Friday 15 January 2021

ပန်းဂေါ်ဖီကြော်



ဒီနေ့တော့ ပန်းဂေါ်ဖီ အရိုးရှည်လေးကို ကြက်ဥနဲ့ မွှေကြော်လေး ကြော်ပါတယ် ပန်းဂေါ်ဖီ အရိုးရှည်လေးတွေက ရိုးရိုးပန်းဂေါ်ဖီတွေထက် စားရတာ ပိုပြီးချိုပါတယ် ဒါကြောင့်မို့လို့ အရန်ဟင်းတစ်မယ်အတွက် လွယ်ကူမြန်ဆန်စွာ ပြင်ဆင်နိူင်အောင် ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့ ပန်းဂေါ်ဖီ အစိမ်းကြော် ကြော်နည်လေးးကို မျှဝေလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ

  1. ပန်းဂေါ်ဖီ - အနေတော် ဆယ်ခက်ခန့်
  2. တရုတ်နံနံ - မိမိနှစ်သက်သလောက်
  3. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. ဆီ - ထမင်းစားဇွန်း ငါးဇွန်း 
  8. ကြက်ဥ - တစ်လုံး

ပြင်ဆင်ပုံ

  • ပန်းဂေါ်ဖီကို ရေဆေးပြီး အနေတော်  အခက်လေးတွေ လှီးထားကာ ရေစစ်ထားပါ
  • တရုတ်နံနံကို ရေဆေးပြီး အနေတော်လေူတွေ လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါးလေးတွေ လှီးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်တို့ကိုထည့်ပြီး အပူပေးပါ
  • ဆီပူလာလျှင် ကြက်သွန်နီကို နွမ်းလာရုံလေး ထည့်ကြော်ပေးပါ
  • ပြီးတာနဲ့ ပန်းဂေါ်ဖီ ဆားနှင့် အရသာမှုန့်တို့ ထည့်မွှေပေးပါ
  • အရသာ သမသွားအောင် မွှေပေးပြီးတာနဲ့ အိုးအဖုံးကို နှစ်မိနစ်လောက် အုပ်ပေးပါ
  • အသီးအရွက်ကြော် ဖြစ်တဲ့အတွက် အရမ်းနွမ်းပြီး အသီးအရွက်များ အရောင်ပြောင်းတဲ့အထိ ကြော်စရာမလိုတဲ့အတွက် ခနဘဲကြော်ပေးပါ
  • ပန်းဂေါ်ဖီ အနည်းငယ် နွမ်းလာတာနဲ့ အိုးအဖုံးဖွင့်ပြီး ပန်းဂေါ်ဖီများကို ဘေးကိုခန တွန်းပေးပါ
  • ပြီးတာနဲ့ ကြက်ဥကို ဖောက်ထည့်ကာ ကြက်သွားအောင် မွှေကြော်လေး ကြော်ပေးပါ
  • ကြက်ဥကျက်တာနဲ့ ပန်းဂေါ်ဖီနှင့် ရောမွှေပေးကာ အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
  • မိမိစိတ်ကြိုက် အရသာ ရပြီဆိုတာနဲ့ တရုတ်နံနံကို ထည့်မွှေပေးပါ
  • အရသာ သမသွားတာနဲ့ အရမ်းစားလို့ ကောင်းလွန်းတဲ့ ပန်းဂေါ်ဖီ အစိမ်းကြော်လေး ရပါပြီ။

No comments:

Post a Comment