပ်နေအောင် ထည့်ပေးပါမှ သရက်သီး ပိုးတီဆားရည်စိမ်တဲ့အခါမှာ မာကျစ်နေပြီး တစ်နှစ်ပါတ်လုံး ထားလို့ရပါမယ်
- သရက်သီးများ ဖိသိပ်ထည့်ပြီးတာနဲ့ အအေးခံထားသော ဆားရည်ကို လောင်းထည့်ပြီး အဖုံးကို လုံနေအောင် ဖုံးပေးပါ
- ရက်အနည်းငယ် ရလာတာနဲ့ ဆားရည်များ အဖုံးမှ လျှံပြီး စိမ့်ထွက်တတ်တဲ့အတွက် ပုလင်းအောက်မှ ဇလုံတစ်လုံး ခံထားပေးပါ
- ဆားရည်စိမ်ပြီး နောက်တစ်ရက်နေရင် ပုလင်းကို ဖွင့်ကြည့်ပြီး ထည့်ထားသော သရက်သီးများကို ဖိကြည့်ပါ
- ပုလင်းထဲမှာ ချောင်နေတာကို တွေ့ရပါမယ် ပုလင်းချောင်နေရင် ဆားရည်စိမ်ထားသော သရက်သီးများ မာမနေဘဲ ပျော့သွားတတ်တဲ့အတွက် သရက်သီးများ မပျော့စေရန် ပုလင်းဆန့်သလောက် သရက်သီးကို ထပ်ပြီး ဖိသိပ်ကာ ထည့်ပေးပါ
- တတိရမြောက်နေ့မှာလဲ ထိုကဲ့သို့ ရသလောက် ထပ်ဖိပြီး ထည့်ပေးပါ
- သရက်သီးများ အားလုံးကို ဆားရည်မြုပ်နေအောင် ထည့်ပြီး အဖုံးကို လုံအောင်ဖုံးထားပါ
- ၅ရက်မြောက်နေ့မှာ သရက်သီး ပိုးတီဆားစိမ် အရောင်ပြောင်းသွားပြီး တစ်နှစ်ပါတ်လုံး ထားပြီး စားနိူင်မဲ့ သရက်သီးစိမ်း ဆားရည်စိမ် ရပါပြီ။
No comments:
Post a Comment