Friday, 27 July 2012

ကြက်သားအာလူး ဆီပြန်

ကြက်သားအာလူးဆီပြန်
မာမာ့ရဲ့ဒီဟင်းချက်တဲ့ blog လေးကိုမာမာ့သမီးလေးက အကြံပေးပြီး သူတို့မောင်နှစ်မနှစ်ယောက်က မာမာ့ကိုလုပ်ပေးခဲ့တာပါ စောစောပိုင်းတုံးကတော့ မာမာ့ရဲ့တစ်နေ့တာဆိုတဲ့ နာမည်လေးနဲ့မာမာ စာတွေရေးခဲ့ပါသေးတယ် နောက်ပိုင်းတော့ မာမာစာဆက်မရေးဖြစ်တော့တာနဲ့ အဲဒီ blog လေးကို ပိတ်ထားခဲ့ပါတယ်။

အခုတော့ ဟင်းတွေချက်ရင်းနဲ့ မာမာပျော်လာခဲ့ပါပြီ လူအမျိုးမျိုးစိတ်အထွေထွေ ဆိုသလိုမျိုးပေါ့နော် တစ်ယောက်နဲ့တစ်ယောက် ဟင်းချက်ပုံစံလေးတွေက ကွာခြားကြပါတယ် မာမာကအိမ်ချက်ဟင်းလေးတွေ အဓိကထားပြီးချက်ပါတယ် ဟင်းကမချက်တတ်ခင်တော့ တော်တော်လေးပင်ပန်းတယ်လို့ထင်ရပေမဲ့ ချက်တတ်သွားရင်တော့ အရမ်းပျော်စရာကောင်းပါတယ် နောက်ပြီး တစ်မိသားစုနဲ့တစ်မိသားစုက အကြိုက်ချင်းလဲတူချင်မှတူပါလိမ့်မယ် ဒါကြောင့်ဟင်းချက်ရင် ပုံသေထားပြီး မချက်ဘဲ လိုတိုးပိုလျော့လေးတွေလုပ်ပြီး ချက်တာအကောင်းဆုံးပါ မာမာတို့မိသားစုကိုဘဲကြည့်ပါနော်။

မာမာကဟင်းဆိုစပ်မှကြိုက်တယ် မိသားစုကစပ်ရင်မကြိုက်ကြပါဘူး မာမာကငပိဆို ဘာငပိဘဲဖြစ်ဖြစ်ကြိုက်တယ် မိသားစုကငပိကိုအနံ့တောင်မကြိုက်ကြပါဘူး အဲဒီလိုအခြေအနေမျိုးမှာ ကိုယ်ကဟင်းကို ချိန်ပြီးချက်တတ်အောင် ကြိုးစားရပါတယ် အဲဒီလို ချိန်ပြီးချက်တတ်သွားရင် ကိုယ်ချက်တဲ့ဟင်းကို ကိုယ့်မိသားစုကနှစ်သက်လာပါလိမ့်မယ်။

 အဲဒီလိုအချိန်မှာ မိသားစုမိန်ရည်ယှက်ရည်စားနေတာမြင်ရရင်ကိုဘဲ ဟင်းချက်ရတဲ့သူအတွက် အရမ်းပီတိဖြစ်ရပါတယ်  ဒါကြောင့်မို့ အခုမာမာဒီblog လေးလုပ်ရင်းနဲ့ ဟင်းချက်ရတာ ဘာကြောင့်ပျော်လာလဲဆိုတာကို မာမာ့ဆီလာလည်တွေမိတ်ဆွေတွေ သိလောက်မှာပါနော်

အပြင်ကဆိုင်ကြီးတွေမှာစားရတာထက် အိမ်မှာစားရတဲ့ မိသားစုထမင်းဝိုင်းလေးက ပိုပြီးအနှစ်သာရပြည့်စုံပါတယ် ဒီနေ့တော့ မာမာကြက်သားကို
မစပ်တဲ့အရောင်တင်မှုန့်လေးနဲ့ချက်ပေးထားလို့ မိသားစုအားလုံးစားနိုင်မယ်လို့ထင်မိပါတယ် အစပ်မစားနိုင်တဲ့မိသားစုတွေအတွက် ဒီနည်းလေးအတိုင်းချက်နိုင်ပါတယ်။

