Thursday 5 July 2012

ကောက်ရိုးမှို မုန့်ညှင်းစိမ်းကြော်

မှိုမုန့်ညှင်းစိမ်းကြော်

ကောက်ရိုးမှိုနဲ့ မုန့်ညှင်းစိမ်းလေးကြော်ပါတယ်
အသီးအရွက်တွေက ကြော်ချိန်မကြာလို့ စားခါနီးမှကြော်ရင် ပိုပြီးစားလို့ကောင်းပါတယ်
နောက်ပြီး အသီးအရွက်ကြော်ရင် အိုးကိုဖုံးပြီး မကြော်တာ အကောင်းဆုံးပါ ဖုံးပြီးကြော်ရင် အရမ်းနူးကုန်ပြီး အရောင်တွေညိုကုန်ရင် စားလို့မကောင်း ဖြစ်တတ်ပါတယ်။

  • ကောက်ရိုးမှို - သုံးဆယ်သား
  • မုန့်ညှင်းစိမ်း - တစ်စီး
  • ကြက်သွန်ဖြူ - သုံးမွှာ
  • ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တဝက်မရှိတရှိ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
မုန့်ညှင်းစိမ်းကို လှီးဖြတ်ပြီး ရေဆေးပါ
ကောက်ရိုးမှိုလေးတွေကိုရေဆေးပြီးတစ်ဝက်ဆီခြမ်းပါ
 ကြက်သွန်ဖြူကို ဓါးပြားရိုက်ပေးပါ
မီးအနေတော်မှာဆီကိုအပူပေးပြီး နနွင်းမှုန့်ထဲ့ကာကြက်သွန်ဖြူကို
ဆီအရင်သတ်ပါ ပြီးလျှင်မှိုကို သုံးမိနစ်လောက်ကြော်ပေးပါ
ပြီးလျှင်မုန့်ညှင်းကိုထဲ့ကြော်ပေးပြီး ဆားနှင့်ဟင်းခတ်မှုန့်ကိုထဲ့ပေးပါ
အားလုံးကို၂မိနစ်လောက် ထပ်ကြော်ပေးပြီး
အပေါ့အငံမြည်းပြီး မီးပိတ်ပေးပါ
ဒယ်အိုးထဲမှာထားရင် အရောင်တွေ ညိုသွားတတ်လို့
ချက်ပြီးပြီးချင်းပန်းကန်ထ ပြောင်းထဲ့ပေးပါ
ကောက်ရိုးမှို မုန့်ညှင်းစိမ်းကြော်

2 comments:

  1. မမမာရေ စုက မုန်ညင်းစိမ်းကို ဟင်းရည်ချက်တာ မုန်ညင်းစိမ်းအရမ်းကြိုက်တယ် စားသွားပြီနော်

    ReplyDelete
    Replies
    1. စားနော် စု မမမာကမုန့်ညှင်းဆိုဘယ်လိုချက်ချက်အရမ်းကြိုက်လို့ခနခနချက်ဖြစ်တယ်

      Delete