Saturday 23 March 2024

ရွှေဖရုံညွန့်ကြော်ချက်

 






ဒီနေ့တော့ ရွှေဖရုံညွန့် လေးတွေ ဝယ်လာပြီး သတ်သတ်လွတ် အရန်ဟင်း တစ်မယ်အတွက် ပြင်ဆင်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး ချက်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ
  1. ရွှေဖရုံညွန့် - ဆယ်ပင်ခန့်
  2. နနွင်းမှုန့် - အနည်းငယ်
  3. နှမ်းဆီ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  4. ငရုတ်ကောင်းမှုန့် - အနည်းငယ်
  5. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  6. ရေ - ထမင်းစားဇွန်း ဆယ်ဇွန်း (အရသာစပ်ရန်)
  7. ကြက်သွန်ဖြူ - အမွှာကြီးကြီး ရှစ်မွှာ
  8. ကြက်သွန်နီ - အနေတော် တစ်လုံး
  9. ဆီ - ထမင်းစားဇွန်း နှစ်ဇွန်း 

ပြင်ဆင်ချက်ပြုပ်ပုံ
  • ရွှေဖရုံညွန့်ကို ရင့်သောနေရာမှ အကြောများ သင်ပေးကာ အနေတော် ပိုင်းဖြတ်ပေးပြီး ရေဆေးကာ ရေစစ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးပြီး ဓါးပြားရိုက်ပြီး ခပ်နုတ်နုတ်လေးတွေ လှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်တို့ထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ နုတ်နုတ်စင်းထားသော ကြက်သွန်ဖြူနှင့် ကြက်သွန်ဖြူကို ထည့်မွှေပေးပါ
  • ကြက်သွန်များ အနည်းငယ် နူးလာတာနဲ့ ရေစစ်ထားသော ရွှေဖရုံညွန့်များကို ထည့်မွှေပေးပါ
  • ပြီးတာနဲ့ နှမ်းဆီနှင့် ငရုတ်ကောင်းမှုန့်တို့ ထည့်မွှေပေးကာ ဟင်းပွဲပြင်ရန် ပန်းကန်ထဲကို ပြောင်းထည့်ပေပြီးပါက ရွှေဖရုံညွန့်ကြော်ချက် ပူပူလေးကို စားသုံးနိူင်ပါပြီ။

No comments:

Post a Comment