Tuesday 9 November 2021

အော်စွန်းသုပ်

 






ဒီနေ့တော့ အရင်တစ်ပါတ်က ဝယ်လာတဲ့ အော်စွန်းသုပ်ပါတယ် အနံ့မွှေးမွှေးလေးနဲ့ စားလို့လဲ ကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ အသုပ်သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
  1. အော်စွန်း - တစ်ပေခွဲခန့်ရှိသော အော်စွန်း
  2. ပဲကြာဇံ - လက်တစ်ဆုတ်စာ
  3. မြေပဲလှော်ထောင်း - ထမင်းစားဇွန်း နှစ်ဇွန်း
  4. သံပုရာသီး - အနေတော် တစ်ခြမ်း
  5. ပဲအကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  6. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  7. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  8. ကြက်သွန်ဖြူဆီချက် - ထမင်းစားဇွန်း နှစ်ဇွန်း
  9. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  10. ငရုတ်သီး အလှော်မှုန့် - စားနိူင်သလောက်
  11. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  12. ပြင်ဆင်ပုံ

    • အော်စွန်းကို အပြင်ခွံများ ခွာကာ ရေစင်အောင်ဆေးပေးပါ
    • ပြီးတာနဲ့ ခြစ်တံနှင့် ခြစ်ပေးပါ
    • ပဲကြာဇံကို တစ်နာရီခန့် ရေစိမ်ပေးပါ
    • ရေစိမ်ပြီးတာနဲ့ ရေနွေး ဆူဆူထဲမှာ ထပ်ထည့်ပေးပြီး နှစ်မိနစ်လောက် ထပ်ပြုပ်ပေးပါ
    • ပြုပ်ပြီးပါက ရေအေးနဲ့ဆေးပြီး ရေများကိုသွန်ပေးကာ ဇကာထဲမှာ စစ်ထားပါ
    • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
    • သံပုရာသီးကို ရေဆေးပြီး အစိတ်လေးတွေ လှီးထားပါ
    • ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
    • ဇလုံကျယ်ကျယ်ထဲမှာ ပဲကြာဇံများ အော်စွန်း ကြက်သွန်နီ မြေပဲလှော်ထောင်း  ပုဇွန်ခြောက်မှုန့် ပဲမှုန့် ငရုတ်သီးမှုန့် အရသာမှုန့် ကြက်သွန်ဖြူဆီချက် ငါးငံပြာရည်နှင့် သံပုရာရည် တို့ထည့်ပြီး ခပ်ဖွဖွ နယ်ပေးပါ
    • နယ်ဖတ်ပြီးပါက အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ချဉ်ငံစပ် အရသာလေးနဲ့ အော်စွန်း အသုပ်လေးကို နှစ်သက်သလို စားသုံးနိူင်ပါပြီ။

No comments:

Post a Comment