Tuesday 16 March 2021

ရွှေဖရုံသီးဟင်းချို


ဒီနေ့တော့ ရွှေဖရုံသီးဟင်းချို ချက်ပါတယ် ဆီးချိုဝေဒနာသည်တွေ စားလို့ရအောင်အတွက် ပါဝင်တဲ့ အဟာရဓါတ်တွေကို တွက်ချက်ပြီး ချက်ထားပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ ရွှေဖရုံသီးဟင်းချို ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ရွှေဖရုံသီး - တစ်ကီလိုခွဲ
  2. Low- fat rice milk - 0.113 kg
  3. ရေ - 0.133 kg
  4. Sea salt - အနည်းငယ်
  5. ငရုတ်ကောင်းမှုန့် - အနည်းငယ်
ပြင်ဆင်ပုံ
  • ရွှေဖရုံသီးကို အခွံခွာပြီး ရေဆေးကာ ခပ်သေးသေး အတုံးလေးတွေ တုံးပေးပါ
  • ငရုတ်ကောက်းမှုန့်နှင့် ဆားတို့ကို ပြင်ထားပါ
  • ဇောက်နက်သော အနေတော်အိုးထဲမှာ ရွှေဖရုံသီး ဆန်နို့ရည်နှင့် ရေတို့ထည့်ပြီး မီးအားပြင်းပြင်းနှင့် တည်ပေးပါ
  • ဟင်းရည်အိုး ပွက်ပွက်ဆူလာတာနဲ့ မီးကို အနိမ့်ဆုံးထိ လျှော့ပေးပြီး မိနစ်သုံးဆယ်လောက် တည်ပေးပါ
  • ပြီးတာနဲ့ အအေးခံပြီး အသီးကြိတ်သော ဘလင်ဒါထဲ ထည့်ပေးကာ ညက်ပြီးချောမွတ်လာတဲ့အထိ ကြိတ်ပေးပါ
  • ညက်နေအောင် ကြိတ်ပြီးတာနဲ့ ပန်းကန်ထဲ ပြောင်းထည့်ပေးပြီး ဆားနှင့် ငရုတ်ကောင်းမှုန့်တို့ထည့်ကာ ရွှေဖရုံသီး ဟင်းချိုကို သုံးဆောင်နိူင်ပါပြီ။

ပါဝင်သော အဟာရဓါတ်များ
  1. Calories - 120
  2. Calories from fat - 10
  3. Total fat - 1.0 g
  4. Saturated fat - 0.0 g
  5. Trans fat - 0.0 g
  6. Cholesterol - 0 mg
  7. Sodium - 60 mg
  8. Potassium - 520 mg
  9. Total Carbohydrate - 28 g
  10. Diretary Fiber - 5 g
  11. Sugar - 15 g
  12. Protein - 2 g

No comments:

Post a Comment