ဒီတခါတော့ မြန်မာပါးစပ် ခံတွင်းတွေ့စေမဲ့ ငါးကင် ကင်ပါတယ် ကင်တယ်ဆိုတာထက် ဒယ်အိုးထဲမှာ အိုးကင်ပူ တိုက်တယ်ဆိုရင် ပိုမှန်မှာပါ အရသာထူးပြီး စားကောင်းစေတဲ့အတွက် အိုးပူ တိုက်နည်းလေး မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ငါး အသားပြား - ၃ခု
- ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- အချိုမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
- သံလွင်ဆီ - ထမင်းစားဇွန်းတစ်ဇွန်း (သံလွင်ဆီမရှိက တခြားဆီကို သုံးနိုင်ပါတယ်)
ပြင်ဆင်ပုံ
- ငါးအသားပြားကို ရေဆေးကာ ရေစစ်ထားပါ
- ရေစစ်ထားသော ငါးအသားပြားကို ရေစစ်တာနဲ့ ဆား အချိုမှုန့် ငရုတ်ကောင်းမှုန့် နနွင်းမှုန့်တို့နဲ့ ခပ်ဖွဖွဆုတ်ပြီး နယ်ပေးပါ
- အောက်ခြေမကပ်သော ဒယ်အိုးကို အပူပေးပြီး ဆီအနည်းငယ်ထည့်ပါ
- ဆီပူလာတာနဲ့ငါးကိုထည့်ပြီး အိုးထဲထည့်ပေးပါ
- ၂မိနစ်လောက်အပူပေးပြီး ငါးအပေါ်ယံကို ဆီအနည်းငယ် သုတ်ပေးကာ တဖက်ကို လှည့်ပေးပြီး ကင်ပါ
- နောက်တဖက်ကိုလဲ ၂မိနစ်လောက်ကင်ပေးပြီးရင် ရပါပြီ
- မွှေးပြီးချိုနေသော ငါးကင်ကို ပန်းကန်ထဲ ပြောင်းထည့်ကာ စားပွဲပြင်နိုင်ပါပြီ။
No comments:
Post a Comment