ကြက်သားအာလူးဆီပြန်ချက်လေးပါ
  •  1000g drumsticks ( ကြက်ပေါင်) 
  • 10 tablespoons oil (ဆီ)
  • 4 tablespoons shredded orions (ပါးပါးလှီးထားသောကြက်သွန်နီ)
  • 1 tablespoon paste garlic (ထောင်းထားသောကြက်သွန်ဖြူ)
  • 1 teaspoon paste ginger (ထောင်းထားသောဂျင်းအနှစ် )
  • 2 talespoons paprika powder (အရောင်တင်မှုန့်)
  •  5 bay leaf (ကရဝေးရွက်)
  • 1 teaspoon fennel seed  (စမုံစပါး)
  • 7 cloves (လေးညှင်း)
  • 1 star anise (နာနတ်ပွင့်)
  • 1 cinamon stick (သစ်ဂျပိုးခေါက်)
  • 2 teaspoons salt (ဆား)
  • 1 tablespoon sugar (သကြား)
ကြက်သားနယ်ရန်
1 teaspoon salt (ဆား)
1 teaspoon chicken powder(ဟင်းချိုမှုန့်)

အာလူးနယ်ရန်
  • 1000g potatos (အခွံခွာရေဆေးပြီးခြမ်းထားသောအာလူး)
  • 1/2 teaspoon salt (ဆား)

ကြက်သားကိုဆား ဟင်းချိုမှုန့်တို့နှင့်နယ်ပေးထားပါ
ငရုတ်သီးအရောင်တင်မှုန့် ကြက်သွန်နီ ကြက်သွန်ဖြူ ချင်းထောင်း
ဟင်းခတ်အမွှေးအကြိုင်များ
အာလူးကိုဆားနှင့်နယ်ပြီးဆယ်မိနစ်လောက်ထားပြီးမှကြော်ပါ
အာလူးကြော်၍ပိုသောဆီပူမှာကြက်သွန်ဖြူနီချင်းထောင်းတို့ကို
အရင်ကြော်ပေးပါ အားလုံးနွမ်းသွားပါမှအရောင်တင်မှုန့်နှင့်ဟင်းခတ်
အမွှေးအကြိုင်များကိုထဲ့ပြီးဆီသတ်ပေးပါ
ကြက်သွန်ထောင်းများကျွတ်လာပြီးငရုတ်သီးဆီသတ်နံ့မွှေးလာမှ
ကြက်သားကိုထဲ့ပြီး ၅မိနစ်လောက်ဆီနာနာသတ်ပေးပါ
ကြက်သားမာပြီးကျစ်လာတဲ့ထိမကပ်အောင်မွှေမွှေပေးပြီးဆီသတ်ပါ
ကြက်သားမာပြီးကျစ်သွားမှဟင်းအနှစ်အရသာယူရန်ဆား ဟင်းချို
 မှုန်တို့နှင့်ရေကိုမြုပ်အောင်ထဲ့ပြီးနှစ်ရည်လောက်ခမ်းတဲ့ထိတည်ပါ
ကြက်သားနှစ်ရည်ခမ်းပါက အာလူးကိုရောပြီး ရေမမြုပ်တစ်မြုပ်ထဲ့ပြီး
ဆက်တည်ပါ
ရေခမ်းပြီးဆီပြန်လာလျှင်အပေါ့အငံမြည်ပေးပြီးမီးပိတ်ပေးပါ
ကြက်သားအာလူးဆီပြန် မွှေးမွှေးလေးရပါပြီ
ကြက်သားအာလူးဆီပြန်ဟင်းလေးပါ

Sunday, 22 July 2012

သမီးလေးလုပ်တဲ့ GOLDEN BUTTER CAKE


ဒီနေ့ ကျောင်းပိတ်ရက်လေးမှာ Butter Cake လေးလုပ်စားဖြစ်ပါတယ် အမေစားချင်တယ်ဆိုတာနဲ့ မာမာ့သမီးလေးက လုပ်ပေးပါတယ် ပြင်ဆင်ချိန်က မကြာပါဘူး ovenထဲ ထဲ့ချိန်လေးဘဲ နဲနဲကြာပါတယ်။

သူဝါသနာပါတာဆိုရင်တော့ မညီးမညူလုပ်တတ်လို့ ချစ်ဖို့ကောင်းပါတယ် မာမာ့သမီးလေးလုပ်တဲ့ မုန့်လေးရယ် မုန့်လုပ်နည်းလေးရယ်ကို ကြည့်ကြည့်ပါအုံးနော်။

လိုအပ်တာတွေက
ပထမဦးဆုံး
2 1/2 cups self-raising flour
250g butter
1 cup caster sugar
2 teaspoons vanilla essence တို့ကိုရောမွှေပေးပါ
ပထမအဆင့်ဂျုံရောနှင့်ထပ်ပြီးရောရန်ဒုတိယအဆင့်လိုအပ်တာတွေက
2 eggs 
2/3 cup milk
3 tablespoons butter


ဂျုံကိုcaster sugar ,vanilla essence,butter တို့နှင့်အရင်ဆုံးရောမွှေပေးပြီး ကြက်ဥ ထောပတ် နို့တို့နှင့်ရောမွှေပေးပါ

round cate pan ကိုဆီဖျန်းပေးထားပါ

ရောမွှေထားသောဂျုံစပ်ပြီးသားများကို round cate pan ထဲသို့လောင်းချပေးပါ

ovenထဲတွင်180° နှင့်လေးဆယ့်ငါးမိနစ်ထဲ့ပေးပါ

လေးဆယ့်ငါးမိနစ်ပြည့်လျှင်ကျက်ပါပြီ

oven ထဲကထုတ်ကာစGolden Butter cateမုန့်လေးပါ

round cake pan ထဲမှပန်းကန်ပြားပေါ်ကိုအသာသွန်ချပေးပါ

ဒါလေးကပြောင်းပြန်ပြန်လှန်ထားတာပါ

Butter Cakeလေးလှီးပြီးပါပြီရှင်အားမနာတမ်းသုံးဆောင်ကြပါနော်

Thursday, 12 July 2012

ဆိတ်အူဟင်း


ဒီနေ့တော့ အေးရှန်းဆိုင်က ဝယ်လာတဲ့ ဆိတ်အူကို ငရုတ်သီးစပ်စပ်လေးနဲ့ ချက်ထားပြီး မဆလာနိုင်နိုင်လေးနဲ့ ချက်ထားပါတယ်။

ထမင်းလဲ မိန်စေတဲ့ ဟင်းတစ်ပွဲပါဘဲ အဓိကကတော့ စိတ်အူဟင်းချက်ရင် ငံပြာရည် မထဲ့ဖို့တော့ သတိထားစေချင်ပါတယ်။

ငံပြာရည်ထဲ့ချက်ရင် အညှီနံ့ကို မထိမ်းတဲ့အပြင် ငံပြာရည်နံ့က ပိုပြီးထွက်စေပါတယ် ဒါကြောင့်မို့လို့ စိတ်အူဟင်းလေးကို ဆားလေးနဲ့ အရသာနယ်ပြီး စပါးလင်ထုထောင်းထဲ့ကာ ချက်ထားပါတယ်။

ချက်နေတဲ့ ဟင်းအိုးအဖုံး ဖွင့်လိုက်တယ်ဆိုရင်ဘဲ အရမ်းကို မွှေးပြီး စားလို့ကောင်းလွန်းတဲ့အတွက် မာမာချက်တဲ့နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဆိတ်အူ - 750 g
  2. ကြက်သွန်နီ - တစ်ခြမ်း(ငရုတ်သီးမှုန့်နှင့်ထောင်းရန်)
  3. ကြက်သွန်ဖြူ - သုံးမွှာ (                 ။                 )
  4. ချင်း - လက်တစ်ဆစ်  (                 ။                 )
  5. စပါးလင် - တစ်ပင်
  6. နနွင်းမှုန့် - အနည်းငယ်
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ဟင်းချိုမှုန့်- လက်ဖက်ရည်ဇွန်း တစ်ဝက်
  9. ငရုတ်သီးအရောင်တင်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  10. မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  11. ဆီ - လက်ဖက်ရည်ပန်းကန်လုံး - တစ်ဝက်
ပြင်ဆင်ပုံ

  1. ဆိတ်အူကို ရေစင်အောင်ဆေးပြီး တလက်မလောက် အတုံးလေးများ တုံးပေးထားပါ။
  2. ဆိတ်အူများကို ဇလုံတလုံးထဲထည့်ပြီး နနွင်မှုန့်း ဆား အချိုမှုန့်တို့နဲ့ နယ်ပြီး အရသာဝင်အောင် ၁၀မိနစ်လောက် နှပ်ထားပါ။
  3. ချင်း စပါးလင် ကြက်သွန်နီ ကြက်သွန်ဖြူတို့ကို ငရုတ်သီး အရောင်တင်မှုန့်နှင့် ရောပြီး ထောင်းထားပါ။
  4. အားလုံးအဆင်သင့်ဖြစ်ပြီဆို ဇောက်နက်သော အိုးကိုအပူပေးပြီး ဆီထည့်ပါ။
  5. ဆီပူလာတာနဲ့ ငရုတ်သီးထောင်းကို ထည့်ပြီးဆီသတ်ပါ။
  6. ဆီသတ်နံ့မွှေးလာတာနဲ့ အရသာနယ်ထားသော ဆိတ်အူများကို ထည့်ပြီးဆီသတ်ပါ။
  7. ဆိတ်အူများ မာတင်းလာမှ ရေမြုပ်အောင်ထည့်ပြီး တည်ပေးပါ။
  8. ပထမ တရည်ခမ်းပြီး နောက်တရည် ထပ်ထည့်ပြီး တည်ပေးပါ။
  9. ဆိတ်အူများ ရေမခမ်းသေးခင် အရသာမြည်းပေးပြီး လိုသလို ပြင်ပေးကာ မဆလာအုပ်ပေးပါ။
  10. ရေခမ်းပြီး ဆီပြန်တာနဲ့ ဆိတ်အူဆီပြန်ဟင်း မွှေးမွှေးလေးကို မိမိနှစ်သက်သလို စားသုံးနိုင်ပါပြီ။

Thursday, 5 July 2012

ကောက်ရိုးမှို မုန့်ညှင်းစိမ်းကြော်

မှိုမုန့်ညှင်းစိမ်းကြော်

ကောက်ရိုးမှိုနဲ့ မုန့်ညှင်းစိမ်းလေးကြော်ပါတယ်
အသီးအရွက်တွေက ကြော်ချိန်မကြာလို့ စားခါနီးမှကြော်ရင် ပိုပြီးစားလို့ကောင်းပါတယ်
နောက်ပြီး အသီးအရွက်ကြော်ရင် အိုးကိုဖုံးပြီး မကြော်တာ အကောင်းဆုံးပါ ဖုံးပြီးကြော်ရင် အရမ်းနူးကုန်ပြီး အရောင်တွေညိုကုန်ရင် စားလို့မကောင်း ဖြစ်တတ်ပါတယ်။

  • ကောက်ရိုးမှို - သုံးဆယ်သား
  • မုန့်ညှင်းစိမ်း - တစ်စီး
  • ကြက်သွန်ဖြူ - သုံးမွှာ
  • ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တဝက်မရှိတရှိ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
မုန့်ညှင်းစိမ်းကို လှီးဖြတ်ပြီး ရေဆေးပါ
ကောက်ရိုးမှိုလေးတွေကိုရေဆေးပြီးတစ်ဝက်ဆီခြမ်းပါ
 ကြက်သွန်ဖြူကို ဓါးပြားရိုက်ပေးပါ
မီးအနေတော်မှာဆီကိုအပူပေးပြီး နနွင်းမှုန့်ထဲ့ကာကြက်သွန်ဖြူကို
ဆီအရင်သတ်ပါ ပြီးလျှင်မှိုကို သုံးမိနစ်လောက်ကြော်ပေးပါ
ပြီးလျှင်မုန့်ညှင်းကိုထဲ့ကြော်ပေးပြီး ဆားနှင့်ဟင်းခတ်မှုန့်ကိုထဲ့ပေးပါ
အားလုံးကို၂မိနစ်လောက် ထပ်ကြော်ပေးပြီး
အပေါ့အငံမြည်းပြီး မီးပိတ်ပေးပါ
ဒယ်အိုးထဲမှာထားရင် အရောင်တွေ ညိုသွားတတ်လို့
ချက်ပြီးပြီးချင်းပန်းကန်ထ ပြောင်းထဲ့ပေးပါ
ကောက်ရိုးမှို မုန့်ညှင်းစိမ်းကြော်

Wednesday, 4 July 2012

သမီးလေးလုပ်တဲ့ Poppy seed Muffin

မီးမီးလေးလုပ်ထားတဲ့ Poppy seed Muffin လေးတွေပါ


သမီးလေးလုပ်တဲ့ Poppy seed Muffinလေးပါ
ဒီနေ့မာမာ့ သမီးလေးက Muffin မုန့်လေး လုပ်ချင်တယ်ဆိုတာနဲ့ ဘီဒိုတွေအံဆွဲတွေမှာ လိုတာတွေရှာရပါတယ်။

အဆင်သင့်ပါဘဲ ပစ္စည်းအစုံရှိနေတာနဲ့ သူ့ဘာသာသူဘဲ ပြင်ဆင်ပြီးမုန့်လေးကို ဖုတ်ပါတယ်
သူကျောင်းပိတ်ထားတော့ မာမာတော်တော်လေး အနားရနေလို့ ပျော်မှပျော်ပေါ့ရှင်။

နောက်ပြီး သူကငယ်သူမို့ မုန့်လုပ်ရတာ စိတ်ရှည်တယ် ကိတ်မုန့်လေးတွေလုပ်ရင်လဲ အရမ်းလှပြီး အရမ်းစားလို့ကောင်းပါတယ်။

ဒီနေ့ သမီးလေး လုပ်ထားတဲ့ Poppy seed Muffin လုပ်ပုံလေးကို အားပေးကြပါအုံးရှင်
ဆယ့်နှစ်ခုစာအတွက် ပါဝင်ရမှာတွေက
  • ဂျုံ 1 +1/3 cups
  • ကြက်ဥ 2 eggs
  • နို့ 1/2 cup
  • ထောပတ်-1/2 cup
  • သကြား 2/3 cup
  • ဆား 1/4 teaspoon
  • ဘိန်းစေ့ 2 tablespoons
  • သံပုရာသီးအခွံ 1 tablespoon
  • သံပုရာရည် 2 tablespoons
  • Baking soda 1/2 teaspoon
  • Baking powder 1 teaspoon
  • cinnamon 1 teaspoon
    Muffin ဖုတ်ဖို့လိုတာလေးတွေပါ မုန့်ဖုတ်ဖို့ပြင်နေတုံး အရင်ဦးဆုံးOvenကို 200ဒီဂရီစင်တီဂရိတ်နဲ့ နာရီဝက် ကြိုဖွင့်ထားပေးပါ
muffin ဖုတ်ဖို့ ဗန်းကို ပြင်ထားပါ
ထောပတ်ကို အပူပေးပြီး ဖျော်ထားတာပါ
ပထမ ဇလုံထဲမှာ ထောပတ်နှင့်သကြား ရောမွှထားတဲ့အထဲကို ကြက်ဥတစ်လုံး ဖောက်ပြီးမွှေထားတာပါ
သံပုရာသီးအခွံလေးတွေကို ဂျစ်လေးနဲ့ခြစ်ပြီးယူထားပါ
ဒုတိယဇလုံထဲမှာ ဂျုံကို baking powder baking soda နှင့်ဆားတို့ကိုရောပြီး သမအောင်မွှေပါတယ်




Poppy seed လေးတွေပြင်ထားပါ
ပထမနှင့်ဒုတိယဇလုံ ၂ခုပေါင်းပြီး poppy seed cinnamon သံပုရာရည်တို့ကိုထဲ့ပြီး နို့ကိုနဲနဲချင်း ထဲ့ပြီးမွှေပေးထားပါတယ်
ဗန်းထဲက ခွက်လေးတွေကို ထောပတ်သုပ်ပေးပါတယ်
ရောမွှေထားသော မုန့်နှစ်လေးများကို ခွက်တစ်ဝက်သာသာလောက်စီ ထဲ့ပေးထားပါ
Ovenထဲမှာ 200ဒီဂရီစင်တီဂရိတ်နဲ့ အပူပေးပြီး နှစ်ဆယ့်ငါးမိနစ် ထဲ့ဖုတ်ပေးပါတယ်
နှစ်ဆယ့်ငါးမိနစ် ပြည့်ရင်မုန့်သားလေးတွေ ပွတက်လာပြီး ကျက်သွားပါပြီ
Poppy seedလေးတွေနဲ့ အရမ်းလှတဲ့Muffin လေးရပါပြီ
အလွယ်တစ်ကူဘဲ ပန်းကန်ထဲကို ပြောင်းထဲ့လို့ရပါတယ်
သမီးလေး စိတ်ရှည်လက်ရှည်နဲ့ ဖုတ်ထားတဲ့ မွှေးမွှေးပွပွ အရသာကောင်းလှတဲ့
Poppy seed Muffinလေး ရပါပြီ

Monday, 2 July 2012

သမီးလေးလက်ရာ ကြက်သား ချိုချဉ်ကြော်



ဒီနေ့တော့ မာမာ့သမီးလေးရဲ့လက်ရာ ကြက်သားချိုချဉ်ကြော်လေး ပို့ခဲ့ပါပြီ သူကျောင်းပိတ်တဲ့ရက်မှာ ဟင်းချက်ချင်တယ် ဆိုတာနဲ့ အိုးသူကြီးမာမာ ဇိမ်ယူပြီး အနားယူလိုက်ပါတယ်။

သမီးလေးကYear 10 တုံးက မုန့်လုပ်နည်း ဟင်းချက်နည်းတွေကို သူဘာသာရပ်တစ်ခု အနေနဲ့ယူခဲ့လို့ ဟင်းအမျိုးပေါင်းများစွာကို သမီးလေး ချက်တတ်ပါတယ်။

မိန်းကလေးဆိုတော့လဲ အချက်အပြုပ်လေးတွေ တတ်ထားတော့ မမှားဘူးပေါ့ရှင် သူစိတ်လို လက်ရနဲ့ ချက်တဲ့ဟင်းလေးတွေက အရမ်းကောင်းပါတယ်  မာမာက ဘိုစာတွေ ဂျပန်အစာတွေ ချက်ရတာ မကျွမ်းကျင်ပေမဲ့ သမီးလေးက ကျွမ်းကျွမ်းကျင်ကျင် ချက်နိုင်ပါတယ် သူနည်းစနစ်တကျ ချက်ထားတဲ့ ဟင်းချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

