အဲဒီလိုမျိုး ပေါက်မထွက်အောင် ကောက်ညှင်းမှုန့်ကို ရေအေးနဲ့ မုန့်သားမစပ်ဘဲ ရေနွေးပွက်ပွက် ဆူထားတာနဲ့ မုန့်သားစပ်ရင် မုန့်လုပ်တဲ့အခါမှာ ပေါက်မထွက်ပါဘူး။
ဒါကြောင့်မို့လို့ စိတ်ကူးထဲ ပေါ်လာလို့ မုန့်ကြပ်တိုက်ကို ခပ်မြန်မြန်လေး လုပ်စားချင်ရင် လုပ်စားလို့ရအောင် မာမာစမ်းသပ်ပြီး လုပ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက် ပါတယ်ရှင်။
မုန့်ကြပ်တိုက် ဆယ်ခုစာအတွက်
ပါ၀င်ပစ္စည်းများ
- ကောက်ညှင်းမှုန့်. - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
- ဆန်မှုန့် - ထမင်းစားဇွန်း နှစ်ဇွန်းခွဲ
- ပွက်ပွက်ဆူနေသောရေပူ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးနှင့်တစ်ဝက်နည်းပါး
- နှမ်းဖြူ - ထမင်းစားဇွန်း နှစ်ဇွန်း
- အုန်းသီးအခြောက်မှုန့် - ထမင်းစားဇွန်း လေးဇွန်း
- ဆီ - ထမင်းစားဇွန်း သုံးဇွန်းခွဲ
- ထန်းလျှက်ခဲ အညိုရင့်ရင့် - 200 g
- ရေ - 200 g ( ထန်းလျှက်ရည်ကျိုရန်)
- ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (ထန်းလျှက်ကျိုရန်)
- မကပ်သောဒယ်အိုးပြား - တစ်လုံး (မုန့်လုပ်ရန်)
ပြင်ဆင်ပုံ ပြုလုပ်ပုံ
- အိုးတစ်လုံးထဲမှာ ရေကိုထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ
- ဇလုံတစ်လုံးထဲမှာ နှမ်းဖြူ အုန်းသီးမှုန့် ကောက်ညှင်းမှုန့်နှင့်ဆန်မှုန့်တို့ကို ထည့်ပေးပြီး ရေနွေးပူပူ ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးသာသာတို့ကို နည်းနည်းချင်းထည့်ကာ နယ်ပေးပါ
- ကောက်ညှင်းမှုန့် အပေါ်မူတည်ပြီး ရေနွေးပူပူကို နည်းနည်းချင်းထည့်ပြီး နယ်ပေးပါ
- ရေနွေးပူပူကို နည်းနည်းထည့်လိုက် မုန့်သားကိုနယ်လိုက် လုပ်ပေးပါ
- မုန့်သားပျော့ပြီး စေးလာပြီဆိုရင် မုန့်သားအရမ်းကြီး မပျော့စေရန် ရေအကုန်မထဲ့ဘဲ ရေကိုချန်ထားလိုက်ပါ
- မုန့်သားပျော့လာပါက လက်တစ်ဖျစ်စာသာသာ အနေတော် မုန့်သားကိုယူပါ
- ပြီးတာနဲ့ လက်ဖဝါး နှစ်ဖက်နဲ့ ပွတ်ပြီး ပုံပါအတိုင်း မုန့်သားရှည်ရှည်လေး ရအောင်လုပ်ပေးပါ
- မုန့်သားရှည်ရှည်လေး ရတာနဲ့ ပုံမှာပြထားတဲ့အတိုင်းရအောင် လက်မနှင့် လက်ခလယ်လေးနှင့် ထိမ်းကာ ဖိဖိပြီး ပုံဖော်ပေးပါ
- အထက်ပါ နည်းအတိုင်း မုန့်သားကုန်အောင် လုပ်ပေးပါ
မုန့်လုပ်ပုံ
- အောက်ခြေမကပ်သော ဒယ်အိုးပြားကို ဆီပါတယ် ဆိုရုံလေးထည့်ပြီး ဆီကိုမီးအပူပေးပါ
- ဆီပူလာတာနဲ့ မီးကို အနေတော်သို့ လျှော့လိုက်ပါ
- မီးပြင်းလွန်းရင် အတွင်းသားတွေ မကျက်ဘဲ အပြင်သားလဲ ကျွမ်းလွယ်ပါတယ်
- ဒါကြောင့်မို့လို့ မီးအနေတော်နဲ့ အိုးပူတိုက်နေစဉ် တစ်ဖက်ကျက်ရင် တစ်ဖက်ကို လှန်ပေးပါ
- မုန့်ရဲ့ မျက်နှာပြင်၂ဖက်လုံး မုန့်သားအရောင် ပြောင်းသွားပြီး အပြင်ခွံ ကျွတ်ကျွတ်လေး ဖြစ်လာပါက ဆယ်ပြီး ဆီစစ်သော စက္ကူပေါ်တင်ပြီး ဆီစစ်ပေးထားပါ။
ထန်းလျှက်ရည်ကျိုရန်
- အနေတော် အိုးတစ်လုံးထဲမှာ ဆား ထန်းလျှက်ခဲနှင့် ရေတို့ကိုထည့်ပြီး မီးအနေတော်နှင့် ကျိုပေးပါ
- ထန်းလျှက်ခဲများ ကျေသွားပါက အရည်ကို ဆက်တိုက်မွှေပေးပါ
- မွှေနေစဉ် ထန်းလျှက်ရည် ပေါက်စေးကျအောင် ကျိုပေးပါ
- ပေါက်စေးကျမကျ အနေအထား ရမရသိစေရန် ထန်းလျှက်ရည်ကို သစ်သားယောင်းမနှင့် ဆယ်ပြီး အိုးထဲမှာဘဲ ပြန်လောင်းချကြည့်ပါ
- သစ်သားယောင်းမမှာ ခပ်ပျစ်ပျစ် အနေအထားနဲ့ ကပ်နေပြီဆိုရင် ရပါပြီ
- ထန်းလျှက်ရည် ပေါက်စေးကျ အနေအထားလောက်ရရင် အအေးခံပြီး မုန့်ကြပ်တိုက်နှင့် တို့ပြီး စားလို့ရပြီ။
မှတ်ချက်
- မြန်မာပြည်က မုန့်လုပ်ထန်းလျှက်ခဲကို အသုံးပြုပါက ထန်းလျှက်ရည် ကျိုနေစဉ် ထန်းလျှက်ခဲများ အရည်ပျော်တာနဲ့ ပိတ်စပါးပါးလေးခံကာ သဲများ အမှိုက်များ မပါအောင် စစ်ပေးပြီးမှ ပေါက်စေးကျအောင် ပြန်ကျိုပေးပါ။
No comments:
Post a Comment