ဒီနေ့တော့ ကြက်ဆီထမင်း ချက်ပါတယ် ကြက်ဆီထမင်း ချက်နည်းလေးတွေ မကြာခန တင်ဖူးပေမဲ့wifi လိုင်းမကောင်းတဲ့အခါ ပြန်ရှာရ ခက်နေမှာဆိုးလို့ ထပ်မံပြီး တင်ပေးခြင်းမျှသာ ဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ကြက်ဆီထမင်း ချက်နည်းလေးကို မြင်မိတဲ့အခါ ချက်စားချင်ရင် အလွယ်တစ်ကူ ချက်စားနိူင်အောင် မျှဝေပေးလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- မိမိနှစ်သက်ရာ ကြက်သား - တစ်ကီလိုခန့်
- ဘာစမာတီဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး လေးဗူး
- ကြက်အဆီဖတ် - ငါးခုခန့် သို့မဟုတ် ကြက်အရည်ခွံ ငါးခုခန့်
- ကြက်သွန်ဖြူ - အမွှာကြီးကြီး အမွှာ၂၀ခန့် (အချဉ်စပ်ရန် ဟင်းချိုရည်ထဲထည့်ရန်နှင့် ကြက်ဆီချက်ထဲထည့်ရန် ခွဲသုံးပါ)
- နံနံပင် - မိမိနှစ်သက်သလာက်
- ချင်း - နှစ်လက်မခန့် (အချဉ်စပ်ရန် ကြက်ပြုပ်နှင့် ဆန်ဆီသတ်ရန် ခွဲသုံးပါ )
- သံပုရာသီး - တစ်ခြမ်း
- ပဲငံပြာရည် အနောက်ရည် - ထမင်းစားဇွန်း တစ်ဇွန်းသာသာ
- သကြား - ထမင်းစားဇွန်း တစ်ဇွန်း
- ပဲငံပြာရည်အကျဲ - ထမင်းစားဇွန်း သုံးဇွန်း
- သခွားသီး - အနည်းငယ်
- အချိုမှုန့် - လက်ဖက်ရည်ဇွန်း နှစ်ဇွန်းခွဲ (ဟင်းချိုနှင့် ကြက်ပြုပ်တွင်သုံးရန်)
- ဆား - လက်ဖက်ရည်ဇွန်း နှစ်ဇွန်းခွဲ ( ကြက်ပြုပ်ထဲ ၂ဇွန်းထည့်ရန်နှင် ပိုတာကို ဟင်းချိုရည်ထဲ ထည့်ရန်)
- ရေ - လိုသလောက်
- ကြက်ပြုပ်ရည် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ရှစ်ဗူး (ဟင်းချိုရည်ချက်ရန်)
ကြက်သားပြုပ်ရန် ပါ၀င်ပစ္စည်းများ
- ကြက်သားကို သန့်စင်အောင် ဆေးပေးထားပါ
- ကြက်သွန်ဖြူ ၅မွှာကို အခွံခွာပြီး ရေဆေးထားပါ
- ချင်းခပ်ပါးပါး ၅ပြားခန့်ကို အခွံခွာပြီး ရေစင်အောင်ဆေးထားပါ
- ဇောက်နက်သော အိုးတလုံးထဲမှာ ရေကိုထဲ့ပြီး ကြက်သား ချင်း ဆား လက်ဖက်ရည်ဇွန်း တဇွန်းခွဲ အချိုမှုန့် လက်ဖက်ရည်ဇွန်း ၂ဇွန်း ကြက်သွန်ဖြူ တို့နှင့် ရေမြုပ်အောင်ထည့်ကာ ဟင်းရည်များ ေ၀မကစြရေနျ အဖုံးမဖုံးဘဲ မီးအားကောင်းကောင်းနဲ့ ပြုပ်ပေးပါ
- ဟင်းရည်များ ပွက်ပွက်ဆူလာပြီဆိုတာနဲ့ မီးကိုအနေတော်သို့ လျှော့ကာ အဖုံးဖုံးပြီး ပြုပ်ပေးပါ
- တဖက္ကို မိနစ်၂၀ခန့်ပြုပ်ပေးပြီး နောက်တဖက်ကို အသာလှန်ပေးပြီး မိနစ်၂၀ခန့် ဆက်ပြုပ်ပေးပါ
- မိနစ်၄၀ခန့် ပြုပ်ပေးပြီးတာနဲ့ဆယ်ပေးပြီး အေအးခံကာ မိမိနှစ်သက်သည့်ပုံစံ ခုတ်ပေးထားပါ
ကြက်ဆီချက်ရန်
- ချင်း လက်တဆစ်လောက်ကို အခွံခွာပြီး ခပ်ပါးပါး လှီးထားပါ
