Friday 1 March 2024

ချဉ်ငံစပ် ကန်စွန်းရွက်ကြော်

 



မာမာ ဒီနေ့တော့ ကန်စွန်းချဉ်စပ်လး ကြော်ပါတယ် ထမင်းစားလို့ မြိန်တဲ့ အရန်ဟင်း ချက်နည်းလးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ကန်စွန်းရွက် - ဆယ်ပင်ခန့် ပါသော တစ်စည်း
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  3. ငြုပ်သီးစိမ်း - စားနိူင်သလောက်
  4. ခရမ်းချဉ်သီးဆော့ - ထမင်းစားဇွန်း တစ်ဇွန်း
  5. ရေ - ထမင်းစားဇွန်း ငါးဇွန်း
  6. ဗနီကာ - ထမင်းစားဇွန်း တစ်ဝက်
  7. ပဲငံပြာရည် အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
  8. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  9. ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
ပြင်ဆင်ပုံ
  • ကန်စွန်းပင်ကို ထက်ဝက်ခြမ်းပြီး အနေတော် ပိုင်းဖြတ်ကာ ရေဆေးပြီး ရေစစ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးပြီး မညက်တညက် ထောင်းထားပါ
  • ဇလုံတစ်လုံးထဲမှာ ခရမ်းချဉ်သီးဆော့ ရေ ဗနီကာ ပဲငံပြာရည်အကြည်နှင့် အရသာမှုန့် တို့ကို ရောဖျော်ထားပါ
  • ဒယ်အိုးထဲမှာ ဆီနှင့် နနွင်းမှုန့်ထည့်ပြီး အပူပေးပါ
  • ဆီ ပူလာတာနဲ့  ကြက်သွန်ဖြူနှင့် ငြုပ်သီးစိမ်းတို့ကိုထည့်ပြီး ကြော်ပေးပါ
  • အနည်းငယ်လေး နွမ်းလာတာနဲ့ ကန်စွန်းရွက်များကို ထည့်ကြော်ပေးပါ
  • မိနစ်ဝက်လောက် ကြော်ပြီးတာနဲ့ အရသာ စပ်ထားသော  ဆော့အရည်ကို လောင်းထည့်ပေးပါ
  • ကန်ဇွန်းရွက်များ နွမ်းလာပါက အရသာ မြည်းပေးပြီး မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပါ
  • စိတ်ကြိုက် အရသာ ရလာတာနဲ့ ထမင်းပူပူလေးနဲ့ လိုက်ဖက်လွန်းတဲ့ ချဉ်ငံစပ် ကန်စွန်းရွက်ကြော်ပူပူလေးကို စားသုံးရန် ပြင်ပေးနိူင်ပါပြီ။

No comments:

Post a Comment