Saturday 6 November 2021

ထမင်းပေါင်း

 


ဒီနေ့တော့ ထမင်းပေါင်းလေး လုပ်ဖြစ်ပါတယ် စားလို့ကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
  1. ပဲလိပ်ချောင်း - တစ်ပေခန့် နှစ်ချောင်း
  2. ကြက်သွန်နီ - အလုံးသေး ငါးဥခန့်
  3. ပန်းဂေါ်ဖီ  - ငါးခက်ခန့်
  4. ဘရော့ကိုလီ - လေးခက်ခန့်
  5. မုံလာဥနီ - အနေတော် တစ်ဥ
  6. ကြက်ဥ - လေးလုံး
  7. မှိုခြောက် - ဆယ့်ငါးခုခန့်
  8. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  9. ပန်းခြောက် - ဆယ့်ငါးခုခန့်
  10. တရုတ်နံနံ - အခက်ကြီးကြီး နှစ်ခက်
  11. ပြောင်းကော်မှုန့်. - ထမင်းစားဇွန်း နှစ်ဇွန်းမောက်မောက်
  12. သကြား - ထမင်းစားဇွန်း တစ်ဇွန်း 
  13. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  14. ပဲငံပြာရည်အနောက်ရည် - ထမင်းစားဇွန်း တစ်ဇွန်း
  15. ကြက်ပြုပ်ရည် chicken stock - 2 cups
  16. ဆီ - ထမင်းစားဇွန်း သုံးဇွန်း 
  17. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  18. ချက်ပြီးသား ထမင်း 

ပြင်ဆင်ပုံ

  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးထားပါ
  • ပဲလိပ်ချောင်းကို ရေမြုပ်အောင်ထည့်ပြီး နှစ်နာရီလောက် စိမ်ပေးကာ ရေဆေးပြီး ရေစစ်ထားပါ
  • မှိုခြောက်ကို ရေမြုပ်အောင်ထည့်ကာ နှစ်နာရီလောက် စိမ်ပေးကာ ရေဆေးပြီး ရေစစ်ထားပါ
  • ပန်းခြောက်ကို ရေမြုပ်အောင်ထည့်ကာ နာရီဝက်လောက် စိမ်ပေးပြီး ရေစစ်ထားပါ
  • ဘရော့ကိုလီကို ရေဆေးပြီး အနေတော်လေးတွေ လှီးထားပါ
  • ပန်းဂေါ်ဖီကို ရေဆေးပြီး အနေတော် အခက်လေးတွေ လှီးပေးပါ
  • မုံလာဥနီကို အခွံခွာပြီး ရေတေးကာ မိမိနီစ်သက်သလို လှီးထားပါ
  • တရုတ်နံနံကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • အသီးအရွက် မကြော်ခင် ကော်ရည်ကို ဖျော်ထားပေးပါ
  • ပြောင်းကော်မှုန့် သကြား ဆားတို့ကို ရေ တရုတ်ဟင်းရေသောက်ပန်းကန် တစ်လုံးစာလောက်နဲ့ ဖျော်ထားပေးပါ
  • ကြက်ဥကို ကျက်အောင်ပြုပ်ပြီး အခွံခွာထားပါ
အသီးအရွက် ကြော်ရန်ပြင်ဆင်ပုံ
  • ပါဝင်ပစ္စည်း အားလုံးကို အဆင်သင့် ပြင်ထားပါ
  • ဇောက်နက်သော အိုးတစ်လုံးကို အပူပေးပြီး ဆီထည့်ပေးပါ
  • ဆီပူလာပါက ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူကို မွှေးလာတဲ့အထိ ကြော်ပေးပါ
  • ကြက်သွန်ဖြူ အနံ့လေး မွှေးလာတာနဲ့ ကြက်ပြုပ်ရည်ကို ထည့်ပေးပါ 
  • ကြက်ပြုပ်ရည် ပွက်ပွက်ဆူလာတာနဲ့  ငရုတ်ကောင်းမှုန့်နှင့်  တရုတ်နံနံမှလွဲပြီး အားလုံးကို ထည့်ပေးပါ
  • ရေကို ဆယ်မိနစ်လောက် ပေးဆူပြီးမှ ဖျော်ထားသော ကော်ရည်ကို လောင်းထည့်ပြီး မွှေပေးပါ
  • ကော်ရည်ပျစ်လာပါက ကြက်ဥနှင့် ပဲငံပြာရည်ကို ထည့်မွှေပေးပါ
  •  အရသာကို မြည်းပေးပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • ပြီးတာနဲ့  ငရုတ်ကောင်းမှုန့်နှင့် တရုတ်နံနံကို ထည့်မွှေပြီးတာနဲ့ မီးပိတ်ပေးပြီး ပန်းကန်ထဲ ပြောင်းထည့်ပေးပါ
  • ပန်းကန်ပြား တစ်ချပ်ထဲမှာ ထမင်းကို ထည့်ပေးကာ ကော်ရည်ကို ဆမ်းပေးပါ
  • ပဲလိပ် မှိုခြောက်ပန်းခြောက် ကော်ရည်ပူပူလေးကို ထမင်းပူပူနဲ့ တွဲဖက်ပြီး စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment