Monday 1 November 2021

ငါးဖယ်အသားချဉ်သုပ်

 



ငါးဖယ်ချဉ်လေး လုပ်ထားတာ ရလာပြီဆိုတော့ ငါးဖယ်ချဉ်သုပ်လေး စားချင်လာခဲ့တယ် ငါးဖယ်အသား ခြစ်ပြီးသားလေးတွေ ဝယ်လာပြီး ငါးဖယ်အသားချဉ်လေး လုပ်ထားတာ အဆင်ပြေလွန်းလို့  ငါးဖယ်ချဉ် သုပ်နည်းလေးကို မာမာပြင်ဆင်ထားတဲ့ နည်းအတိုင်း မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ငါးဖယ်ချဉ် - လေးတုံး
  2. ကြက်သွန်နီ - အနေတော် တစ်လုံး
  3. နံနံပင် - နှစ်သက်သလောက်
  4. ငရုတ်သီးစိမ်း - နှစ်သက်သလောက်
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်ပဲ
  6. ဆီ - ထမင်းစားဇွန်း လေးဇွန်း
ငါးဖယ်ချဉ်သုပ်ရန် ပြင်ဆင်ပုံ
  • ငါးဖယ်ချဉ်ကို လက်တစ်လုံးလောက် အနေအထားလေးတွေ တုံးပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါးလှီးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး စားနိုင်သလောက် လှီးထားပါ
  • နံနံပင်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
ငါးဖယ်ချဉ်သုပ်ပုံ
  • ဇလုံတစ်လုံးထဲမှာ ငါးဖယ်ချဉ် ကြက်သွန်နီ နံနံပင် အရသာမှုန့် ငရုတ်သီးစိမ်းနှင့် ပဲဆီတို့ ထည့်ပေးပါ
  • ပြီးတာနဲ့ အရသာ သမအောင် ခပ်ဖွဖွလေး နယ်ပေးပြီးပါက အရသာကို မြည်းပေးပါ
  • အရသာ မြည်းပြီးတာနဲ့ မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • ပြီးတာနဲ့ ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့ ချဉ်ငံစပ် ငါးဖယ်ချဉ်သုပ် မွှေးမွှေးလေးကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment