Wednesday 29 April 2015

ပင်လယ်စာဟင်း



ပင်လယ်အစုံလေး ဒီနေ့ချက်ဖြစ်ပါတယ် အုန်းနို့နံ့မွှေးမွှေးလေးနဲ့မို့ ပင်လယ်စာအနံ့ပျောက်ပြီး စားလို့အရမ်းကို ကောင်းပါတယ် အုန်းနို့ဟင်းချက်အနှစ် ရယ်ဒီမိတ်အထုတ်မှာ အရသာတွေ ပါပြီးသားပေမဲ့ အရသာပိုကောင်းပြီး ပင်လယ်စာအနံ့ သက်သာစေဖို့ ကြက်သွန်နီ ကြက်သွန်ဖြူ စပါးလင်တို့ကို မာမာထပ်ထည့်ထားပါတယ်။

ပါဝင်ပစ္စည်း

  • ပင်လယ်စာအစုံ - 350g
  • ခပ်နုတ်နုတ်လှီးထားသော ကြက်သွန်နီ - အနေတော် တခြမ်း
  • ခပ်နုတ်နုတ်လှီးထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ခပ်ပါးပါးလှီးထားသော စပါးလင် - တလက်မခွဲသာသာ
  • ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • အုန်းနို့ဟင်းချက်အနှစ် - ထမင်းစားဇွန်း တဇွန်း
  • ဆီ - ထမင်းစားဇွန်း ၃ဇွန်း
  • နနွှင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • သံပုရာသီး - တခြမ်း
ပြင်ဆင်ပုံ
  • ပင်လယ်စာအစုံကို သန့်စင်ပြီး ရေဆေးထားပါ
  • ဆီကို အပူပေးပြီး နနွင်းမှုန့် ကြက်သွန်ဖြူ ကြက်သွန်နီး စပါးလင်တို့ကို ထည့်ပြီးဆီသတ်ပေးပါ
  • အားလုံးနွမ်းသွားပါက ပင်လယ်စာနှင့် ဆားကိုထည့်မွှေပါ
  • ပင်လယ်စာများ အရောင်ပြောင်းသွားပါက သံပုရာရည် ညှစ်ထည့်ကာ အုန်းနို့အနှစ်ကို ထဲ့မွှေပေးပြီး ရေထပ်မထည့်ဘဲ ပင်လယ်စာမှ ထွက်လာသောအရည် ဟင်းရည်ခမ်းအောင်တည်ပေးပါ
  • ရေခမ်းပြီး ဆီပြန်လာပါက အရသာမြည်းပြီး မီပိတ်ပေးပါ။





No comments:

Post a Comment