Wednesday 10 November 2021

ပုဇွန် ထမင်းကြော်

 


ဒီနေ့တော့ နွေရာသီကြီးမှာ မိုးကလဲရွာ လေကလဲ အရမ်းတိုက်နေတော့ စိတ်ထဲမှာ ညီးစိစိနဲ့မို့လို့ တစ်မယ်ထဲနဲ့ ဗိုက်ဝစေမဲ့ ထမင်းပွဲလေးဘဲ ကြော်လိုက်ပါတယ်။

ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ကြော်ဖြစ်တဲ့အတွက် ထမင်းကြော် ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. Basmati Rice - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  2. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး လေးဗူး
  3. ကြက်သွန်နီ - ခပ်သေးသေး တစ်လုံး
  4. ကြက်သွန်ဖြူ  - အမွှာကြီးကြီး သုံးမွှာ
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  7. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  8. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  9. ပုဇွန်အကောင်သေး - အကောင်သုံးဆယ်ခန့် (white tiger prawn )
  10. ကြက်ဥ - နှစ်လုံး
  11. နှမ်းဆီမွှေး - လက်ဖက်ရည်ဇွန်း တစ်ဝက်
  12. ပဲငံပြာရည် အပျစ် - ထမင်းစားဇွန်း နှစ်ဇွန်း

ပြင်ဆင်ပုံ
  • ဆန်ကို ရေသုံးခါလောက် ဆေးပေးပါ
  • ရေဆေးပြီးတာနဲ့ ရေနှင့်အတူ ထမင်းပေါင်းအိုးထဲ ထည့်ပေးကာ ခလုတ်နှိပ်ပြီး ချက်ပေးပါ
  • ထမင်းကျက်တာနဲ့ ချက်ထားသော ထမင်းကို အအေးခံပြီး ဖွထားပါ
  • ပုဇွန်ကို ရေဆေးပြီး အမြှီး ခေါင်း အခွံများဖယ်ကာ ကြောမှခွဲ၍ အမည်းကြောင်း ထုတ်၍ သန့်စင်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် စင်းထားပါ
  • ကြက်သွန်နီကို အခွံခွာကာ ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  • ကြပ်ဥကို ဇလုံတစ်လုံးထဲမှာ ဖောက်ထည့်ပြီး ခလောက်ထားပါ
  • ကျန်ပါဝင် ပစ္စည်းများပို မဆင်သင့် ပြင်ထားပါ
ကြော်ရန်ပြင်ဆင်ပုံ
  1. ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  2. ဆီပူလာပါ ပုဇွန်များကို အရင်ဆုံး ထည့်ကြော်ပေးပါ
  3. ပုဇွန်ထည့်ပြီး သုံးမိနစ်လောက် ရတာနဲ့  ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ကိုထည့်ပြီး နွမ်းသွားတဲ့ထိ ကြော်ပေးပါ
  4. ပြီးတာနဲ့ ခလောက်ထားသော ကြက်ဥကို ထည့်ကြော်ပေးပါ 
  5. ကြက်ဥထည့်ကြော်တာ နှစ်မိနစ်လောက် ရတာနဲ့ ထမင်းများကို ထည့်ကြော်ပေးပါ
  6. ပြီးတာနဲ့ ထိုအိုးထဲသို့ ပဲငံပြာရည် အပျစ် ဆားနှင့် အရသာမှုန့်တို့ကို ထည့်ပြီး အရသာ သမအောင် ထည့်မွှေပေးပါ
  7. အားလုံး အရသာ သမသွားပါက နှမ်းဆီနှင့် ငရုတ်ကောင်းမှုန့်ထည့်ပြီး မွှေပေးကာ တစ်မိနစ်လောက် ကြော်ပေးပြီး အရသာမြည်းကာ လိုသလို ပြင်ပေးပါ
  8. ပြီးတာနဲ့ မွှေးပြီးစိမ့်နေတဲ့ ထမင်းကြော်ကို စားသုံရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment