Friday, 4 December 2020

ပုဇွန်ထောင်းဆုတ်ကြော်









ဒီနေ့တော့ ပုဇွန်လတ်လတ်ဆတ်ဆတ်လေးတွေ ဝယ်လာပြီး ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့ ပုဇွန်ထောင်း ဆုတ်ကြော်လေး ကြော်ဖြစ်ပါတယ် အရသာ ရှိလွန်းပြီး စားလို့ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. ပုဇွန်ခေါင်းချိုး - 400 g
  2. ကြက်သွန်နီ - အနေတော် တစ်လုံး
  3. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  4. အကြော်မှုန့် - ထမင်းစားဇွန်း သုံးဇွန်း မောက်မောက်
  5. ဆား  - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  6. နံနံပင် - အနည်းငယ်
  7. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  8. ဆီ - လိုသလောက် သုံပေးပါ

ပြင်ဆင်ပုံ
  • ပုဇြန္ကို အခြံခြာ အမြှီးဖြုတ် ခေါင်းဖြုတ်ပြီး ကြောဖက်မှ အမဲကြောင်းကို ဖယ်ပေးပါ
  • အားလုံးပြီးလျှင် ရေတစ်ထပ်ဆေးပြီး ရေစစ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • နံနံပင်ကို ရေဆေးပြီး ခပ်ကြမ်းကြမ်း လှီးထားပါ
  • ပုဇွန်ရေစစ်ပါက ဆား နနွင်းမှုန်နှင့် အရသာမှုန့်တို့ထည့်ကာ နယ်ထားပါ
  • ငရုတ်ဆုံထဲမှာ ပုဇွန် ကြက်သွန်နီနှင့် အကြော်မှုန့်တို့ကို ထည့်ပြီး အရသာ သမသွားအောင် ထောင်းပေးပါ
  • ထောင်းလို့ပြီးပါက နံနံပင်နှင့် ရောနယ်ပေးကာ ရေခဲသေတ္တာ မခဲတဲ့ အကန့်ထဲမှာ နှစ်နာရီလောက် နှပ်ထားပေးပါ
  • နှပ်ထားချိန် ပြည့်တာနဲ့ ပုဇွန်ထောင်းတာကို ထမင်းစားဇွန်း တစ်ဇွန်းစာယူပြီး ဆုတ်ကာလုံးပေးပါ
  • ဆီကိုအပူပေးပြီး ဆီပူလာပါက လုံးထားသော ပုဇွန်လုံးကို မထည့်ခင် မီးကို အနေတော် ပြန်လျှော့ပေးပြီးမှ ပုဇွန်လုံးကို ထည့်ကြော်ပါ
  • တစ်ဖက်ကျက်တာနဲ့ နောက်တစ်ဖက်လှန်ပြီး ဆက်ကြော်ပေးပါ
  • နှစ်ဖက်လုံး ရွှေဝါရောင် သန်းပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက  ဆလတ်ရွက် နှစ်သက်ရာ အချဉ်နဲ့ တွဲဖက်ပြီး စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

Thursday, 3 December 2020

ကြက်ဥ အစာသွပ်




တစ်ခါတလေကျ အစားအသောက် တစ်ခုကို အမြဲတမ်း စားနေကျ ပုံစံအတိုင်း စားနေရတာထက် ပုံစံတစ်မျိုးလေး ခွဲထွက်ပြီး စားကြည့်ရတာကလဲ အရသာ ထူးထူးဆန်းဆန်းလေးတွေကို ရတတ်ပါတယ်။

ဒါကြောင့်မို့လို့ ဒီနေ့တော့ ကြက်ဥပြုပ်လေးတွေကို မြေပဲနဲ့ ငရုတ်သီး လုံးခြမ်းခွဲလေးကို ကြော်ပြီး ခပ်စိမ့်စိမ့် ခပ်စပ်စပ် ချဉ်ငံစပ် အရသာလေး ရလာအောင် လုပ်စားပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ကြက်ဥ - ငါးလုံး
  2. ငရုတ်သီး လုံးခြမ်းခွဲ - ထမင်းစားဇွန်း သုံးဇွန်း မောက်မောက်
  3. ငါးငံပြာရည် - ထမင်းစားဇွန်း နှစ်ဇွန်း
  4. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  5. မြေပဲလှော် - ထမင်းစားဇွန်း ငါးဇွန်းခန့်
  6. ဆီ - ထမင်းစားဇွန်း ငါးဇွန်း
  7. နံနံပင် - အနည်းငယ်
  8. ဂေါ်ဖီ - အနည်းငယ်
  9. သံပုရာသီး - တစ်လုံး
ပြငိဆင်ပုံ
  • အရင်ဆုံး အိုးထဲမှာ ကြက်ဥကို ရေမြုပ်အောင်ထည့်ပြီး ပွက်ပွက်ဆူအောင် ဆယ်မိနစိလောက် ပြုပ်ပေးပါ
  • ပြီးတာနဲ့ အခွံခွာထားပေးပါ
  • ပါဝင်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
  • ဂေါ်ဖီကို ခပ်ပါးပါးလေးတွေလှီးပြီး ရေဆေးကာ ရေစစ်ထားပါ
  • နံနံပင်ကို ရေဆေးထားပြီး ရေစစ်ထားပါ
  • သံပုရာသီးကို ရေဆေးပြီး အစိတ်လေးတွေ စိတ်ထားပါ
  • မြေပဲလှော်ကို မညက်တစ်ညက်လေးတွေ ထောင်းထားပါ
  • အားလုံး အဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ မီးကိုအနိမ့်ဆုံးအထိ လျှော့လိုက်ပြီးမှ ငရုတ်သီးကို ထည့်ကြော်ပေးပါ
  • ငရုတ်သီးနံ့ မွှေးလာတာနဲ့ မြေပဲ ငါးငံပြာရည်နှင့် အရသာမှုန့်တို့ကို တစ်ခါထဲ ထည့်မွှေပေးပါ
  • ငရုတ်သီးကြော်လေး ကြွတ်ပြီးမွှေးလာပြီဆိုရင် မီးပိတ်ပေးပါ
  • ကြက်ဥကို ဓါးနှင့် ခပ်စောင်းစောင်းလေး ခွဲပေးပြီး ငရုတ်သီးကြော်ကို အစာသွပ်ပေးပါ
  • ပြီးတာနဲ့ ဂေါ်ဖီ နံနံပင်နှင့် သံပုရာရည်တို့ ညှစ်ပေးကာ စားသုံးနိူင်ပါပြီရှင်။

Tuesday, 1 December 2020

ကန်စွန်းဥပေါင်း ချိုချိုလေး



ဒီနေ့တော့ ကန်စွန်းဥ ခရမ်းရောင်လေးတွေ ဝယ်လာပြီး ပေါင်းလိုက်ပါတယ် စားလို့အရမ်းကောင်းတဲ့အတွက် မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ မုန့်လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. 200 g - purple sweet potato 
  2. 1 - egg
  3. 1/2 cup - white sugar
  4. 1/2 cup - brown sugar
  5. 1/2 cup - milk
  6. 1 tsp - vanilla
  7. 1 1/2 cup - all purpose flour
  8. 1 tsp - salt
  9. 1 tsp - baking soda
  10. 1 tsp - baking powder
  11. 1 tsp - poppy seed
  12. 1/2 cup - butter

ပြင်ဆင်ပုံ
  • ထောပါတ်ခဲကို အနည်းငယ် အပူပေးပြီး အရည်ဖျော်ထားပါ
  • မုန့်ထည့်ပေါင်းမည့် ပန်းကန်လေးများကို ထောပါတ်သုတ်ပေးထားပါ
  • ပထမဦးဆုံး ကန်စွန်းဥကို အခွံခွာပြီး ဇလုံတစ်လုံးထဲထည့်ကာ ပျော့အိသွားတဲ့အထိ ပေါင်းပေးပါ
  • ပြီးတာနဲ့ ကျေညက်သွားတဲ့အထိ ချေထားပါ
  • ကန်စွန်းဥများ ကျေညက်သွားတာနဲ့ ကြက်ဥကို ဖောက်ထည့်ကာ ကန်စွန်းဥနှင့် ရောပြီး  မွှေပေးပါ
  • ပြီးတာနဲ့ သကြားအဖြူ  သကြားအညို တို့ကို ရောပြီးသကြားများ ပျော်သွားတဲ့အထိ မွှေပေးပါ
  • သကြားများ ပျော်သွားတာနဲ့ နောက်ထပ် ဇလုံတစ်လုံးထဲမှာ ဂျုံမှုန့် ဆား ဘိတ်ကင်ပေါင်ဒါနှင့် ဘိတ်ကင်ဆိုဒါတို့ကို ရောပြီးမွှေပေးပါ
  • ပြီးတာနဲ့ ကန်စွန်းဥ ဇလုံအပေါ်မှာ ဇကာခံပြီး ဂျုံ မှုန့်များကို စစ်ချပြီး ထည့်ပေးပါ
  • ဂျုံမှုန့်ထည့်ပြီးတာနဲ့ မုန့်နှစ်သမသွားအောင် မွှေတံဖြင့် မွှေပေးပါ
  • ပြီးတာနဲ့ မုန့်နှစ်များကို ထောပါတ်ဆီ သုတ်ပေးထားသော ပန်းကန်လေးတွေထဲကို ပန်းကန်တစ်၀က် သာသာလောက် လိုက်ထည့်ပေးပါ
  • မုန့်နှစ်များ ထည့်ပေးပြီးတာနဲ့ အပေါ်ယံမှ ဘိန်းစေ့လေးများကို လိုက်ဖြူးပေးပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပေါင်းအိုးအောက်ခံ အိုးထဲကို ပေါင်းခံခုံကို ထိတယ်ဆိုရုံလေး ရေထည့်ပေးပါ
  • ရေထဲမှာ ပေါင်းခံကို ထည့်ပေးပြီးတာနဲ့ ခုံပေါ်မှာ ဇကာခံပြီး အိုးဆန့်သလောက် ပန်းကန်လေးတွေ ထည့်ပေးပါ
  • ပေါင်းအိုးကို အဖုံးလုံအောင်အုပ်ပြီး steam ခလုတ်ကို နှိပ်ပေးကာ ၁၅မိနစ် ပေါင်းပေးပါ
  • မုန့်ပေါင်းချိန် ပြည့်တာနဲ့ အိုးထဲမွ လေတွေကုန်အောင် အကုန်ထုတ်ပေပြီးမှ အိုးအဖုံးကို ဖွင့်ပေးပါ
  • ပေါင်းအိုးထဲမှာ လေများကျန်နေပါက အဖုံးဖွင့်တဲ့အခါမှာ ပေါက်ကွဲပြီး လူကိုအပူလောင်စေပါတယ်
  • ပေါင်းအိုးထဲမှ ကန်စွန်းဥပေါင်း ပန်းကန်လေးတွေကို အိုးအပြင်ကို ထုတ်ပေးပြီး စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Sunday, 29 November 2020

သာကူပေါင်း ချိုချိုလေး













ဒီနေ့တော့ သာကူပေါင်းလေးတွေ လုပ်စားဖြစ်ပါတယ် စားလို့ကောင်းလွန်းတဲ့ သာကူပေါင်း မုန့်လေး ဖြစ်တဲ့အတွက် မာမာပြင်ဆက်ပြီး လုပ်ထားတဲ့ မုန့်လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. သာကူ - 100 g (သာကူအဖြူရောင်အတွက်)
  2. ရေ - 80 ml (သာကူကျိုရန်)
  3. သကြား -70 g (သာကူကျိုတဲ့အထဲထည့်ရန်)
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် (သာကူကျိုတဲ့အထဲထည့်ရန်)
  5. အုန်းသီးခြစ်ပြီးသား - 60 g (အုန်းယိုထိုးရန်)
  6. ထန်းလျှက်ခဲ - 250 g (အုန်းယိုထိုးရန်)
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် (အုန်းယိုထိုးရန်)
  8. ရေ - 70 ml (အုန်းယိုထိုးရန်)
  9. Purple food colouring - လက်ဖက်ရည်ဇွန်း ခြောက်ပုံတစ်ပုံ(သာကူကျိုတဲ့အထဲထည့်ရန်)
  10. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက် (သာကူကျိုတဲ့အထဲထည့်ရန်)
  11. ရေ - 80 ml (သာကူခရမ်းရောင် ကျိုရန်)
  12. သာကူ - 100 g (သာကူခရမ်းရောင်ကျိုရန်)
ပြင်ဆင်ပုံ
  • အရင်ဆုံး အိုးထဲမှာ ဆား ထန်းလျှက်ခဲနှင့် ရေထည့်ပြီး ထန်းလျှက်ခဲများ ပျော်အောင် ကျိုပေးပါ
  • ထန်းလျှက်ခဲ အရည်ပျော်လာတာနဲ့ အမှိုက်နှင့်သဲများ မပါအောင် ပိတ်စပါးပါးလေးနှင့် စစ်ပေးပါ
  • အမှိုက်များ စစ်ပြီး တာနဲ့ ထန်းလျှက်ရည်ကို အိုးသန့်သန့် တစ်လုံးထဲ ပြန်ထည့်ပြီး ပွက်ပွက်ဆူအောင် ကျိုပေးပါ
  • ထန်းလျှက်ရည် ဆူလာတာနဲ့ အုန်းသီးများ ထည့်ပေးပြီး မွှေပေးပါ
  • ထန်းလျှက်ရည် ခမ်းလာတာနဲ့ မီးဖိုပေါ်မှ ဖယ်ပေးပြီး အအေးခံပေးပါ
သာကူကျိုပုံ
  • အရင်ဆုံး အိုးတစ်လုံးထဲမှာ ဆား သကြား ရေနှင့်သာကူကိုထည့်ပြီး သာကူများ မျက်စေ့ပျောက်လာတဲ့အထိ ကျိုပေးပါ
  • သာကူစေ့များ မျက်စေ့ပျောက်လာတာနဲ့ ဇကာတစ်ခုထဲ သွန်ချပြီး ရေများ စစ်ထားပါ
  • နောက်ထပ်အိုးတစ်လုံးထဲမှာ ဆား ရေ food colouring နှင့် သာကူစေ့များထည့်ပြီး ကျိုပေးပါ
  • သာကူစေ့များ မျက်စေ့ပျောက်လာတာနဲ့ ဇကာတစ်ခုထဲ သွန်ချအပြီး ရေစစ်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပေါင်းမည့်ပန်းကန်လေးတွေကို ထောပါတ်ဆီ လိုက်သုတ်ပေးပါ
  • အရင်ဆုံး ပန်းကန်ထဲကို ခရမ်းရောင် သာကူစေ့လေးတွေ တစ်ဝက်မရှိ တစ်ရှိဆီ လိုက်ထည့်ပေးပါ
  • ပေါင်းအိုးထဲကို ပေါင်းခံခုံ မမြုပ်အောင် ရေထည့်ပေးပါ
  • ပြီးတာနဲ့ ပေါင်းခံခုံအပေါ်ကို ဇကာတင်ပြီး ထိုဇကာထဲကို သာကူပန်းပန်လေးတွေ ထည့်ပေးကာ အိုးအဖုံးအုပ်ပေးပါ
  • ပေါင်းမည့်ခလုတ်ကို နှိပ်ပေးပြီး အရင်ဆုံး ဆယ်မိနစ် ပေါင်းပေးပါ
  • ဆယ်မိနစ်ပြည့်တာနဲ့ အိုးအဖုံးကို ပြန်ဖွင့်ပြီး အုန်းယိုတစ်ထပ် သာကူအဖြူရောင် တစ်ထပ်ထပ်ထည့်ပေးပါ
  • ပြီးတာနဲ့ သာကူပန်းကန်ထဲ ပေါင်းရည်များ မဝင်စေရန် clean wrap နှင့် လိုက်အုပ်ပေးပါ
  • အဆင်သင့် ဖြစ်တာနဲ့ ပေါင်းအိုးထဲကို ရေအနည်းငယ် ထပ်ထည့်ပေးပြီး သာကူပန်းကန်လေးများကို ပြန်ထည့်ပြီး အိုးအဖုံးကို အုပ်ပေးကာ ဆယ်မိနစ် ထပ်ပေါင်းပေးပါ
  • ဆယ်မိနစ် ပြည့်တာနဲ့ အိုးအဖုံး ဖွင့်ပေးပြီး ပေါင်းအိုးထဲမှ လေများကုန်အောင် ထုတ်ပေးပြီးမှ  သာကူကန်လေးများကို အပြင်ထုတ်ပေးပါ
  • သာကူပန်းကန်ရဲ့ ဘေးပါတ်ပါတ်လည်ကို ဓါးဦးချွန်လေးနှင့် လိုက်ထိုးပြီး ခွာပေးပါ
  • ပြီးတာနဲ့ ပန်းကန်ပြားထဲကို မှောက်ချပေးပြီး သာကူပေါင်း မုန့်လေးများကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Saturday, 28 November 2020

​ချဉ်ငံစပ် ကြက်ခြေထောက်ထောင်း



ဒီနေ့တော့ သင်္ဘောသီး ကြက်ခြေထောက်လေးတွေ ဝယ်လာပြီး ဆေးကြောသန့်စင်ကာ ကျက်နေအောင်ပြုပ်ပြီး ချဉ်ငံစပ်လေး ထောင်းစားဖြ စ်ပါတယ်။


နေ့လည်နေ့ခင်းဆို တစ်ယောက်ထဲဆိုတော့ တစ်ခါတစ်ရံ အစားလေး တစ်ခုခု လုပ်စားပြီး အပျင်းဖြေရတဲ့ ရက်လေးတွေလဲ ရှိတတ်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ထောင်းထားတဲ့ ကြက်ခြေထောက် ထောင်း နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါဝင်ပစ္စည်းများ
  1. ပြုပ်ပြီးသာ ကြက်ခြေထောက် - ဆယ်ချောင်း
  2. ငါးငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  3. ယိုးဒယား ငါးပိရည် - ထမင်းစားဇွန်း တစ်ဇွန်း
  4. ယိုးဒယား ပုဇွန်ငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  5. ယိုးဒယား ဂဏန်းငံပြာရည် - ထမင်းစားဇွန်း တစ်ဇွန်း
  6. သံပုရာသီး - တစ်လုံး
  7. ထန်းလျှက်ခဲ - အနေတော် တစ်ခဲ
  8. ကြက်သွန်ဖြူ - အမွှာကြီးကြီး ငါးမွှာ
  9. ငရုတ်သီး အခြောက်တောင့် - ငါးတောင့်ခန့်
  10. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
ပြင်ဆင်ပုံ
  • ပါဝင်ပစ္စည်းများ အားလုံးကို အဆင်သင့် ပြင်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • သံပုရာသီးကို ရေဆေးပြီး အစိတ်လေးတွေ လှီးထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ ထန်းလျှက်ခဲ  ကြက်သွန်ဖြူနှင့် ငရုတ်သီးတောင့်တို့ကို ထည့်ထောင်းပေးပါ
  • မညက်တစ်ညက် အနေအထားလေး ရလာတာနဲ့ အရသာမှုန့် သုံးရမဲ့ ငါးပိရည်နှင့် ငံပြာရ ည်တွေကို ထည့်ပေးပြီး ဇွန်းနှင့်မွှေပေးပါ
  • ပြီးတာနဲ့ သံပုရည်ညှစ်ထည့်ကာ ပြုပ်ထားသော ကြက်ခြေထောက်များကို ထည့်မွှေပေးပါ
  • အားလုံးအရသာ သမသွားတာနဲ့ အရသာကို မြည်းပေးပြီး ချိုချဉ်ငံစပ် အရသာကို မြည်းပေးကာ လိုအပ်တာကို မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • မိမိစိတ်ကြိုက် အရသာ ရလာပြီ ဆိုရင်တော့ ချဉ်ငံစပ် ကြက်ခြေထောက်ထောင်းလေးကို စားသုံးရန်  ပြင်ဆင်ပေးနိူင်ပါပြီရှင်။

Friday, 27 November 2020

အောင်ဗလမုန့်










ဒီနေ့တော့ အောင်ဗလမုန့်လေး လုပ်စားဖြစ်ပါတယ် တစ်ချို့က အောင်ဗလမုန့်နဲ့ အောင်ဗလကြော်ကို အတူတူဘဲလို့ ထင်တတ်ကြပါတယ် အောင်ဗလမုန့်က ကြက်စားဥနဲ့ မုန့်ရည်ဖောက်ပြီးမှ မုန့်တစ်မျိုး။

စားလို့ကောင်းလွန်းတဲ့အတွက် မာမာပြင်ဆင်ပြီး လုပ်ထားတဲ့ မုန့် လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ဆန်မှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး နှစ်ဗူး
  2. ကောက်ညှင်းမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဝက်
  3. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးခွဲ
  4. ကြက်ဥ - နှစ်လုံး
  5. ဆိုဒါ - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. သကြား - ထမင်းစားဇွန်း ၇ဇွန်း
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. ထောပါတ် - လိုသလောက်သုံးပေးပါ
  9. nan stick pan - အိုးအသေး တစ်လုံး
ပြင်ဆင်ပုံ
  • ဇလုံတစ်လုံထဲမှာ ဆန်မှုန့် ကောက်ညှင်းမှုန့် ဆား သကြား ဆိုဒါတို့ထည့်ပြီး သမအောင် မွှေပေးပါ
  • ပြီးတာနဲ့ ရေထည့်ပြီး မွှေတံဖြင့် အားလုံးကျေသွားပြီး သမသွားအောင် ဖျော်ပေးပါ
  • အမှုန့်များ ကျေသွားတာနဲ့ ကြက်ဥကို ဖောက်ထည့်ပြီး မွှေပေးပါ
  • အားလုံး အရသာ သမသွားတာနဲ့ အဖုံးအုပ်ပြီး ရေခဲသေတ္တာ မခဲတဲ့ အကန့်ထဲမှာ ငါးနာရီလောက် ထားပေးပါ
  • မုန့်ရည်နှပ်ထားတာ ရပြီဆိုတာနဲ့ အပြင်ကို ထုတ်ပေးပြီး မုန့်လုပ်ဖို့ ပြင်ဆင်ပါ
  • ဒယ်အိုးထဲမှာ ထောပါတ်ခဲ ထမင်းစားဇွန်း တစ်ဇွန်းစာထည့်ပြီး ပျော်သွားအောင် မီးအနေတော်နှင့် အပူပေးပါ
  • ထောပါတ်ခဲ ပျော်သွားတာနဲ့ မုန့်ရည်ကို ယောက်ချိုဇွန်းနှင့် မွှေပြီးမှ တစ်ဇွန်းစာ ခပ်ပြီး အိုးထဲကို ထည့်ပေးပါ
  • ပြီးတာနဲ့ အဖုံးအုပ်ပြီး နှစ်မိနစ်လောက် ထားပေးပါ
  • နှစ်မိနစ် ပြည့်တာနဲ့ အဖုံးဖွင့်ပြီး နောက်တစ်ဖက်ကို လှန်ပေးပါ
  • ရွှေညိုရောင်လေး သန်းလာတာနဲ့ ဆယ်ပြီးပေးပါ
  • အထက်ပါ နည်းအတိုင်း မုန့်ရည်ကုန်တဲ့အထိ လုပ်ပေးပါ
  • မုန့်အားလုံး လုပ်ပေးပြီးတာနဲ့ အောင်ဗလမုန့် စိမ့်စိ မ့်လေးကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

Thursday, 26 November 2020

ချဉ်ငံစပ် ပဲပင်ပေါက်ပဲပြားသုပ်

 



ဒီနေ့တော့ ချဉ်ငံစပ် ပဲပြားနဲ့ ပဲပင်ပေါက်လေးကို သုပ်စားဖြစ်ပါတယ် ထမင်းပူပူလေးနဲ့ အရမ်းလိုက်ဖက်လွန်းလို့ မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ပဲပင်ပေါက် တစ်ဆယ်သား
  2. ပဲပြား အနေတော် တစ်တုံး
  3. မန်ကျည်းသီးမှည့် ထမင်းစားဇွန်း တစ်ဇွန်း
  4. ငါးငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  5. ပဲအကျက်မှုန့် ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  6. ငရုတ်သီးအကျက်မှုန့် မိမိနှစ်သက်သလောက်
  7. ​ကြက်သွန်ဖြူဆီချက် ထမင်းစားဇွန်း နှစ်ဇွန်း
  8. အရသာမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  9. နံနံပင် မိမိနှစ်သက်သလောက်
  10. ကြ က်သွန်နီ အနေတော် တစ်လုံး

ပြင်ဆင်ပုံ
  • ပဲပင်ပေါက်ကို ရေဆေးပြီး ရေနွေးဆူဆူမှာ နှစ်မိနစ်ခန့် စိမ်ပေးပြီး ရေနွေးသွန်ကာ ရေစစ်ထားပါ
  • ပဲပြားကို ရေဆေးပြီး အပေါ်ယံကြော တင်းလာအောင် ကြော်ပေးကာ မထူမပါးလေးတွေ လှီးထားပါ
  • နံနံပင်ကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါးလေးတွေ လှီးထားပါ
  • မန်ကျည်းသီးမှ ည့်ကို ရေဆေးပြီး ရေနွေးပူပူ လက်ဖက်ရည် ပန်းကန်လုံး တစ်ဝက်သာသာနှင့် စိမ်ထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ ကျန်ပါဝင်ပစ္စည်းများကို ပြင်ထားပါ
  • ပြီးတာနဲ့ ဇလုံတစ်လုံးထဲမှာ ပဲပင်ပေါက် ပဲပြား ကြက်သွန်နီ နံနံပင် အရသာမှုန့် ငါးငံပြာရည် ပဲအကျက်မှုန့် ငရုတ်သီး အကျက်မှုန့်နှင့် မန်ကျည်းသီးမှည့်ရည် ထမင်းစားဇွန်း တစ်ဇွန်းစာလောက်ကို ထည့်ပေးပါ
  • အားလုံးထည့်ပြီးတာနဲ့ အရသာ သမအောင် နယ်ပေးပါ
  • အရသာ နယ်ပြီးပြီးတာနဲ့ မြည်းကြည့်ကာ လိုအပ်တဲ့ ချိုချဉ်ငံစပ်အရသာကို ပြင်ပေးပါ
  • ပြီးတာနဲ့ ချဉ်ငံစပ် ပဲပင်ပေါက် ပဲပြားသုပ်လေးကို စားသုံးရန် ပြင္ပေးနိူင်ပါပြီ။