- ကြက်သွန်ဖြူ ၇မွှာကို အခွံခွာပြီး ရေဆေးထားပါ
- ဆား အနည်းငယ်ကို ပြင်ထားပါ
- ကြက်အဆီဖတ်ကို ရေဆေးထားပါ
- ဆီ ထမင်းစားဇွန်း လေးဇွန်း
- ဒယ်အိုးတလုံးကို အပူပေးပါ
- အိုးပူလာတာနဲ့ ဆီ ကြက်ဆီဖတ် ကြက်သွန်ဖြူ ချင်းတို့ကို ထည့်ပြီးကြော်ပေးပါ
- ကြက်ဆီဖတ်များ အနည်းငယ် ပျော်လာတာနဲ့ ရေမြုပ်အောင်ထည့်ပြီး ဆက်တည်ပေးပါ
- ကြက်ဆီဖတ်များ ပျော်လာပြီး ကြက်သွန်ဖြူနှင့် ချင်းတို့မွှေးလာပါက မီးပိတ်ပေးပါ
ထမင်းချက်ရန်
- ဆန်ကို ရေဆေးပြီး စစ်ထားပါ
- ပြီးတာနဲ့ ရေဆေးပြီး စစ်ထားသော ဆန်အိုးထဲကို ချက်ထားသော ကြက်ဆီဖတ်များ ချင်းများ ကြက်သွန်ဖြူများနှင့် ဆီ ထမင်းစားဇွန်း ၅ဇွန်းလောက် ထဲ့ပေးပါ
- ပြီးတာနဲ့ ထမင်းပေါင်းအိုးထဲ ရေ ဆန်ချင်ဗူး ၈ဗူး ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်းသာသာ အချိုမှုန့် လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်ပြီး ချက်ပေးပါ
- သုံးသော ဆန်အနေအထားပေါ် မူတည်ပြီး ရေကို လိုတိုးပိုလျှော့လုပ်ပြီး ထည့်ပေးပါ
- ဆန်ပျော့ကို ချက်ပါက ပုံမှန်အတိုင်း ရေကိုထည့်ပြီး ဆန်မာကိုသုံးပါက ရေပိုထည့်ပါ
- ဆန်အမာ သုံးထားသည့်အတွက် ရေကိုပိုသုံးထားပါတယ်
- ထမင်းအိုး ရေဆူလာပါက အထက်အောက် သမအောင် နှစ်ချက် သုံးချက်လောက် မွှေပေးပါ
- ထမင်းပေါင်းအိုး ခလုပ်တက်ပါက ကြက်ဆီထမင်း ကျက်ပါပြီ
- ထမင်းနှင့် တွဲစားရန် သခွားသီးကို ရေဆေးပြီး အခွံခွာကာ လှီးပေးထားပါ
- အားလုံး အဆင်သင့် ဖြစ်တာနဲ့ နှစ်သက်သလို ပြင်ဆင်ပေးပြီး စားသုံးနိူင်ပါပြီ။
ကြက်ဆီထမင်းနှင့် တွဲစားရန် sauce စပ်ရန်
- ချင်း လက်တဆစ်ခန့်ကို ညက်နေအောင် ထောင်းထားပါ
- ကြက်သွန်ဖြူကို မညက်တညက် ထောင်းထားပါ
- ပဲငံပြာရည်အပြစ် အကြည် သံပုရာရည် ဆား သကြားတို့ကိုပြင်ထားပါ
- ရေနွေး အအေးခံပြီးသား ထမင်းစားဇွန်း ၃ဇွန်းကို ပြင်ပေးထားပါ
- ဇလုံထဲမှာ ပါ၀င်ပစ္စည်းများ အကုန်ထည့်ပြီး ဖျော်ပေးပါ
ဟင်းချိုရည်ချက်ရန်
- ကြက်ဆီထမင်း ချက်ရန် ပြုပ်ထားသော ကြက်ပြုပ်ရည်ကိုများကို ရေသင့်ရုံထည့်ပြီး နံနံပင်အရိုး ဆားနှင့်အချိုမှုန့်ထည့်ကာ ရေဆူအောင် တည်ပေးပါ
- ရေပွက်ပွက်ဆူလာပါက အရသာမြည်းပြီး ကြက်သွန်ဖြူထောင်းနှင့် ငရုတ်ကောင်းကို အနည်းငယ် ခပ်ပေးပါ
- ကြက်ဆီထမင်း စားရန် မိသားစု နည်းတဲ့အတွက် ကြက်သားနှင့်ဆန်ကို သင့်ရုံလေးဘဲ ချက်ထားပါတယ် ၅ယောက်စာအတွက် အထက်ပါ နူံးထားအတိုင်း ချက်ပေးပါ။
No comments:
Post a Comment