COVID 19 တတိယလှိုင်း ကျရောက်နေချိန်မှာ ဈေးသွားတာလဲ မလွယ်ကူ တစ်ခါသွားဖို့အရေး ချင့်ချိန်နေရတာနဲ့ စိတ်တွေလဲ အတော်မောရတယ်။
ဒါာကြောင်မ့်န့်လာမို့လို့ အရင်တစ်ပါတ်က ဝယ်ထားတဲ့ ပန်းဂေါ်ဖီထုတ်မှာ ပါလာတဲ့ အရိုးလေးတွေကို ပန်းဂေါ်ဖီပွင့်လေး အနည်းငယ်ရောကာ ချဉ်ရည်ဟင်းလေး တစ်မယ် ချက်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ချဉ်ရည်ဟင်း ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- ပန်းဂေါ်ဖီအရိုး - ဆယ်ခု
- ပန်းဂေါ်ဖီအပွင့် - လေးခက်ခန့်
- ရှမ်းနံနံရွက် - ၇ ရွက်ခန့်
- ကြက်သွန်နီ - အနေတော် တစ်ခြမ်း
- ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
- ချင်း - လက်တဆစ်ခန့်
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း
- ငါးငံပြာရည် - ထမင်းစားဇွန်း သုံးဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
- မန်ကျည်းသီးမှည့် - ထမင်းစားဇွန်း တစ်ဇွန်း
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- ပုဇွန်အကောင်သေး - 150 g
ပြင်ဆင်ပုံ
- ပန်းဂေါ်ဖီ အရိုးကို အပြင်ဖက်မှ အကြောများ သင်ပေးပြီး မထူမပါးလေးတွေလှီးကာ ရေဆေးထားပါ
- ပန်းဂေါ်ဖီ အပွင့်ကို ရေဆေးပြီး မထူမပါး အခက်လေးတွေ လှီးထားပါ
- ပုဇွန်ကို ရေဆေးပြီး မလိုတာတွေဖယ်ပြီး အခွံခြွတ်ထားပါ
- ရှမ်းနံနံကို ရေဆေးပြီး ရေစစ်ထားပါ
- ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ညက်နေအောင် ထောင်းထားပါ
- ရုံးပတေသီးကို အတောင့်လိုက် ရေဆေးပြီး အမြှီးနှင့် ထိပ်ဖက်တို့ကိုဖြတ်ကာ ထက်ဝက်ပိုင်းထားပါ
- မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေနွေးနှင့် စိမ်ထားပါ
- ဇောက်နက်သော အိုးထဲမွာ လှီးထားသော ပန်းဂေါ်ဖီ အပွင့် ပန်းဂေါ်ဖီအရိုး ပုဇွန်များ နနွင်းမှုန့် ဆား ငါးငံပြာရည် အရသာမှုန့် ဆီနှင့် ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ချင်းထောင်းတို့ကိုထည့်ပြီး နယ်ပေးပါ
- အရသာ နယ်ပြီးပါက ရေအနည်းငယ်ထည့်ပြီး အရင်ဆုံး လုံးရည် ရေဆူအောင် တည်ပေးပါ
- ရေဆူလာတာနဲ့ အထက်အောက် သမအောင်မွှေပေးပြီး အဖုံးအုပ်ကာ ပြန်တည်ထားပါ
- မုံလာဥများ တော်တော်လေး နွမ်းလာတာနဲ့ ရေလိုသလောက်ထည့်ပြီး ပွက်ပွက်ဆူအောင် ပြန်တည်ပေးပါ
- ရေပွက်ပွက်ဆူကာ မုံလာဥများ နွမ်းလာတာနဲ့ မန်ကျည်းသီးမှည့် အနှစ်ထည့်ပြီး ရေကို တစ်မိနစ်လောက် ထပ်ဆူအောင်ထားလိုက်ပါ
- ပြီးတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ရှမ်းနံနံရွက် အုပ်ပေးပြီး မီးပိတ်ပေးပါ
- ထမင်းမြိန်စေမဲ့ အရသာ မွှေးလွန်းတဲ့ ချဉ်ရည်ဟင်း ပူပူလေးကို ရပါပြီ။
No comments:
Post a Comment