Tuesday 12 January 2021

ချဉ်ငံစပ် ကျောက်ပွင့်သုပ်




မှိုကျောက်ပွင့်အဖြူလေးတွေ ဝယ်ထားပြီး မစားဖြစ်တာ ကြာနေတေဲ့အတွက် ဒီနေ့တော့ ချဉ်ငံစပ် အသုပ်လေး သုပ်စားဖြစ်ပါတယ် ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ သုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. မှိုကျောက်ပွင့်အဖြူ - တစ်ပွင့်
  2. အာလူး - အလုံးကြီးကြီး နှစ်လုံး
  3. ကြက်သွန်နီ - အနေတော် တစ်လုံး
  4. နံနံပင် - အနေတော် သုံးပင်
  5. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်ပဲ
  6. အကျက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  7. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  8. ငရုတ်သီး အလှော်မှုန့် - စားနိူင်သလောက်
  9. ကြက်သွန်ဖြူ ဆီချက် - ထမင်းစားဇွန်း တစ်ဇွန်းသာသာ
  10. မန်ကျည်းသီးမှည့် - ကွမ်းသီးဆံလုံးလောက်
  11. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်းသာသာ
  12. ကြက်သွန်နီ ဆီချက် - ထမင်းစားဇွန်း နှစ်ဇွန်း
ပြင်ဆင်ပုံ
  • မှိုကျောက်ပွင့်ကို ရေစိမ်ပြီး ပွလာတာနဲ့ အနေတော်လေးတွေ လှီးပေးထားပါ
  • အာလူးကို နူးအောင်ပြုပ်ပြီး အခွံခွာကာ မထူမပါးလေးတွေ လှီးပေးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးပေးထားပါ
  • နံနံပင်ကို ရေဆေးပြီး အနေတော် လှီးထားပါ
  • မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ထမင်းစားဇွန်း နှစ်ဇွန်းသာသာနှင့် ရေစိမ်ထားပါ
  • ပါ၀င်ပစ္စည်း အားလုံးကို အဆင်သင့် ပြင်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်ပါကဇလုံကျယ်ကျယ် တစ်လုံးထဲမှာ ပါ၀င်ပစ္စည်းများ ထဲ့ပေးပါ 
  • မန်ကျည်းသီးမှည့် အရည်ကို အဖတ်များ ဖယ်ပေးပြီး ထဲ့ပေးပါ
  • ပြီးတာနဲ့ အရသာ သမသွားအောင် နယ်ပေးပါ
  • အရသာ နယ်ပြီးတာနဲ့ အရသာမြည်းပြီး မိမိစိတ်ကြိုက် ရလာအောင် လိုအပ်သလို ပြင်ပေးပါ
  • ပြင်ပေးပြီးတာနဲ့ စားသုံးရန် ပန်းကန်တစ်ခုထဲ ပြောင်းထည့်ပေးကာ ချဉ်ငံစပ် မှိုကျောက်ပွင့်သုပ် ကြွတ်ကြွတ် မွှေးမွှေးလေးကို နှစ်သက်သလို သုံးဆောင်နိူင်ပါပြီ။

No comments:

Post a Comment