လေးယောက်စာအတွက်ပါ
- 2 boneless chicken breasts(500 g)
- 1 / 2 teaspoon salt
- 1 / 2 tsp pepper
- 2 cloves garlic, mashed
- 50 gr corn flour / corn starch
- 50 gr flour
- 3 tablespoons water
- Oil, for frying
Sweet and Sour Chicken Sauce Ingredients:
- 4 tablespoons tomato sauce
- ½ onion, roughly chopped
- 2 cm ginger, crushed
- 1 carrot, cut into matchsticks
- 100 ml water
- 1 tablespoon cornstarch, dissolved in 2 tablespoons water
- ½ teaspoon salt
- 1 tsp sugar
- ½ teaspoon pepper
 ကြက်သားကြော်ရန်အတွက်
  • ကြက်ရင်ပုံသား - 500 g(တစ်စင်တီမီတာလောက်အတုံးများတုံးပါ)
  • ဆား - 1/2 teaspoon
  • ငရုတ်ကောင်း - 1/2 teaspoon(ထောင်းပေးပါ)
  • ကြက်သွန်ဖြူ - နှစ်မွှာ (ထောင်းပေးပါ)
  • ပြောင်းဖူးမှုန့် - 50 g (ရေနှင့်ဖျော်ရန်)
  • ဂျုံမှုန့် - 50 g (ရေနှင့်ဖျော်ရန်)
  • ရေ - 3 tablespoons
  • ဆီ - 3 cups (ကြက်သားကြော်ရန်)
အချဉ်ရည်အတွက်လိုတာလေးတွေက
  • ခရမ်းချဉ်သီးအချဉ် - 4 tablespoons
  • ကြက်သွန်နီ - တစ်ခြမ်း (လှီးပေးပါ)
  • ချင်း - 2 cm (လှီးပေးပါ)
  • မုံလာဥနီ - တစ်ဥ (လှီးပေးပါ)
  • ရေ - 100 ml
  • ပြောင်းဖူးမှုန့် - 1 tablespoon+ရေ-2 tablespoons(ဖျော်ပေးပါ)
  • ဆား - 1/2 teaspoon
  • သကြား - 1 teaspoon
  • ငရုတ်ကောင်းမှုန့် - 1/2 teaspoon
သမီးလေးဟင်းချက်ရင်သုံးတဲ့ ဇွန်းနဲ့ခွက်လေးပါ

ဟင်းချက်ရာတွင် လိုမည့်ပစ္စည်းများ
ခရမ်းချဉ်သီး အချဉ်ဘူးလေးထဲ့ မရိုက်မိလိုက်ပါဘူး

ဂျုံနှင့်ပြောင်းဖူးမှုန့်ကိုရေနှင့်ဖျော်ပြီး ကြက်သားကိုဆား
ငရုတ်ကောင်းကြက်သွန်ဖြူထောင်းတို့နှင့်
ရောနယ်ကာ ဂျုံဖျော်ရည်နှင့်ရောမွှေပေးပါ

မီးအနေတော်နှင့် အပူပေးထားသော ဆီပူပူမှာ
ရွှေအိုရောင်သန်းတဲ့ထိ ကြက်သားဂျုံနယ်လေးတွေကို ကြော်ပေးပါ

ရွှေအိုရောင်သန်းလာပါက ဆယ်ပြီးဆီစစ်ပေးထားပါ

အချဉ်ရည်အတွက် ကြက်သားကြော်၍ ပိုသောဆီကို
အိုးထဲမှာနဲနဲချန်ပြီး ကျန်ဆီများကို ဖယ်ပေးပါ အိုးထဲတွင်
ကျန်သောဆီအနည်းငယ်နှင့် ကြက်သွန် ချင်းတို့ကို ထဲ့ကြော်ပေးပါ

ကြက်သွန်နှင့် ချင်းနဲနဲနွမ်းပါက ခရမ်းချဉ်သီးအချဉ်ကို ထဲ့မွှေပေးပါ

ပွက်ပွက်ဆူလာပါက မုံလာဥနီကိုထဲ့ချက်ပေးပါတယ် ပြီးလျှင်ဆား
သကြားနှင့်ငရုတ်ကောင်းမှုန့်တို့ကို ထဲ့ချက်ပေးပါ

မုံလာဥနီနဲနဲနွမ်းပါက ပြောင်းဖူးမှုန့်ဖျော်ရည်ကို ထဲ့ချက်ပေးပါ

အချဉ်ရည်ပျစ်သွားပြီဆိုပါက ဆီစစ်ထားသော
ကြက်သားကြော်ကို ထဲ့မွှေပေးပါ
အရမ်းကိုအရသာရှိတဲ့ ကြက်သားကြော်လေးရပါပြီ
ဘလော့လာ မိတ်ဆွေများအတွက်ပါ