Sunday 12 April 2015

Bread Crumbs ငါးကြော်









ဒီနေ့ ကြော်စားဖြစ်တဲ့ ငါးကြော်လေးပါ ဘာဆာငါးကို ငါးဆုတ်လုပ်ပြီး စားရတာ ရိုးလာတော့ Bread Crumbs အမှုန့်နဲ့တမျိုးပြောင်းပြီး ကြော်စားဖြစ်ပြန်ပါတယ်။

 ကြွတ်ကြွတ်မွှေးမွှေးလေးမို့ စားရတာ အင်မတန် ကောင်းပါတယ် အပြောင်းအလဲလေးလဲ ဖြစ်ရလေအောင် မာမာပြင်ဆင်တဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ဘာဆာငါးတပြား  - 300 g
  2. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  3. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  4. Bread Crumbs - လက်ဖက်ရည်ပန်းကန်လုံး တစ်လုံး
  5. ဆီ - လိုသလောက်သုံးပါ
ပြင်ဆင်ပုံ


  • ငါးပြားကို paper towel နှင့် ရေခြောက်အောင်သုတ်ပေးပြီး လက်၂လုံးစာလောက် အထူလှီးပေးပါ
  • ပြီးတာနဲ့ ငါးကို ဆားနှင့် အရသာမှုန့်ထည့်ကာ ခပ်ဖွဖွ နယ်ပေးပါ
  • Bread Crumbs အမှုန့်ထဲမှာ ခပ်ဖွဖွကပ်ပေးပါ
  • အဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲ ဆီထည့်ကာ ဆီကို မီးအပူပေးပါ 
  • ဆီပူလာပါက မီးအနည်းငယ် လျော့ပြီးမှ ငါးကိုတစ်တုံးချင်း ထည့်ကြော်ပေးပါ
  • ငါးောကာ် အကျက်ညီစေရန် မကြာမကြာ လှည့်လှည့်ပေးပါ
  • ငါးကြော် တခုလုံး ရွှေဝါရောင်သန်းလာပါ ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက မိမိနှစ်သက်သလို ဒီအတိုင်းသော်လည်းကောင်း ထမင်းပူပူလေးနဲ့သော်လည်းကောင်း သုံးဆောင်နိုင်ရန် စားပွဲပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment