Saturday, 20 January 2018

ငါးနံမည်များ

ငါးခူ

ငါးပုံများနှင့် ငါးနံမည်များကို ယူသုံးမိသော website များကိုလဲ ကျေးဇူးအထူးတင်ပါကြောင်း အရင်ဆုံး ပြောကြားလိုက်ပါတယ်ရှင်။ (Source:http://gocseafood.com/home)

ငါးနံမည်လေးတွေ လာလာမေးကြလွန်းလို့ အလုပ်မအားပေမဲ့ google မှာ ရှာပြီး တင်ပေးလိုက်ပါတယ်  ငါးပုံများနဲ့ ငါးနံမည်များကို ယူသုံးမိသော website များကိုလဲ ကျေးဇူးအထူး တင်ပါကြောင်းနှင့် မိမိရဲ့  ကိုယ်ကျိုးစီးပွား တစိုးတစမှ မပါဘဲ မသိသေးသော သူများအား ဗဟုသုတ ရစေရန် စေတနာထားပြီး မျှဝေခြင်း ဖြစ်သောကြောင့် ကူးယူဖော်ပြခွင့် ပေးတဲ့အတွက်လည်း ကျေးဇူးအထူး တင်မိပါကြောင်း ပြောကြားလိုက်ပါတယ်ရှင်။ (Source: http://gocseafood.com/home) နှင့်( အခြား websiteများအားလုံး)

ဒီ album လေး ဖြစ်မြောက်ဖို့အတွက် အတတ်နိုင်ဆုံး ငါးနံမည်များကို ဘာသာပြန်ပေးထားပါတယ် တနေရာနှင့်တနေရာ ဒေသတခုနှင့်တခု အခေါ်အဝေါ်များ မတူနိုင်သောကြောင့် အမှားအယွင်းများလည်း ပါနိုင်ပါတယ် သို့ပါသော်လည်း ငါးနံမည် အခေါ်အဝေါ်များ မှားယွင်းခဲ့ပါက ကော်မန့်တွင် ရေးပေးခြင်းဖြင့် ကူညီနီူင်ပါတယ်။


Rosy Jew fish - သင်ဖြူ

sccobranch catfish, scorpion cat fish - ငါးကျည်း

striped snakehead - ငါးရံ့ 

ငါးခူ

Sea cucumber - ပြည်ကြီးမျှော့ (သို့) ပင်လယ်မျှော့


striped dwarf cat fish - ငါးဇင်ရိုင်း 

river cat fish - မြစ်ငါးဇင်ရိုင်း



big eye ilisha - ငါးဇင်းပြား


yellow croaker - သင်ဝါ

big - head pennah croaker - ငါးခေါင်းပွ


catla - ငါးသိုင်းခေါင်းပွ( ရေချို)

catla  fish- ငါးခေါင်းပွ

giant sea perch; Bectic - ကကူရံ(ငါးလက်ခွာ)

humpback red snapper - ငါးပါးနီ 

hilsa fish - ငါးသလောက် 

toli shad - ငါးသလောက်ယောက်ဖ 


blotched tiger toothed croaker - နတ်ကတော်ငါး

belangeri croaker - ရေငံ ငါးပုတ်သင်

soldier croaker - ရေချို ငါးပုတ်သင်

ငါးပုဏ္ဏား


king fish; tasselfish - ကဘီလူး 



ငါးဖယ်အောင်း 

rake gilled mackerel




indo - pacific spanish mackerel - ငါးကွမ်းရှပ်

false trevally - ငါးတီး

black banded treavelly - ငါးထောပါတ်

Japanese threadfin bream - ရွှေငါး

snapper - ငါးပါးနီ

red-eyed hudgeon - ငါးမျက်ဆန်နီ 



gaint seabass - ကပ်ကတစ်

gaint sea perch - ကပ်သဘောင်း


gaint cat fish - ငါးယောင်

white pomfret - ငါးမုတ်ဖြူ

Chinese pomfret - အုန်းငါးမုတ်


black pomfret - ငါးမုတ်မည်း

flounder fish - 

clown fish

seal fish - ဖျံ

seahorse - ရေမြင်း

marlin fish

hamer fish

shark - ငါးမန်း 

shark's fin - ငါးမန်းတောင် 

whale - ဝေလငါး

blue fin tuna- ငါးကျီးကန်း

hilsa shad- ငါးသလောက်

grouper - ကျောက်ငါး

brown triple tail - ပင်လယ်ငါးပြေမ

climbing perch - ရေချို ငါးပြေမ 



Indian tassel fish - ကံ့ကူရန်

large head hairtail - ငါးတံခွန်

small head ribbon fish - ငါးတံခွန်

lady fish - ငါးနီတူ

dorab wolf herring - ငါးဓါးလွယ်

Indian pike conger - ငါးရွှေ

eel - ငါးရှဉ့် 

long-finned eel; level finned eel - ငါးလင်ပန်း 

yellow pike-conger - ငါးရွှေ 

loach - ငါးသလဲထိုး

basa fish -မွေးမြူရေး ငါးတန်

မြစ်ငါးတန်

bummalo - ငါးနှပ် (အာဗြဲခြောက်လုပ်သည့်ငါး)

Barbus apogon Barb - ငါးခုံးမ

rohu fish - ငါးမြစ်ချင်း 

rohita carp fish - ငါးသိုင်းခေါင်းပွ

mrigal - ငါးကြင်း 

ငါးသေတာငါး

ကြယ်ငါး



commerson's anchovy - ငါးနီတူ

whisker sheatfish; silvery catfish - ငါးနုသန်း


largehead hairtail - ငါးတန်ခွန်

mekong giant catfish - ငါးမြင်း 

Puffer fish (or) Globe fish (or) fugu - ငါးပူတင်း

Stingray - ငါးလိပ်ကျောက်

tongue sole - ငါးခွေးလျှာ 

  • ၽြR fish
  • ငင

Thursday, 18 January 2018

အမဲသား အာလူးဟင်း



ဒီတစ်ခါတော့ အမဲသားအာလူး ချက်နည်းလေး မျှဝေလိုက်ပါတယ် အမဲသား အာလူးဟင်းက ဆီလည်ရေလည်လေး ချက်ရင်တော့ အင်မတန်မှ စားလို့ကောင်းပါတယ် ထမင်းပူပူလေးနဲ့ အရမ်းလိုက်ဖက်ပြီး ထမင်းမြိန်စေတဲ့ ဟင်းတစ်မယ်မို့ လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. အမဲသား အသားကောင်းကောင်း - 400 g
  2. အာလူး - အနေတော် သုံးလုံး
  3. ကြက်သွန်နီ - အနေတော် တစ်ဥ
  4. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  5. ချင်း - လက်တစ်ဆစ်ခန့်
  6. စပါးလင်အနု - နှစ်လက်မခန့်
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း ( တစ်ဝက်ကို အရသာနယ်ပါ )
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  9. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း (တစ်ဝက်ကို အမဲသား အရသာနယ်ပါ)
  10. ငရုတ်သီးအရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း မောက်မောက်
  11. ပျဉ်းတော်သိမ်းရွက် - နှစ်ခက်ခန့်
  12. ဆီ - ထမင်းစားဇွန်း ခွန်နှစ်ဇွန်း

ပြင်ဆင်ပုံ
  • အမဲသားတုံးကို အတုံးလိုက် ရေဆေးပြီးမှ အနေတော်လေးတွေ တုံးထားပါ
  • တုံးထားသော အသားများကို နနွင်းမှုန့် ဆား အချိုမှုန့်တို့နှင့် နယ်ပြီးနှပ်ထားပါ
  • ချင်း စပါးလင် ကြက်သွန်ဖြူ  ကြက်သွန်နီတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ်သီးမှုန့်နှင့် ရောပြီး ညက်နေအောင် ထောင်းထားပါ
  • အာလူးကို အခွံခွာပြီး အနေတော် တုံးပေးပြီး ရေစင်အောင်ဆေး၍ ရေစိမ်ထားပါ
  • ပျဉ်းတော်သိမ်းရွက်ကို ရေဆေးထားပါ
  • အိုးတစ်လုံးထဲမှာ ဆီထည့်ပြီး အပူပေးပါ ဆီပူလာတာနဲ့ ငရုတ်သီးထောင်းကို ထည့်မွှေပြီး ဆီသတ်ပေးပါ
  • ငရုတ်သီးနံ့ သင်းလာတာနဲ့ အမဲသား အရသာနယ်ကိုထည့်ကာ အသားများ မာလာအောင် ဆီသတ်ပြီး ချက်ပေးပါ
  • ဆီသတ်နေစဉ် ရေမထည့်ဘဲ အသားမှ ထွက်လာသော ရေခမ်းလာအောင် အဖုံးအုပ်ပြီး တည်ပေးပါ
  • လုံးရေခမ်းကာနီး ဟင်းလုံးမိပြီဆိုမှ အိုးအဖုံးဖွင့်ပြီး အထက်အောက် မွှေပေးကာ ရေမြုပ်အောင်ထည့်ပြီး အသားနူးတဲ့အထိ တည်ပေးပါ
  • ပထမ တစ်ရည်လောက်နဲ့  မနူးသေးရင် ရေထပ်ထည့်ပြီး နူးတဲ့အထိ တည်ပေးပါ
  • အသားအရမ်း မနူးသေးခင် နောက်ဆုံးတစ်ကြိမ် ရေထပ်ထည့်ချိန်မှာ အာလူးကို တစ်ခါထဲ ထည့်ပေးပါ
  • အာလူးနှင့်အသား နူးပြီဆိုပါက အရသာမြည်း၍ လိုသလိုပြင်ကာ ဆီလည်ရေလည် အရည်သောက်ဆမ်းလေး ရလာတာနဲ့ ပျဉ်းတော်သိမ်းရွက် အုပ်ပေးပြီးန် မီးပိတ်ပေးပါ
  • အမဲသားအာလူး ဆီလည်ရေလည်ဟင်း မွှေးမွှေးလေးကို ထမင်းပူပူလေးနဲ့ စားသုံးရန် ပြင်ပေးနိုင်ပါပြီ။