Wednesday 8 March 2023

ဖက်ထုတ် ဟင်းချို


 ဒီနေ့တော့ အရည်သောက် တစ်မယ်အတွက် ဝက်နံရိုးလေးတွေ ဝယ်လာပြီး အရိုးပြုပ်လေး ပြုပ်ဖြစ်ပါတယ် အရိုးပြုပ်လေး ပြုပ်ပြီးတာနဲ့ ပုဇွန်ဖက်ထုတ် လေးတွေနဲ့ ဟင်းချိုရည် ချက်ဖြစ်ပါတယ်။

ဖက်ထုတ်ဟင်းချိုထဲကို မုန့်ညှင်းစိမ်း အရွက်လေးတွေရယ် အပ်မှိုလေးတွေရယ် ထည့်ချက်ထားတဲ့အတွက် ဟင်းချိုရည် ချိုချိုလေးကို ရစေပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ဟင်းချိုချက်နည်းလေးကို  မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. အရိုးအသား တွဲနေသော ဝက်နံရိုး  - 1 kg
  2. အဆင်သင့် လုပ်ထားသော ပုဇွန်ဖက်ထုတ် - ဆယ်ခု
  3. ချင်း -  တစ်လက်မခန့် 
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး ဆယ့်နှစ်မွှာ
  5. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ
  7. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  8. အပ်မှို - မိမိနှစ်သက်သလောက်
  9. မုန့်ညှင်းစိမ်း - စားနိူင်သလောက်
ပြင်ဆင်ပုံ
  • ဖက်ထုတ်များကို အဆင်သင့် ပြင်ထားပါ
  • အပ်မှိုကို ရေဆေးထားပါ
  • မုန့်ညှင်းစိမ်းကို အနေတော်လေးတွေလှီးကာ ရေဆေးထားပါ
  • ဝက်နံရိုးကို ရေစင်အောင်ဆေးပြီး အနေတော် အတုံးလေးတွေ ပိုင်းပေးပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးပြီး ဓါးပြားရိုက်ထားပါ
  • ဇောက်နက်သော အိုးထဲမှာ ရေခပ်များများထည့်ပြီး ဝက်နံရိုးထည့်ကာ ပြုပ်ပေးပါ
  • ရေပွက်ပွက် ဆူလာတာနဲ့ သုံးမိနစ်လောက် ပြုပ်ပေးကာ ရေများကို သွန်ပေးပါ
  • ပြီးတော့မှ အိုးထဲမှာ ချင်း ဆား အချိုမှုန့် ရေနှင့် ဝက်နံရိုးများ နူးတဲ့အထိ ပြုပ်ပေးပါ
  • ဝက်နံရိုး ချင်း ဆား နှင့် ရေမြုပ်အောင်ထည့်ကာ ပြုပ်ပေးပါ
  • ရေကိုပွက်ပွက် ဆူအောင်တည်ပေးရင်း ရေလိုအပ်ပါက ထပ်ထပ်ထည့်ပေးပါ 
  • ရေပွက်ပွက် ဆူလာပြီး အပေါ်ယံမှာ အမြှပ်များ တက်လာပါက အပေါ်ယံ အမြှုပ်များ ခပ်ပြီးသွန်သွန်ပေးပါ
  • ဝက်နံရိုးအနံ့ ပျောက်လာအောင် နာရီ၀က်လောက် အရင်ပြုပ်ပေးပြီး တက်လာသမျှ အမြုပ်များကို ခပ်ပြီးသွန်ပေးပါ
  • ဝက်နံရိုးပြုပ်ရည် အမွှေးနံ့ သင်းလာတာနဲ့ ဆား  ဖက်ထုတ် မုန့်ညှင်းစိမ်း အချိုမှုန့်နှင့် ရေလိုသလောက်ထည့်ကာ ဟင်းရည်ကို ပွက်ပွက်ဆူအောင် တည်ပေးပါ
  • ဟင်းရည်အရသာကို မြည်းပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပြီး  ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူနှင့် ငရုတ်ကောင်းမှုန့်ထည့်ပေးကာ မီးမျှင်းမျှင်းနှင့် တည်ထားပါ
  • ဟင်းရည်သောက်ခါနီး ပူနေပါမှ အရသာရှိပြီး မွှေးရနံ့သင်းပျံ့တဲ့ ဝက်နံရိုး အရသာကို ရမှာ ဖြစ်ပါတယ်။
  • ဟင်းရည် အဆင်သင့် ဖြစ်တာနဲ့ အပ်မှိုထည့်ကာ  သောက်သုံးရန် ပြင်ပေးနိူင်ပါပြီ။


No comments:

Post a Comment