ဒီနေ့တော့ ကိုယ်တိုင်လုပ် ကြံမဆိုင် လုပ်နည်းလေး မျှဝေလိုက်ပါတယ် ကိုယ့်ဘာသာကို ထည့်လိုက်တော့လဲ သန့်သန့်လေး စားရပါတယ်
အကြာကြီးလဲ စောင့်စရာမလိုဘူး ရာသီဥတုပူနေရင် ၃ရက် ရာသီဥတု မပူရင်တော့ ၅ရက်လောက် ထားပြီးရင် စားလို့ရပြီ။
ပါဝင်ပစ္စည်းများ
အကြာကြီးလဲ စောင့်စရာမလိုဘူး ရာသီဥတုပူနေရင် ၃ရက် ရာသီဥတု မပူရင်တော့ ၅ရက်လောက် ထားပြီးရင် စားလို့ရပြီ။
ပါဝင်ပစ္စည်းများ
- မုန့်ညှင်းစိမ်း - တစ်ကီလို
- ဆား - ထမင်းစားဇွန်း လေးဇွန်း
- ငရုတ်သီးစိမ်း - မိမိနှစ်သက်သလောက်
ပြင်ဆင်ပုံ
- မုန့်ညှင်းစိမ်းအရွက်ကို ရေစင်အောင်ဆေးပေးပြီး ရေစစ်ထားပါ
- ရေစစ်ပြီဆိုတာနဲ့ ဆားကြမ်းကြမ်းနှင့် နယ်ထားပါ
- ငရုတ်သီးတောင့်ကို ရေဆေးပြီး ရေစစ်ထားပါ
- အရွက်များ အချဉ်တည်နေစဉ် အူလည်လည် မဖြစ်စေရန် ဆားကို ခပ်ငံငံလေး နယ်ပေးပါ
- နယ်ပြီးတာနဲ့ ပုလင်းသန့်သန့်ထဲကို ထည့်ပေးပါ
- အရွက်များနှင့်အတူ ငရုတ်သီးတောင့်လေးတွေကို ထည့်ပေးပါ
- ပြီးတာနဲ့ ပုလင်းကို လေလုံအောင် ပိတ်ထားပြီး အခန်းအပူချိန်အတိုင်း ထားပါက ၂ရက်လောက်ဆို ဆားရည်များ ပျော်လာပါလိမ့်မယ်
- ဆားရည် ပျော်လာပါက အရွက်များ မြုပ်သွားအောင် ဇွန်းသန့်သန့်နှင့် ဖိဖိပေးပါ
- ရာသီဥတုပူရင် သုံးရက်လောက် ထားရပြီး ရာသီဥတု မပူရင်တော့ ၅ရက်လောက်ဆို စားလို့ရပါပြီ
- အိမ်အပြင်မှာ နေပူနေပါက နေပူထဲမှာ ပြပြပေးပါ
- သူ့ဘာသာသူ ဆားရည်လေးတွေ ထွက်လာပါက အရွက်များ မြုပ်အောင် ဇွန်းသန့်သန့်နဲ့ ဖိဖိပေးပြီး အဖုံးလုံအောင် ပြန်ပိတ်ထားကာ နေပြန်ပြပေးပါ
- ၃ရက်လောက်ဆို မိမိနှစ်သက်သလို ပြင်ဆင်ချက်ပြုပ် စားလို့ရပြီ
- နေမပူရင်တော့ အနည်းဆုံး ၅ရက်လောက် ထားပေးပြီးပါက မိမိနှစ်သက်သလို ပြင်ဆင်ကာ စားနိုင်ပါပြီ။
မုန်ညှင်းချဉ်ဆို ဘယ်လိုဖြစ်ဖြစ်ကြိုက်လို့ လုပ်နည်းလေးမှတ်သွားတယ်တယ် အန်တီ...း)
ReplyDeleteမိုးငွေ့
thanks, i'll try it as your methods.
ReplyDeleteunicode လေးပြေင်းပေးပါလားဗျာ
ReplyDelete