Friday 30 December 2022

မာလကာသီးသုပ်



 မာမာကတော့ မာလကာသီး ပွပွကြီးတွေကို ဒီတိုင်းစားတာထက် အခုလို ခပ်စပ်စပ်လေး သုပ်စားရတာကို ပိုပြီးကြိုက်ပါတယ် ဒါကြောင့်မို့လို့ မာမာပြင်ဆင်ပြီး သုပ်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။


ပါဝင်ပစ္စည်းများ
  1. မာလကာသီး - ခပ်ကြီးကြီး နှစ်လုံး
  2. ဆား - လက်ဘက်ရည်ဇွန်း တစ်ဝက်
  3. သကြား - ထမင်းစားဇွန်း တစ်ဇွန်း
  4. ငရုတ်သီး အလှော်မှုန့် - ထမင်းစားဇွန်း တစ်ဝက်သာသာ
ပြင်ဆင်ပြုလုပ်ပုံ
  • မာလကာသီးကို ရေဆေးပြီး အခွံကို ခပ်ပါးပါး ခွာပေးပါ
  • ပြီးတာနဲ့ အစေ့များ မပါအောင် မထူမပါးလေးတွေ လှီးပေးပါ
  • ဇလုံတစ်လုံးထဲမှာ ပါဝင်ပစ္စည်းများထည့်ပြီး နယ်ပေးပါ
  • အရသာ နယ်ပြီးတာနဲ့ မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပြီးတာနဲ့ စားသုံးလို့ ရပါပြီ။

No comments:

Post a Comment