မာမာ ဒီနေ့တော့ အပ်မှိုလေးတွေကို အရည်သောက်ဆမ်းလေး ချက်ပါတယ် ချက်ရတာ အရမ်းကို လွယ်ကူပါတယ် ထမင်းစားလို့ မြိန်စေတဲ့ ဟင်းတစ်မျိုးဖြစ်လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- အပ်မှို - 250 g
- ကြက်သွန်ဖြူ - အမွှာကြီးကြီး တစ်မွှာ
- ကြက်သွန်နီ - အနေတော် တစ်ခြမ်း
- ခရမ်းချဉ်သီး - အနေတော် နှစ်လုံး
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ငါးငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
- အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
- ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်
- မျှင်ငါးပိ - အနည်းငယ်
- နံနံပင် - မိမိနှစ်သက်သလောက်
- သံပုရာသီး - တစ်ခြမ်း
ပြင်ဆင်ပုံ
- မှိုကိုရေဆေးပြီး မထူမပါးလေးတွေ ပုံပါအတိုင်း လှီးပေးပါ
- ကြက်သွန်ဖြူ ကြက်သွန်နီ နှင့် ငရုတ်သီးမှုန့်တို့ကို ညက်နေအောင် ရောထောင်းပေးထားပါ
- ငရုတ်သီးစိမ်းကို ရေဆေးပြီး ထက်ခြမ်းခွဲထားပါ
- ခရမ်းချဉ်သီးကို ရေဆေးကာ မထူမပါးလေးတွေ လှီးထားပါ
- နံနံပင်ကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
- သံပုရာသီးကို ရေဆေးပြီး ထက်ဝက်ခြမ်းထားပါ
- အရည် သောက်ဆမ်းဟင်း အနေအထား ချက်မှာ ဖြစ်တဲ့အတွက် အရင်ဆုံး အိုးထဲမှာ ရေကို ယောက်ချိုဇွန်း လေးဇွန်းလောက် ထည့်ပေးပါ
- ထိုရေထဲမှာ ပုဇွန်ငါးပိ ငရုတ်သီး ကြက်သွန်ထောင်း ခရမ်းချဉ်သီးနှင့် ငရုတ်သီးစိမ်းတို့ ထည့်ကာ ရေပွက်ပွက်ဆူအောင် တည်ပေးပါ
- ရေပွက်ပွက် ဆူလာတာနဲ့ မှိုကိုထည့်ကာ အိုးအဖုံးအုပ်ပြီး တည်ပေးပါ
- ရေပွက်ပွက် ဆူလာတာနဲ့ အကြာကြီး တည်စရာ မလိုဘဲ ရှစ်မိနစ်လောက် တည်ပေးပြီးတာနဲ့ သံပုရာရည်ကို ထည့်ပေးပါ
- ပြီးတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် လိုသလို ပြင်ပေးပါ
- အရည်သောက်ဆမ်းဟင်း ဖြစ်တဲ့အတွက် ဟင်းရည်အနေအထားကိုလဲ မိမိစိတ်ကြိုက် အနေအထားလောက် ရလာအောင်လဲ ပြင်ပေးနိူင်ပါတယ်
- ပြီးတာနဲ့ နံနံပင် အုပ်ပေးပြီး မီးပိတ်ကာ အပ်မှိုအရည်သောက်ဆမ်းဟင်းကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။
No comments:
Post a Comment